ဥယျာဉ်ခြံ သီးပင်စားပင်များအတွက် သစ်သားပြာ

08/12/2017 22:29 PM တွင် ayethandasoe ayethandasoe မှ ရေးသား

သစ်သားပြာ (Wood Ash) လောင်ကျွမ်းပြီး ရသောပြာ သို့မဟုတ် မီးဖိုပြာ ဟာဆိုရင် သီးနှံပင်အတွက် လိုအပ်သော အာဟာရ တွေ ပါဝင်နေပါတယ်။ ပါဝင်သော အာဟာရတွေကတော့ ပိုတက်ဆီယမ် ( Potassium) ၊ ကယ်လ်စီယမ် (Calcium) ၊ မဂ္ဂနီစီယမ် ကာဗွန်နိတ် (သို့) မဂ္ဂနီစီယမ် အောက်ဆိုဒ် ( Magnesium carbonate or oxides ) ၊ တို့ အများအပြားပါဝင်ပြီး ချဉ်သောမြေ ( acid soils ) များအား မြေချဉ်ဓာတ်ကို လျော့ချပေးသည်။ ယင်းတို့တွင် ကယ်လီစီယမ် ကာဗွန်နိတ် ( Calcium carbonate ) အဓိကပါဝင်ပြီး ( 25-45 %) ၂၅-၄၅ ရာခိုင်နှုန်းထိ ပါဝင်သည်။ ပိုတက် ၁၀ ရာခိုင်နှုန်းအောက် (> 10% of potash )၊ ဖော့စဖိတ် ၁ရာခိုင်နှုန်းအောက် ( > 1 % of Phosphate)၊ အိုင်းယွန်း (iron)၊ မန်းဂနိစ် (manganese)၊ ဇင့် (zinc)၊ ကော့ပါး(copper) စသဖြင့် အပင်အတွက် လိုအပ်သော အနည်းလို အာဟာရဓာတ်များလည်း ပါဝင်သည်။

သစ်သားများလောင်ကျွမ်းပြီး ရရှိသောပြာ (Wood Ash) အား မြေသြဇာအဖြစ် အသုံးပြုခြင်း

သစ်သားလောင်ကျွမ်းပြီး ရရှိသောပြာမှာ အပင်အတွက် လိုအပ်သော အာဟာရများစွာ ပါဝင်ပါသည်။ ဥယျာဉ်ခြံကောင်း တစ်ခုဖြစ်ရန် သစ်သားပြာကို ထည့်သွင်းအသုံးပြုရာတွင် ရရှိနိုင်သည့် အကျိုးရလဒ်နှင့် သုံးစွဲရာတွင် သတိပြုသင့်သည့် အချက်အလက်များလည်း ရှိပါသည်။

၁။ သစ်သားပြာများအား နွေအခါ ခြောက်သွေ့နေချိန်၊ အပင်စိုက်ပြီး ကောင်းစွာ ကြီးထွားမှုမရှိချိန် မြေဆီလွှာ ပိုကောင်းအောင် သုံးစွဲခြင်း။

- အပင်များ အားလုံးနီးပါးအတွက် သစ်သားပြာတွင် ပါဝင်သော ပိုတက် (Potash) သည် အကျိုး ပြုသည်။ ထို့အပြင် ပြာတွင်ပါဝင်သော အခြားဓာတ်များသည် မြေကြီးနှင့် အပင်၏ကြီးထွားမှုကို အကျိုးပြုသည်။

- ပြာသည် ထုံးကဲ့သို့ မြေကြီး၏ အချဉ်ဓာတ်( acidity) ကို လျော့ချပေးနိုင်သည်။ ချဉ်သောမြေ (acidity soil) ကို ကြိုက် နှစ်သက်သော အပင်ဖြစ်သည့် Blueberries အပင်များတွင် သစ်သားပြာများ စုပုံထည့်ပါက အပင်ဆက်လက် ကြီးထွားမှု ရပ်ဆိုင်းသွားသည်။

၂။ ပေ ၁၀ဝဝ ပတ်လည် ( 93 square m) မြေအတွက် ပေါင် ၂၀ ( 9 Kg) ၅ ပိဿာခွဲ ပမာဏရှိသော ပြာသုံးစွဲ ခြင်းဖြင့်လုံလောက်ပြီး ထည့်သွင်းပြီးချိန် မြေကြီးထဲသို့ ပျံ့နှံအောင် ထယ်ထိုးထွန်မွေပေးရမည်။

- သစ်သားပြာများ တစ်နေရာတည်း စုပုံကျရောက်နေပါက ထိုနေရာတွင် အငန်ဓာတ်များလွန်း ခြင်းဖြစ်ကာ အပင်အား ထိခိုက်စေပါသည်။

