ဘက်တီးရီးယား ပျော့ပုပ်ရောဂါကို ဘယ်လိုကာကွယ်မလဲ

07/02/2025 12:11 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ဘက်တီးရီးယား ပျော့ပုပ်ရောဂါဟာ အခြားဘက်တီးရီးယားရောဂါများထက် ကမ္ဘာတစ်ဝန်းမှာ သီးနှံဆုံးရှုံးမှု ပိုမိုဖြစ်ပွားစေတဲ့ ရောဂါအုပ်စုတစ်ခုပါ။ ဘက်တီးရီးယား ပျော့ပုပ်ရောဂါဟာ အပင်မျိုးစိတ်တိုင်းနီးပါးမှာ ကျရောက်တတ်တာဖြစ်ပြီး အထူးသဖြင့် အသီး၊ မြေအောက် ပင်စည်ဥနဲ့ ပင်စည်ကဲ့သို့ အရည်ရွှမ်းတဲ့ အပင်အစိတ်အပိုင်းများမှာ အဓိကကျရောက်ပျက်စီးစေတာ ဖြစ်ပါတယ်။ ပျော့ပုပ်ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေဟာ အပင်ဆဲလ်တွေကို ပေါင်းစည်းထားတဲ့ pectate မော်လီကျူးများကို ပြိုကွဲစေပြီး အပင်ဖွဲ့စည်းပုံကို ထိခိုက်စေတာဖြစ်ပါတယ်။

ရောဂါလက္ခဏာနှင့် ဖြစ်ပွားမှုအခြေအနေ

ဘက်တီးရီးယားပျော့ပုပ်ရောဂါဟာ အာလူးပင်တွေကို တိုက်ခိုက်ဖျက်ဆီးခြင်းကြောင့် လူသိများပြီး ငရုတ်၊ ဆလပ်၊ ကြက်သွန်နီ၊ ဖရဲ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်နဲ့ သခွားကဲ့သို့သော အသီးအနှံများမှာပါ ကျရောက်ဖျက်ဆီးနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ပျော့ပုပ်ရောဂါကို အထက်ဖော်ပြပါ ဟင်းသီးဟင်းရွက်များပေါ်မှာ ပျော့ပျောင်းစိုစွတ်ပြီး ခရင်မ်အရောင်မှ ဝါညိုရောင်ရှိသော အနာကွက်များကို အညိုရင့်ရောင် (သို့မဟုတ်) အမည်းရောင်ရှိတဲ့ ကွင်းများဖြင့်ဝန်းရံထားတဲ့ ပုံစံကို တွေ့ရှိရမှာဖြစ်ပြီး အလွယ်တကူမှတ်မိနိုင်ပါတယ်။ ရောဂါဖြစ်ပွားဖို့အတွက် အခြေအနေအရပ်ရပ်က ထောက်ပံ့ပေးထားတဲ့အခါမှာ necrotic လို့ခေါ်တဲ့ အနာအစက်အပြောက်တွေဟာ အာလူးရဲ့အပြင်ဘက် (သို့မဟုတ်) အရေပြားပေါ်မှာ စတင်ဖြစ်ပွားကာ အာလူးအတွင်းပိုင်းအထိ ထိခိုက်ပျက်စီးစေမှာ ဖြစ်ပါတယ်။ ရောဂါကျရောက်တဲ့နေရာဟာ အစပိုင်းမှာတော့ အနံ့အသက်မရှိပေမဲ့လည်း ပျော့ပုပ်ရောဂါ တိုးလာတာနဲ့အမျှ နောက်ဆက်တွဲ ရောဂါပိုးများပါ ဝင်ရောက်လာပြီး မည်းနေတဲ့အာလူးကနေ အနံ့အသက်ဆိုးများပါ ထွက်လာမှာဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေဟာ အရွက်၊ ပင်စည်နဲ့ မြေအောက် အပင်အစိတ်အပိုင်းများပေါ်မှာ သေးငယ်ပြီး ဖောက်ထွင်းမြင်နိုင်တဲ့ ရေစိုနာကွက်တွေကို တွေ့ရှိရမှာဖြစ်ပြီး အခြားထိခိုက်ခံရတဲ့ အပင်အများစုမှာလည်း အလားတူလက္ခဏာများကို တွေ့ရှိရမှာဖြစ်ပါတယ်။

