"ရှားပါးမျိုးစိတ်ဝင် .. … …. … ဧရာဝတီ လင်းပိုင်များအကြောင်း" အပိုင်း (၁)

20/12/2019 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကမ္ဘာပေါ်တွင် ရှင်သန်ကျက်စားနေသည့် ရေသတ္တဝါများအနက် သွေးနွေးနို့တိုက်သတ္တဝါမျိုးစိတ်သည် လင်းပိုင်၊ ဝေလငါးနှင့် ရေဝက်ဟူ၍ သုံးမျိုးရှိသည်ကို သိရပါသည်။ ၎င်းတို့သည် အများအားဖြင့် ရေငန်ဒေသ ပင်လယ်သမုဒ္ဒရာများတွင် နေထိုင်ကျက်စားလေ့ ရှိကြပါသည်။ မြန်မာနိုင်ငံတွင် နုတ်သီးရှည် လင်းပိုင်၊ ဧရာဝတီလင်းပိုင်၊ ဘို့ပါးလင်းပိုင်၊ အပူပိုင်းအစက်ပါလင်းပိုင်၊ ပုလင်းနူတ်သီးလင်းပိုင် ဟူ၍ ရှိကြပါသည်။ လင်းပိုင်းများမှာ စုစုပေါင်းမျိုးစိတ်(၄၀)ခန့်နှင့် မျိုးစု (၁၇)ခုခန့် ရှိသည်ဟု သိရပါသည်။ လင်းပိုင်၏အရွယ်အစားမှာ ၁.၂ မီတာ (၄ပေ)ခန့်နှင် (၄၀) ကီလို (၉၀)ပေါင်မှ စ၍ ၉.၅မီတာ (၃၀) ပေနှင့် (၁၀တန်) အထိ အမျိုးမျိုး ကွဲကြားခြားနားကြပြီး တစ်ကမ္ဘာလုံးတွင် တွေ့ရှိရပါသည်။ လင်းပိုင်များမှာ ငါးငယ်များနှင့် ပြည်ကြီးငါးများကိုလည်း သူတို့၏အစာ အဖြစ်စားသုံးလေ့ရှိကြပါသည်။ Family(မျိုးရင်း) - Delphinidae သည် Order(မျိုးစဥ်) - cetacean တွင် အကြီးမားဆုံးဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း (၁၀)သန်းခန့်တွင် စတင်ပေါ်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင်တွေ့ရသော လင်းပိုင်များထဲမှ ဧရာဝတီလင်းပိုင်များအကြောင်းကို တင်ပြပါမည်။

ဧရာဝတီလင်းပိုင်

ကမ္ဘာပေါ်ရှိ ရေချိုဒေသတွင် ကျက်စားနေထိုင်သမျှ လင်းပိုင်အားလုံးကို "ဧရာဝတီလင်းပိုင် (Ayeyarwaddy Dolphins)”ဟု ခေါ်တွင်ကြပြီး သတ္တဗေဒအခေါ်မှာ Orcaella brevirostris ဟု သိရပါသည်။ ဧရာဝတီလင်းပိုင်သည် အရှေ့တောင်အာရှ၏ ထင်ရှားသော ပြယုဂ်တစ်ခုဖြစ်သည်။ ဧရာဝတီလင်းပိုင်များကို ဧရာဝတီမြစ်ထဲ စတင်တွေ့ရှိခဲ့၍ တစ်ကမ္ဘာလုံးမှာရှိသော ရေချိုလင်းပိုင်အားလုံးကို စတင်တွေ့ရှိသူက "ဧရာဝတီလင်းပိုင်"ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်ဟုသိရပါသည်။ မြန်မာနိုင်ငံတွင်တွေ့ရသော မျိုးစိတ်သစ်တစ်ခုအနေနှင့် ကမ္ဘာတွင် မှတ်တမ်းပြုခဲ့ခြင်းဖြစ်သည်။ Orcaella brevirostris ဟု သိပ္ပံအမည်ပေးထားသော လင်းပိုင်များမှာ ကမ္ဘာပေါ်ရှိ ရေချိုလင်းပိုင်များအနက်မှ ရှားပါးမျိးနွယ်ဝင် မျိုးစိတ်တစ်ခုလည်း ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးတွင် ဧရာဝတီမြစ်အပါအဝင် အာရှတိုက်နေရာ ()နေရာတွင်သာ တွေ့ရှိရသည့် ရှားပါးမျိုးစိတ်ဖြစ်ပါသည်။

