မြေနေရာလွတ်မရှိလဲ ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြမယ်!

07/08/2020 12:30 PM တွင် နန္ဒာအိလှိုင် နန္ဒာအိလှိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

     ဒီနေ့ခေတ်အခါမှာတော့ ကျေးလက်ဒေသမှာထက် မြို့ပြဒေသမှာနေထိုင်သူပိုများလာပြီး ကျေးလက်နေပြည်သူများကလည်း စားဝတ်နေရေးအတွက် မြို့ပြဆီသို့ရွှေ့ပြောင်းပြီး အလုပ်လုပ်ကိုင်လာကြတယ်။ လူဦးရေထူထပ်လာပြီး ခြံနဲ့ဝန်းနဲ့နေရတာထက် တိုက်ခန်း၊ အဆောင်တွေမှာ နေရသူတွေက ပိုများလာတယ်။ အခုဆောင်းပါးလေးကတော့ စိုက်တာပျိုးတာတွေကို စိတ်ပါဝင်စားပေမဲ့လည်း စိုက်ပျိုးဖို့ မြေနေရာမရှိပါဘူးဆိုတဲ့ ဝါသနာရှင်လေးတွေအတွက် အသုံးဝင်မယ်လို့ထင်မိပါတယ်။ 

     မိမိတို့နေထိုင်တဲ့နေရာမှာ ဝရံတာလိုမျိုး နေရာလွတ်လေးတော့ ရှိကြမှာပါ။ နေရာလွတ်လေး နည်းနည်းရှိရင် ဥယျာဉ်ခြံလေးတစ်ခု ဖန်တီးရတာမခက်ပါဘူး။ သီးပင်စားပင်လေးတွေလည်း စိုက်နိုင်သလို စိတ်အပန်းဖြေဖို့ ပန်းအလှပင်တေလည်း စိုက်ထားလို့ရပါတယ်။ သီးပင် စားပင်လေးတွေ စိုက်ထားရင် အရာရာဈေးခေါင်ခိုက်တဲ့ မြို့ပြမှာ ဝင်ငွေကို ချွေတာနိုင်သလို ပန်းပင်လေးတွေ စိုက်ထားရင်လည်း စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်တာပေါ့။ ခရမ်းချဉ်သီး၊ခရမ်းသီး၊ ငရုတ်ပင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥ နဲ့ ပဲအမျိုးမျိုးစတဲ့ ဟင်းချက်ရာမှာ မပါမဖြစ်သုံးတဲ့ အပင်လေးတွေရော၊ ဟင်းသီးဟင်းရွက်တွေကိုပါ သင့်တော်တဲ့နေရာမှာ စိုက်ပျိုးနိုင်ပါတယ်။

     စိုက်ပျိုးရာမှာလည်း မြေအိုး၊ ပလတ်စတစ်အိတ်၊ ပလတ်စတစ်ဗန်းစသဖြင့် မိမိအဆင်ပြေသလိုသုံးပြီး ဥယျာဉ်လေးကို မိမိနှစ်သက်သလို ဖန်တီးနိုင်ပါတယ်။ ဒါပေမဲ့သတိပြုရမှာက မိမိထည့်စိုက်မဲ့ အိုး သို့မဟုတ် အိတ်၊ ဗန်း ကတော့ ရေဆင်းအားကောင်းဖို့တော့ လိုပါလိမ့်မယ်။ ရေဆင်းမဲ့အပေါက်က အိုး သို့မဟုတ် အိတ်ရဲ့ အောက်ခြေမှာရှိတာထက် ဘေးဘက်မှာရှိတာက ပိုအဆင်ပြေပါလိမ့်မယ်။

     တကယ်လို့ စိုက်ပျိုးဖို့ သင့်မှာမြေမရှိရင် မြေကြီးအစား သစ်ဖြတ်စ၊ လွှစာမှုန့်၊ ရေညှိမှုန့်၊ တီကျစ်မြေစတာတွေကို အစားထိုးအသုံးပြုလို့ရပါတယ်။ မြေမထည့်ခင် အောက်ခြေမှာ ခဲလုံးများ တစ်လွှာခန့်ထည့်ပေးမယ်ဆိုရင် ရေဆင်းအားပိုကောင်းစေမှာပါ။ ကိုယ်ရေလောင်းဖို့ မမေ့လောက်တဲ့နေရာမှာလည်း ထားဖို့လိုပါမယ်။ စိုက်ပြီးရင်လည်း ရေမကြာမကြာ လောင်းပေးဖို့တော့ လိုမယ်နော်။ အပင်လေးတေက ကိုယ်ရေလောင်းဖို့ မမေ့လောက်တဲ့နေရာလည်းဖြစ်ဖို့လိုပါမယ်။ တစ်နေ့တစ်ခါတော့ ရေပုံမှန်လောင်းဖို့လိုပြီး ရေအရမ်းမများပါစေနဲ့ဦး။ နေရောင်တိုက်ရိုက်ရပြီး မိုးရေလည်း ရနိုင်ရင် ပြုစုရသက်သာပြီး ပမာဏများများထွက်နိုင်ပါတယ်။ 

     ရှိတဲ့နေရာလွတ်လေးမှာ တစ်နိုင်တစ်ပိုင်ဥယျာဉ်ငယ်လေးတစ်ခု ဖန်တီးထားမယ်ဆိုရင် မိမိတို့ရဲ့မီးဖိုချောင်အတွက် ထွက်ငွေလျှော့ချနိုင်သလို စိတ်အပန်းဖြေစရာနေရာလေးတစ်ခုလည်း ရတာပေါ့။ တကယ်လို့ မိမိမှာစိုက်တာပျိုးတာဝါသနာပါတယ် အမှန်တကယ်စိုက်ချင်ပါတယ်ဆိုရင် မြေနေရာရှိတာမရှိတာအပထား ရှိတဲ့နေရာလွတ်လေးမှာ ရအောင်စိုက်ပျိုးကြည့်လိုက်ပါလို့ တိုက်တွန်းရင်း ဒီမှာပဲရပ်ပါရစေ!!!!!!

နန္ဒာအိလှိုင်

https://www.gardeningknowhow.com/special/urban/balcony-vegetable-garden.htm

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်