ပျော့ပုပ်ရောဂါဟာ အမျိုးမျိုးသော ဘက်တီးရီးယားမျိုးစိတ်တွေကြောင့် ဖြစ်ပွားရတာပါ။ Erwinia၊ Pectobacterium နဲ့ Pseudomonas စတဲ့ ဘက်တီးရီးတွေကြောင့် ရောဂါဖြစ်ပွားပြီး ကံမကောင်းစွာနဲ့ပဲ ၎င်းတို့ကိုနေရာတိုင်းမှာ တွေ့ရှိရတတ်တာ ဖြစ်ပါတယ်။ ဒီရောဂါဟာ မြေဆီလွှာနဲ့ ရေအရင်းအမြစ်များမှာသာမက သမုဒ္ဒရာတွေထဲမှာပါ ရှင်သန်နိုင်ပြီး ကမ္ဘာတစ်ဝန်းမှာ တွေ့ရှိရတတ်တာ ဖြစ်ပါတယ်။ စီးပွားဖြစ်စိုက်ပျိုးတဲ့ သီးနှံအားလုံးနီးပါးဟာ ပျော့ပုပ်ရောဂါကြောင့် အတိုင်းအတာတစ်ခုအထိ ထိခိုက်ပျက်စီးနိုင်တာ ဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားဟာ အင်းဆက်ပိုးမွှားများ၊ လေပြင်းနဲ့အတူ မိုးရွာသွန်းမှုများနဲ့ ယခင်စိုက်ပျိုးရာသီမှ ကျန်ရှိခဲ့တဲ့သီးနှံ အကြွင်းအကျန်များကနေတဆင့် ဥယျာဥ်စိုက်ခင်းတွေမှာ ပျံ့နှံ့နိုင်တာဖြစ်ပါတယ်။ ထို့အ​ပြင် ရာသီဥတုစိုစွတ်နေချိန်မှာ ရောဂါပိုမိုကျရောက်နိုင်ပြီး အပင်မှာ ကယ်လ်စီယမ်ဓာတ် ချို့တဲ့နေမယ်ဆိုရင်တော့ ရောဂါဖြစ်ပွားမှု ပိုမိုပြင်းထန်နိုင်ပါတယ်။ အာလူးမှာ ပျော့ပုပ်ရောဂါဖြစ်စေနိုင်တဲ့ အဓိကတရားခံကတော့ မျိုးအာလူး (seed potato) ဖြစ်ပါတယ်။ ပျော့ပုပ်ရောဂါကို ဥစား သီးနှံအားလုံးနီးပါးမှာ တွေ့ရှိနိုင်ပေမဲ့ အာလူးမှာတော့ ထိခိုက်မှုအများဆုံး ​ဖြစ်စေနိုင်ပါတယ်။ ရောဂါပိုးဟာ ကြီးထွားအက်ကွဲခြင်း (သို့မဟုတ်) ထိခိုက်ဒဏ်ရာကြောင့် အရေပြားကိုပျက်စီးစေပြီး မြင့်မားသော မြေဆီလွှာအပူချိန်နဲ့ ပိုလျှံသော ရေတို့ ပေါင်းစပ်ကာ ရောဂါပိုမိုကြီးထွားလာဖို့ ထောက်ပံ့နိုင်တာဖြစ်ပါတယ်။ ဒီရောဂါဟာ မကြာခဏဆိုသလို သီးနှံခူးဆွတ်ရိတ်သိမ်းပြီးတဲ့အထိ ရောဂါလက္ခဏာတွေကို ပြလေ့မရှိပါဘူး။ ထို့အပြင် ရိတ်သိမ်းပြီးခါစ အာလူးများကို မှားယွင်းစွာကိုင်တွယ်ခြင်း အပေါ်မှာလည်း ရောဂါလက္ခဏာပြသမှုက မူတည်တာဖြစ်ပါတယ်။ ပျော့ပုပ်ရောဂါကို လုံးဝထိရောက်အောင် ကုသနိုင်တာမျိုးမရှိပေမဲ့လည်း ပျက်စီးမှုအနည်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်နိုင်တဲ့ အရာတွေရှိပါတယ်။ 

