စိုက်ခင်းထဲတွင်တွေ့ရလေ့ရှိသော ပုရွက်ဆိတ်မဲများ

29/09/2020 12:30 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

     တောင်သူဦးကြီးများရှင့် ကျွန်မတို့၏ စိုက်ခင်းထဲတွင် စိုက်ပျိုးထားသောအပင်နှင့် အိုးများဖြင့် စိုက်ပျိုးထားသော အပင်များမှာ ပုရွက်ဆိတ်မဲလေးတွေ တက်ပြီးတော့ သွားလာနေ ကြတာမြင်ဖူးကြမှာပါ။ ပြသနာအကြီးကြီးတက်ပြီလို့တော့ မယူဆလိုက်ပါနဲ့။ စိုက်ပျိုးထားသော အပင်လေးတွေကို ပုရွက်ဆိတ်တွေလာတက်နေရခြင်းက အစာရှာတာနှင့် အရိပ်ခိုတာဖြစ်နိုင်ပါတယ်။ ပုရွက်ဆိတ်တွေအများစုက သူတို့၏ tunnels လေးတွေနဲ့ မြေကြီးကိုတူးခြင်းအားဖြင့် မြေကို လေဝင်လေထွက်ကောင်းစေပြီး အပင်ရဲ့ အမြစ်တွေကိုလည်း အစိုဓာတ်ကောင်းမွန်စွာရရှိအောင် လုပ်ဆောင်ပေးပါတယ်။ ကြွေကျနေသောအရွက်နှင့် အင်းဆက်ပိုးမွှားအသေတွေကို ဆွေးမြေ့စေပြီး အပင်ကို မြေဆီဩဇာ ကောင်းမွန်စွာရရှိအောင် လုပ်ဆောင်ပေးနိုင်တဲ့ ကောင်းကျိုးတွေလည်းရှိပါသည်။ ပုရွက်ဆိတ်အမဲများသည် သဘာဝစွန့်ပစ်ပစ္စည်း၊ အင်းဆက်နှင့် သေနေသောတိရစ္ဆာန်များကို စားသောက်ဖျက်ဆီးတဲ့သူပဲ ဖြစ်ပါသည်။ များပြားလှသော ပုရွက်ဆိတ်အမဲများသည် သားရဲကောင်များဖြစ်ကြပြီး မြက်ခင်းပြင်နှင့် စိုက်ခင်းများကိုဖျက်စီးနေသည့် အင်းဆက်များကို စားသုံးကြပြီး သူတို့တွေသည် ပန်းပွင့်များကို ဝတ်မှုန်ကူးကြသည့်အပြင် မျိုးစေ့တွေကိုလည်း ဖြန့်ဖြူးကြပါတယ်။

    အင်းဆက်တွေ၏ honeydew (သစ်ရွက်၊ ပင်စည်များပေါ်တွင် ပိုးကောင်များ စွန့်ခဲ့သည့် ချိုမြစေးကပ်သည့်အရာ) များ စုပုံကျရောက်သည့်အခါ ပုရွက်ဆိတ်အမဲများက honeydew ကို စုဆောင်း သိမ်းဆည်းခြင်းအပြင် အင်းဆက်ရန်မှ ကာကွယ်ပါတယ်။ honeydew တွေက အပင်များကို အန္တာရယ်ဖြစ်စေတာတော့ မဟုတ်ပါဘူး။ ကြပ်ခိုးမှိုများ ရှင်သန်ကြီးထွားဖို့ ထောက်ပံ့ကူညီပေးနေတာပါ။ ကြပ်ခိုးမှိုများက အရွက်များ၏ နောက်ဘက်မျက်နှာပြင်တွင် မဲနက်နေသောစပိုးကို ဖြစ်စေပါတယ်။ ထိုစပိုးများရှိနေသော အရိပ်ရနေသည့်အရွက်များသည် အလင်းမှီစုအစာဖွဲ့စည်းခြင်း (Phytosynthesis) ကို လျော့ကျစေပါတယ်။ ပုရွက်ဆိတ်အမဲများသည် များပြားလှသော အင်းဆက်များ၊ ငှက်များနှင့် နို့တိုက်သတ္တဝါ၏ အစာအရင်းအမြစ်ပဲဖြစ်ပါတယ်။ ထို့ကြောင့် ပုရွက်ဆိတ်မဲများသည် ဂေဟစနစ်အတွက် အလွန်အရေးကြီးသည်ဟုဆိုရပေမည်။