ဧရာဝတီမြစ်အတွင်း တွေ့ရှိရသသည့် လင်းပိုင်ကိ မြစ်ဝက် (River Pig) ဟု ဖေါ်ပြထားကြောင်း ပျူလူမျိုးများနှင့် ပတ်သက်သော သမိုင်းမှတ်တမ်းများတွင် ကောက်နှုတ်တင်ပြထားပါသည်။ ယင်းအချက်ကြောင့် ဧရာဝတီလင်းပိုင်များမှာ ပျူလူများရှိခဲ့သည့် လွန်ခဲ့သော နှစ်(၁၀၀၀)ကျော်တည်းက ဧရာဝတီမြစ်အတွင်းရှိနေခဲ့ကြောင်း သိရှိနိုင်ခဲ့သည်။ ဧရာဝတီလင်းပိုင်းများသည် ဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းရာ ကချင်၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတစ်ဝိုက်တွင် ကျက်စားကြကြောင်း သိရှိရပါသည်။ ဧရာဝတီလင်းပိုင်များကို မြန်မာနိုင်ငံတွင်သာမက အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် မဲခေါင်မြစ်အတွင်း၌လည်း တွေ့မြင်နိုင်ပါသည်။ ကမ္ဘာကျော်ရေချိုလင်းပိုင်များ ကျက်စားသည့်နေရာအဖြစ် ထင်ရှားသည့် ဧရာဝတီမြစ်၏ မင်းကွန်းနှင့် ကျောက်မြောင်းအကြား အစိတ်အပိုင်အတွင်း နေထိုင်ကျက်စားကြသည်။

ဧရာဝတီလင်းပိုင်၏ အရွယ်အစားမှာ အရှည် ၁.၂ မှ ၂.၇ မီတာအထိရှိပြီး အခြားရေချိုလင်းပိုင်များကဲ့သို့ ရှည်သောနှုတ်သီးရိုးတံမပါရှိဘဲ ဦးခေါင်းလုံးလုံးဝန်းဝန်းသဏ္ဍာန် ရှိသည်။ ကျောပြင်နှင့် နံဘေး အပြာရောင် (သို့) မွဲပြာရောင်ဖြစ်ကာ ဝမ်းဗိုက်ပိုင်းတစ်လျှောက်လုံးမှာ အရောင်ဖျော့၍ အဖြူရောင်သန်းသည်။ ရင်ပိုင်းရေယက် () ခုမှာ လှော်တက်ပုံရှိပြီး ကျောဘက်ရေယက်တောင်မှာ လုံးဝန်းပါသည်။

ဧရာဝတီလင်းပိုင်သည် (၁၄)လကြာအောင် သန္ဓေဆောင်ပြီး တစ်ကြိမ်လျှင် တစ်ကောင်သာ သားမွေးသည်။ (၁၀)ကောင်ထက်နည်းသော အုပ်စုငယ်ဖြင့် တွေ့ရတတ်သည်။ အသံပြု၍ အသံလှိုင်းတုန့်ပြန်မှုကို အာရုံခံခြင်းဖြင့် အစာဖြစ်သော ငါး၊ ပုစွန်များကို ဖမ်းဆီးစားသုံးသည်။ ရေပေါ်သို့ ခုန်ပြန်လေ့မရှိဘဲ အသက်ရှူသည့် အခါ ဦးခေါင်းပိုင်းဖော်ပြီးမှ တဖြည်းဖြည်းနှင့် နောက်ကျောဘက်ရေယက်တို့ ပေါ်လာလေ့ရှိသည်။ ခန္ဓာကိုယ်ကို အနည်းငယ်ဖော်၍ ဖြည်းဖြည်း ရေကူးကြသည်။ ရေငုပ်လျှင် စက္ကန့် ၃၀မှ ၆၀ ထိ ကြာတတ်ပြီး ကြောက်လန့်ပါက ၁၂ မိနစ်ခန့် ကြောက်အားလန့်အားဖြင့် ရေငုပ်နိုင်ကြသည်။ သက်တမ်းအားဖြင့် အနှစ် (၃၀)ခန့်အထိ အသက်ရှင်နေထိုင်ကြပြီး သက်တမ်း()နှစ်နှင့် ()နှစ်အကြား မျိုးပွားဖို့ အရွယ်ရောက်ကြပါသည်။

နှင်းဖြူဖြူ (ငါးလုပ်ငန်းဦးစီးဌာန)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်