အပင်ရောဂါ ကာကွယ်နှိမ်နင်းနည်းအခြေခံများ-၂

27/02/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အပင်ရောဂါများကို ကာကွယ်နိုင်သည့် အခြေခံနည်းလမ်း ၄ နည်းရှိရာ နံပတ် ၁ နှင့် ၂ ကို ဖော်ပြပေးပြီးပါပြီ။ ဖတ်ရှုလိုပါက အောက်ပါလင့်ခ်ကို နှိပ်၍ဖတ်နိုင်ပါသည်။

https://greenwaymyanmar.com/posts/basic_plant_disease_protection_one

၃။ ရောဂါဖြစ်ခြင်းမှ ကာကွယ်ခြင်း

(က) ကာကွယ်ဆေးများ ပက်ဖျန်းခြင်း

ကာကွယ်ဆေးများ ပက်ဖျန်းခြင်းသည် အပင်ရောဂါကာကွယ်ရာ၌ အသုံးအများဆုံးနည်းဖြစ်သည်။ ကာကွယ်ဆေး ပက်ဖျန်းခြင်းကို တစ်ကြိမ် ပြုလုပ်ရုံဖြင့် မလုံလောက်ပေ။ ပတ်ဝန်းကျင်၊ ရာသီဥတုအခြေအနေပါ် မူတည်၍ နှစ်ကြိမ်၊ သုံး ကြိမ်မက ပက်ဖျန်းခြင်းပြုလုပ်ရသည်။

ဥပမာ။ ။ အာလူးလောင်မည်းရောဂါကို မှိုသတ်ကေးဖျန်းခြင်းဖြ င့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။

အာလူးခင်းအားဆေးဖျန်းနေပုံ

(ခ) စိုက်ပျိုးနည်းဖြ င့် ကာကွယ်ခြ င်း

အပင်ရောဂါများကို ကာကွယ်ရန်၊ သုတ်သင်ရန်နှင့် တားဆီးရန် စိုက်ပျိုးနည်းစနစ်များကို ရွေးချယ်အသုံးပြုနိုင်သည်။ သီးနှံများစွာတို့၏ မျိုးစေ့များကို တိမ်တိမ်စိုက်ခြင်းဖြင့် အစိုဓာတ်၊ အပူချိန်၊ လေဝင်လေထွက်နှင့် မြေဩဇာ ကောင်းစွာ ရစေပါသည်။ ထိုသို့ရရှိသဖြင့် အပင်ကြီးလွယ်နိုင်သောကြောင့် အပင်ငယ်၌ ဖြစ်တတ်သော အချို့ရောဂါများမှ ကင်းလွတ်စေသည်။

ဥပမာ။ ။ မြေပဲစေ့ကို တိမ်တိမ်စိုက်ခြင်းဖြင့် မြေပဲပင်ရင်းပုပ်ရောဂါကို ကာကွယ်နိုင်သည်။

အလားတူ အပင်များစိုက်ပျိုးပြုစုရာ၌ ဒဏ်ရာမရစေရန် ဂရုပြုခြင်းအားဖြ င့် အပင်ရောဂါဖြစ်စေသော သက်ရှိများကို အပင်၏ဒဏ်ရာများမှ အလွယ်တကူ မဝင်ရောက်စေနိုင်ရန်ကာကွယ်ပေးနိုင်သည်။

ဥပမာ။ ။ ဒူးရင်းပင်အား အပင်ပတ်လည်မှ မြေဆွ၍ မြေဩဇာကျွေးရာတွင် အမြစ်များဒဏ်ရာမရအောင် ဂရုပြုခြင်းဖြင့် ဒူးရင်းမြစ်ပုပ်ရောဂါကို ကာကွယ်နိုင်သည်။

မြေ၏ချဉ်ငန်ဓာတ် ပြောင်းပေးခြင်းဖြင့်လည်း အချို့ရောဂါများကို ကာကွယ်နိုင်သည်။

ဥပမာ။ ။ ထုံးထည့်ခြင်းသည် မြေချဥ်ငန်ဓာတ်ကိန်းကို တိုးတက်စေခြင်းကြောင့် အာလူးအကြေးဖတ်ရောဂါကို ကာကွယ်နိုင်သည်။

၄။ ရောဂါဒဏ် ခံနိုင်ရည် ရှိစေခြင်း

ဤနည်းသည် လက်ခံပင်ကို ရောဂါဒဏ်ခံနိုင်ရည်ရှိအောင် လုပ်ပေးခြင်းဖြ င့် ရောဂါကိုကာကွယ်နှိမ်နင်းခြင်းဖြစ်ပြီး လက်တွေ့တွင် အသုံးဝင်သောနည်းဖြစ်သည်။ လက်ခံပင်မျိုးအလိုက် ရောဂါခံနိုင်ရည်ရှိမှု ကွာခြားတတ်ရာ၊ ခံနိုင်ရည်ရှိသော လက်ခံပင်မျိုးများရရန်အောက်ပါနည်းများကို အသုံးပြုနိုင်သည်။

(က) ရွေးချယ်ခြင်း

လက်ခံပင်အမျိုးမျိုးထဲမှ တစ်ပင်ချင်းသော်လည်းကောင်း၊ မျိုးကွဲအလိုက်သော်လည်းကောင်း၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသောအပင်များကို စနစ်တကျ စမ်းသပ်ရွေးချယ်ခြင်းဖြစ်သည်။

လောင်မည်းရောဂါဒဏ်ခံနိုင်ရည်ရှိ အာလူးမျိုးများအား စိစစ်ရွေးချယ်ခြင်း

(ခ) နိုင်ငံခြားမှ တင်သွင်းခြ င်း

မိမိတိုင်းပြည်တွင် မရနိုင်သော ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် သီးနှံမျိုးများကို နိုင်ငံခြားတိုင်းပြည်များမှ မှာယူတင်သွင်း စိုက်ပျိုးခြင်းဖြစ်သည်။

(ဂ) မျိုးစပ်မွေးမြူခြင်း

ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးနှင့် အထွက်နှုန်းကောင်းသောမျိုးတို့ကို မျိုးစပ်မွေးမြူခြင်း ဖြစ်သည်။

(ဃ) မျိုးထွန်းနည်းဖြင့် မွေးမြူခြင်း

အချို့သီးနှံတို့၏ ဗီဇကို ပြောင်းလဲပေးခြင်းအားဖြင့် ၎င်းတို့၏ အရည်အချင်းများ ပြောင်းလဲသွားအောင် ဆောင်ရွက်နိုင်သည်။ ဥပမာ- အပင်တို့ကို ဂမ်မာရောင်ခြည် (Gamma ray) သို့မဟုတ် အိပ်စ်ရေးရောင်ခြည် (X- ray) စသည့်တို့နှင့် စက္ကန့်အနည်းငယ်မျှ ထိတွေ့ပေးလိုက်ခြင်းဖြင့် အပင်၏ မျိုးရိုးဆက်ခံနိုင်သော ရောဂါခံနိုင်သည့် ဗီဇများအဖြစ်သို့ ပြောင်းလဲပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိစေခြင်းဖြစ်သည်။ ဤသို့ ဆောင်ရွက်ခြင်းကို မျိုးထွန်းဖြင့် မွေးမြူခြင်းဟု ခေါ်သည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်