    တချို့သော ပုရွက်ဆိတ်အမဲတွေကတော့ ကျွန်ုပ်တို့၏စိုက်ခင်းများကို ဖျက်စီးပြီး တကယ်ပဲ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ပုရွက်ဆိတ်အမဲများ ကျွန်ုပ်တို့စိုက်ခင်းကိုဖျက်စီးနေမည်ဆိုပါက မြက်ခင်းပြင်သည် ခြောက်သွေ့နေပြီး တချို့နေရာများတွင် အပင်များသေနေခြင်းနှင့် မြေမျက်နှာပြင်တွင် တောင်ပို့များဖြစ်ပေါ် နေမည်ဖြစ်သည်။ အပင်၏အရွက်များသည် ညှိုးခြောက်၍ အပင်များသေလာပြီဆိုပါက အပင်များကိုပုရွက်ဆိတ်အမဲများ အလွန်အမင်းစားသောက်နေပြီဟု ဆိုရပေမည်။ ပုရွက်ဆိတ်အမဲများသည် ယေဘုယျအားဖြင့် အပင်များကို တိုက်ရိုက်တိုက်ခိုက်ခြင်းမဟုတ်ဘဲ စိုက်ပျိုးထားသောပျိုးခင်းနှင့် မျိုးစေ့သေတ္တာထဲမှ စိုက်ပျိုးမည့်မျိုးစေ့များကို ခိုးယူပြီး အပင်များကို သွယ်ဝှိုက်တိုက်ခိုက်တာပါ။

     အကယ်၍ သင်၏စိုက်ခင်းတွင် ပုရွက်ဆိတ်အမဲများ ဆိုးရွားစွာဖျက်စီးနေပြီဟု ယူဆရပါက မျိုးစေ့များကို တိုက်ရိုက်စိုက်ပျိုးခြင်းမဟုတ်ဘဲ ပျိုးအိတ်များဖြင့် အရင်စိုက်ပျိုးပြီးမှ ပြောင်းရွှေ့စိုက်ပျိုးသင့်သည်။ ဈေးကွက်တွင် အလွယ််တကူဝယ်ယူနိုင်သည့် ပုရွက်ဆိတ်သတ်ဆေးများကို ပုရွက်ဆိတ်အမဲများ တိုက်ခိုက်နိုင်သည့် နေရာတစ်လျှောက်နှင့် ပျိုးခင်းရှိသည့်နေရာများတွင် ဖြူးထားသင့်သည်။ မျိုးစေ့ချထားသောအစေ့များကို ပုရွက်ဆိတ်အမဲရန်မှနေ ကာကွယ်ရန်အတွက် မျိုးစေ့ချရာတွင် မြေကြီးဖြင့် သေချာဖုံးရန်လိုအပ်သည်။ ပုရွက်ဆိတ်မဲများသည် ခြောက်သွေ့သည့်မြေကို ကြိုက်နှစ်သက်သည့်အတွက် မျိုးစေ့ချထားသောမြေအား အစိုဓာတ်ထိန်းသိမ်းရန်လိုအပ်သည်။ သင့်တင့်သော အစိုဓာတ်ရှိမှုသည် မျိုးညှောင့်ဖောက်ခြင်း မြန်ဆန်စေရန် ကူညီပေးပါသည်။ မျိုးစေ့မျိုးညှောင့်ပေါက်ခြင်းသည် အပူချိန်အပေါ်တွင်လည်း အများကြီးမူတည်သည်။ အပင်၏ စိုက်ပျိုးရန် သင့်လျော်သောအချိန်နှင့် မျိုးစေ့ချချိန်မှာ ပုရွက်ဆိတ်ရန်ကို ကာကွယ်နိုင်မည်ဆိုလျှင် မျိုးစေ့များအကုန်လုံး အပင်ပေါက်ကာ အထွက်နှုန်းတိုးလာစေနိုင်ပါသည်။

    အခင်းထဲတွင်ရှိသော ပုရွက်ဆိတ်အမဲက များသောအားဖြင့်မကိုက်တတ်ပါဘူး။ သူတို့ကို ဖျက်စီးရင်တော့တိုက်ခိုက်တတ်ပါတယ်။ အကယ်၍ အကိုက်ခံရသော် ပုရွက်ဆိတ်အနီများကဲ့သို့ အဆိပ်မတက်ပါ။ ပုရွက်ဆိတ်မဲများသည် Smart insect အုပ်စုဝင်ဖြစ်ပြီး ဂေဟစနစ်အတွက် အရေးကြီးကာ မျိုးစေ့ချချိန်တွင် တောင်သူများဂရုပြုမိလျှင် အထွက်နှုန်းများ ပိုမိုတိုးတက်လာနိုင်ပါသည်။

Reference:

www.yates.com.au>pests>ant

ဆုမြတ်နိုး(BPE)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်