ကာကွယ်နည်း 

စိုစွတ်တဲ့အခြေအနေများကို ရှောင်ကြဉ်ခြင်းဟာ ပျော့ပုပ်ရောဂါကို ကာကွယ်ဖို့ရာ အဓိကသော့ချက် ဖြစ်ပါတယ်။ ထို့ကြောင့် သီးနှံပင်တွေကို ရေစိမ့်ဝင်မှုအားကောင်းတဲ့ မြေမှာ စိုက်ပျိုးသင့်ပြီး ရေလောင်းတဲ့အချိန်နဲ့ ပမာဏကိုထိန်းညှိကာ အပင်များကို လုံလုံလောက်လောက်နဲ့ အညီအမျှ ရေလောင်းပေးသင့်ပါတယ်။ ထို့အပြင် အပင်များကို ကျပ်သိပ်စွာမစိုက်ပျိုးသင့်ဘဲ ပင်ကြား တန်းကြားကို သင့်တော်အောင်ပြုလုပ်သင့်ပါတယ်။ အပင်များကြား ကျယ်ပြန့်တဲ့အကွာအဝေး ထားရှိခြင်းဟာ လေဝင်လေထွက်ကောင်းစေပြီး အပင်နဲ့ မြေဆီလွှာစိုစွတ်မှုကို ပိုမိုလျင်မြန်စွာ ခြောက်သွေ့စေပါတယ်။ မြေဆီလွှာအာဟာရဓာတ် စမ်းသပ်မှုအပေါ်အခြေခံပြီး မိမိစိုက်ပျိုးနေတဲ့ မြေဆီလွှာဟာ မြေဆီဩဇာကောင်းမွန်မှု (အထူးသဖြင့် ကယ်လ်စီယမ်ဓာတ်ရှိနေဖို့) လိုအပ်ပါတယ်။ 

ပျော့ပုပ်ရောဂါဒဏ် ခံနိုင်ရည်မရှိတဲ့အပင်များကို တစ်နှစ်ပြီးတစ်နှစ် ဆက်တိုက်စိုက်ပျိုးတာမျိုး မပြုလုပ်ဘဲ ရောဂါဒဏ်ခံနိုင်ရည်ရှိတဲ့ အပင်များနဲ့ သီးလှည့်စိုက်ပျိုးသင့်ပါတယ်။ ဥပမာ - ပြောင်း၊ snap bean နဲ့ မုန်လာ 

ထို့အပြင် စိုက်ပျိုးချိန်၊ ပေါင်းရှင်းချိန်နဲ့ သီးနှံရိတ်သိမ်းချိန်မှာ အပင်နဲ့အသီးအနှံများ ထိခိုက်ပျက်စီးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဘက်တီးရီးယားရောဂါတွေဟာ ထိခိုက်ဒဏ်ရာတွေကနေတဆင့် ဝင်ရောက်ပြီး ကူးစက်ပြန့်ပွားနိုင်တာ ဖြစ်ပါတယ်။ နောက်တချက်က ရောဂါရနေတဲ့ အပင်တွေကို စိုက်ခင်းထဲကနေ ထုတ်ပယ်ပြီး မီးရှို့ဖျက်ဆီးခြင်းဖြစ်ပါတယ်။ ဒီဘက်တီးရီးယားဟာ မြေထဲမှာလည်းရှင်သန်နိုင်တာကြောင့် အပင်အကြွင်းအကျန်တွေကို မြေမြှပ်တာမျိုး မပြုလုပ်သင့်ဘဲ မီးရှို့ဖျက်ဆီးသင့်တာ ဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်