ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်း စေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၉၂)
စားမှို စိုက်ပြီးပွားစာဆွေးများကို မိုက်ခရိုဂရင်း ပျိုးပင်ပေါက်ခင်းများတွင် သုံးစွဲခြင်း (၁၃)
ခဲမြေအစားထိုး ကြီးထွားမီဒီယာအဖြစ် ကုန်ကျစရိတ်သက်သာသော ဒေသထွက် အော်ဂဲနစ်ပစ္စည်းများကို သုံးနိုင်သည်။
မိုက်ခရိုဂရင်းအထွက်ကောင်းစေရန် လွှမ်းမိုးနေသော အချက်များစွာရှိသည်။ ဘေဘီဂရင်းသည် ရက်၃ဝသားသာရှိသဖြင့် ပြန်လည်အသုံးချနိုင်သော ပလပ်စတစ်ဘူးများ၊ဖော့ဘူးများဖြင် တပိုင်တနိုင် စိုက်ပျိုးကြသည်။ အသုံးပြုသော ကြီးထွားမီဒီယာ ရွေးချယ်မှုမှန်ရန် အရေးကြီးသည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်စေရ၊ ကုန်ကျစရိတ်သက်သာရမည်။ စျေးကွက်တွင် လုံလုံလောက်လောက် ဝယ်ယူနိုင်ရမည်၊ ခဲမြေ ကြီးထွားမီဒီယာသည် အာဟာရပိုင်းဆိုင်ရာ အရည် အသွေး ကောင်းသဖြင့် အသုံးပြုများသည်။ ခဲမြေများသည် ရုပ်ပိုင်း ဓာတုပိုင်းဆိုင်ရာအရည် အသွေးကောင်းသည်။ ပေါပေါများများ ရသည်။ မိုက်ခရိုဂရင်းကြီးထွားရန်အတွက် လိုအပ်သော အာဟာရကို လုံလုံလောက်လောက်ပေးစွမ်းသည်။ ခဲမြေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းသည် မိုက်ခရိုဂရင်း စိုက်ပျိုးရေးအတွက် ရေရှည်တည်တံ့သော ပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး မေးခွန်းများထွက်ပေါ်လာသည်။ အကြောင်းရင်းကတော့ ခဲမြေသည် ပြန်လည်အသုံးပြု မရပါ။ ခဲမြေတူးဖော်သော နေရာသည် ကာဗွန်ထုတ်မှုများသည်။ ကြီးထွားမီဒီယာအဖြစ် ခဲမြေအစားထိုးခြင်းသည် ကုန်ကျစရိတ် သက်သာသော ဒေသထွက် အော်ဂဲနစ်ပစ္စည်းများကို အစားထိုး သို့မဟုတ် ဖြည်စွက်သုံးပါက ခဲမြေထုတ်သည့် နေရာအတွက် ကာဗွန်ထုတ်မှုများကို လျှော့ချသည်။ နိုင်ငံအလိုက် ကာဗွန်ထုတ်လုပ်မှုများကို လျှော့ချရန် ဥပဒေများ ထုတ်လာသည့်အတွက် ခဲမြေထုတ်သည့် နေရာသည် သတ်မှတ်ချက်များလာကာ စျေးသည်လည်း အစစမြင့်တက်လာသည်။
ရေရှည်တည်တံ့သော ပတ်ဝန်းကျင်ဖြစ်စေသည့် ကြီးထွားမီဒီယာများ လိုအပ်လာသည်။ ပြန်လည်အသုံးချနိုင်သော သဘာဝ အော်ဂဲနစ်ပစ္စည်းများသည် ကုန်ကျစရိတ်သက်သာစွာဖြင့် စျေးကွက်တွင် လုံလုံလောက်လောက်ရသည်။ ခဲမြေကြီး အစားထိုးအဖြစ် စျေးကွက်တွင် ရနိုင်သော ပစ္စည်းတစ်မျိုးမှာ မြေမဲ့မီဒီယာအုန်းခွံမျှင်ဖတ်ဖြစ်သည်။ ၁ဝဝ% အော်ဂဲနစ် ပစ္စည်းဖြစ်သည့်အတွက် အုန်းခွံမျှင်သည်ပေါ့သည်။ လေဝင်လေထွက် ကောင်းသည်။ ရေထိန်းသည်။ အုန်းခွံမျှင်ဖတ်သည် ခဲမြေပွနှင့် တွဲသုံးလျှင် ပိုကောင်းသည်။ မြေကြီးနှင့် မြေမဲ့မီဒီယာအုန်းခွံမျှင်ဖတ် သုံးခြင်းသည် မိုက်ခရိုဂရင်း အပင်ရှင်သန်ကြီးထွားမှု အကောင်းဆုံးဖြစ်သည်။ သို့ဖြစ်၍ မြေ (ခဲမြေ) နှင် အအော်ဂဲနစ် ပစ္စည်းအရောသည် အာဟာရဓာတ် ထိန်းသိမ်းနိုင်ပြီး ကုန်ကျစရိတ်ကို လျှော့ချနိုင်သည်။ အိမ်ဝန်းခြံများတွင် တပိုင်တနိုင်စိုက်သူများ၊ ဝါသနာရှင်များ၊ ကျောင်းနေကလေးများအတွက် သင်ကြားရေး အထောက်အကူပြု သင်တန်းဆရာဆရာမများ၊ စီးပွားဖြစ်စိုက်သူများက စိတ်ဝင်စားလာသည့်အတွက် ပိုမိုလွယ်ကူပြီး ကုန်ကျစရိတ် သက်သာသော မီဒီယာများသာသုံးစွဲကြသည်။
ခဲမြေနှင် အုန်းခွံမျှင်ဖတ် အခြေခံထားသော အုန်းခွံခဲမြေ