၃။ မြေဆွေးပုံများပြုလုပ်ချိန် အလွှာတိုင်းတွင် ဖြူး၍ ထည့်သွင်းပေးခြင်း၊

- ပြာ သည် မြေဆွေးပုံများပြုလုပ်သည့်အခါ အလွှာတိုင်းတွင် ထည့်သွင်းပေးခြင်းဖြင့် မြေဆွေးပုံရှိ သဘာဝပစ္စည်းများ ပြိုကွဲဆွေးမြေ့ရန်အတွက် ကူညီပေးသည်။

- သို့သော် မြေငန်စေခြင်း ( alkaline ) ဂုဏ်သတ္တိမြင့်မားစွာပါသော သစ်သားပြာကို မြေဆွေးပုံတွင် အချဉ်ဓာတ်များအားလျော့စေရန် အချဉ်ဓာတ်များသော အသီးအနှံ စွန့်ပစ်ပစ္စည်းများစွာ ပါဝင်သောမြေဆွေး ပုံအား ဆွေးမြေ့စေရန်အတွက် အဓိကထားသုံးစွဲသင့်သည်။

၄။ သစ်သားပြာများ ထည့်သွင်းခြင်းဖြင့် မြေကြီးအား ဖွယ်စေပြီး လေဝင်လေထွက်ကောင်းစေခြင်း၊

- အလွန်စေးသောမြေ ( heavy clay soil) ကို ပိုမိုကောင်းမွန်စေသည်။

၅။ ဥယျာဉ်ခြံစိုက်ခင်းများအတွက် ဖျက်ပိုးများမှ ကာကွယ်ပေးခြင်း၊

- ဥယျာဉ်ခြံအတွင်းရှိ စိုက်ဘောင်များတွင် သစ်သားပြာများအား ပါးပါးဖြူးပေးခြင်းဖြင့် maggot , aphids, slugs , snails , cutworms တွေကို မလာအောင် တားပေးသည်။ မိုးများများ ရွာပြီးသည့် အချိန်တိုင်း သစ်သားပြာများ ထပ်မံ ဖြူးပေးရမည်။

၆။ သစ်သားပြာများ သုံးစွဲသောအခါ မိမိ ထည့်သွင်းလိုသောနေရာရောက်ရှိစေရန် လေတိုက်နှုန်းများသောအချိန် မထည့်ရပါ။

- လေကြောင့် သစ်သားပြာများ မြေသို့မကျဘဲ အခြားနေရာများသို့ လွင့်ပြီး ဆုံးရှုံးသွားလိမ့်မည် ဖြစ်ပါသည်။

ရ။ သစ်သားပြာများ ကိုင်တွယ်သုံးစွဲသောအခါ အကာအကွယ်များဖြင့် သတိပြုကိုင်တွယ်သုံးစွဲရမည်။

သစ်သားပြာများတွင် ဓာတ်ပြုလောင်ကျွမ်းစေနိုင်သောပစ္စည်း ( caustic agent) တစ်မျိုး ဖြစ်သည့် lye ပမာဏ အများအပြား ပါဝင်သောကြောင့် အပင်ငယ်များကို ထည့်ခြင်းမှ ရှောင်ကြဉ်ပါ။

- သစ်သားပြာများ ကိုင်တွယ်သောအခါ လက်အိတ်များ သုံးပါ။

- မျက်မှန်နှင့် နှာခေါင်းစည်းတပ်ဆင်၍ အသက်ရှုလမ်းကြောင်းအတွင်း နှင့် မျက်လုံးများသို့ မဝင်စေရန် ကာကွယ်ပါ။

- ကတ်ထူစက္ကူ၊ ကျောက်မီးသွေး နှင့် ဆေးသုတ်ထားသော သစ်သားများမှ ရရှိသောပြာများတွင် အပင်အား ထိခိုက်စေနိုင်သော ဓာတုပစ္စည်းများ ပါဝင်သဖြင့် သုံးစွဲခြင်းမပြုသင့်ပါ။

- မိမိမြေကြီးအတွင်း သစ်သားပြာများအား မထည့်မှီ မြေကြီး၏ ချဉ်ငံကိန် (pH) ကို ကြိုတင်စစ်ဆေးရမည်။ ငန်သောမြေ (Alkaline soil ) ဖြစ်နေပါက သစ်သားပြာကို မထည့်ရပါ။ ဆာလဖာ ကို ထည့်ရမည် ဖြစ်ပါသည်။

၈။ သစ်သားပြာများကို သစ်မာများလောင်ကျွမ်းခြင်းမှ ပိုမိုရရှိမည်ဖြစ်သည်

သစ်မာပင်များလောင်ကျွမ်းခြင်းမှ ရရှိသည့် ပြာပမာဏသည် သစ်ပွပင်များ လောင်ကျွမ်းခြင်းမှ ရရှိ သော ပြာပမာဏ ထက် ၃ ဆ ပိုသည်။

AyeThandaSoe (6.8.2017)
Ref;http://www.wikihow.com/Use-Ashes-As-Fertilizer,


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်