အာရူဂူလာ (မုန်ညင်း)

ပတ်ချွိုင်

မုံလာထုတ်

ပဲ နှင့် မုံလာဥ

နေကြာ

ခဲမြေနှင့် ပြန်လည်အသုံးချနိုင်သော အော်ဂဲနစ်ပစ္စည်းများ

ကြီးထွားမီဒီယာ (မြေအခြေခံ) သည် မိုက်ခရို ဂရင်း အထွက်၊ အာဟာရပိုင်းဆိုင်ရာ အရည်အသွေး ကောင်းသဖြင့် အသုံးပြုများသည်။ စက်ရုံ ထုတ်ကုန်ကြမ်း၊ ထွက်ဘေးထွက်ပစ္စည်းများမှ ပြန်လည်အသုံးချနိုင်သော သဘာဝ အော်ဂဲနစ်ပစ္စည်းများသည် ကုန်ကျစရိတ်သက်သာစွာနှင့် စျေးကွက်တွင် လုံလုံလောက်လောက် ရသည်။ ကြီးထွားမီဒီယာ အမျိုးမျိုးသည် မိုက်ခရိုဂရင်းများအတွက် အဏုဇီဝ သက်ရှိ ညစ်ညမ်းမှု အရင်းအမြစ်ဖြစ်သည်။ ကြီးထွားမီဒီယာ ရွေးချယ်မှုသည် အရေးကြီးသည်။ သို့ဖြစ်၍ အိမ်ဝင်းခြံများတွင် တပိုင်တနိုင်စိုက်သူများ၊ ဝါသနာရှင်များ ၊ ကျောင်းနေကလေးများအတွက်သင်ကြားရေး အထောက်အကူပြု သင်တန်းဆရာဆရာမများ၊ စီးပွားဖြစ်စိုက်သူများက စိတ်ဝင်စားသည်။ ပိုမိုလွယ်ကူပြီး ကုန်ကျစရိတ်သက်သာသော မီဒီယာများသာသုံးစွဲကြရန် ကြံပြုပါသည်၊
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Zar Li Chan
လွန်ခဲ့သော ၂ နှစ် ကဒီဆောင်းပါးမှာသုံးထားတဲ့ "ခဲမြေ" ဆိုတာ ဘာကိုဆိုလိုလဲသိချင်ပါတယ်ခင်ဗျ။
ဆက်စပ်မေးခွန်းများ
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 3 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 2 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 4 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 6 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024
အုန်းခွံမျှင်ဖတ်/အုံးခွံခဲမြေနဲ့ စိုက်တဲ့ မိုက်ခရိုဂရင်းများကြီးထွားမှုနှင့် အာဟာရဖြစ်မှု
23/02/2024