ငါးပြေမ မျိုးစေ့ထုတ်လုပ်ခြင်း

06/12/2019 14:30 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

ဥဖောက်ခြင်း

ဥချကန်မှ သန္ဓေအောင်ဥများကို ဆယ်ယူပြီး အဝအကျယ် ၅၀ စင်တီမီတာခန့်၌ ပလတ်စတစ်ဇလုံသို့ ပြောင်းရွေ့ပါ။ ထို ပလတ်စတစ်ဇလုံအတွင်း သန္ဓေအောင်သော ဥ ၅၀၀၀၀ခန့်ကို ဆယ်ပေးရန်မလို သားပေါက်စေနိုင်ပါသည်။

၅၀ စင်တီမီတာ အဝကျယ်သော ပလတ်စတစ်ဇလုံများည် ငါးဥ ၅၀၀၀၀ ခန့်ကို တည်ငြိမ်သော သားဖောက်ခြင်းအတွက် အသုံးပြုနိုင်သည်။ ဆိုလိုသည်မှာ လေထပ်မံထည့်ပေးခြင်း (သို့) ရေလဲပေးခြင်း လုပ်ရန်မလိုပါ။

ဥပုံသဏ္ဌာန်

သန္ဓေအောင်ဥများတွင် အဆီအိတ်ပါရှိသောကြောင့် ရေပေါ်တွင် မျောနေပါသည်။ သန္ဓေအောင်ပြီးသော ဥသည် ရေကို စုပ်ယူပြီးသောအခါ ရေတွင် ဥအရွယ်မှာ ၀.၉ စင်တီမီတာအရွယ်အထိ ကြီးလာပါသည်။ သန္ဓေမအောင်သော ဥမှာ ၀.၇၅ စင်တီမီတာ အရွယ်အစား ရှိပါသည်။ သန္ဓေအောင်သောဥများမှာ အဝါရောင်သန်းလျက် ရှိပါသည်။ သန္ဓေမအောင်သောဥမှာ အဖြူရောင်ရှိပါသည်။

ငါးသားပေါက်များကို ပြုစုခြင်းနှင့် အသားတိုးမွေးခြင်း

ကန်ပြုပြင်ခြင်း

ပြုစုကန်အရွယ်အစားမှာ ၅၀၀ – ၁၀၀၀ စတုရန်းမီတာ ရှိသင့်ပါသည်။ ကန်ကို ရေခမ်းပြီး နေခြောက်လှန်းခြင်း၊ ပိုးသတ်ခြင်း၊ ငါးရိုင်းသတ်ခြင်း ပြုလုပ်ပါ။

ကန်မျက်နှာပြင် ၁၀၀ စတုရန်းမီတာတွင်

- ထုံး ၁၀ ကီလို ထည့်ပါ

- နွားချီး ၂၅ – ၃၀ ကီလိုထည့်ပါ။

- ငါးမထည့်မီ ၂ – ၃ ရက်ကြိုတင်၍ ကန်ကို ရေဖြည့်ပါ။

ငါးသားပေါက်ပြုစုနှုန်း

ကန်ရေပြင် ၁၀၀ စတုရန်းမီတာလျှင် ငါးမှုံ ၅၀၀ – ၁၀၀၀ ပြုစုပါ။

အစာကျွေးခြင်း စောင့်ရှောက်ခြင်း

ပထမ ၁၀ ရက် - ငါးမှုံ ၁၀၀,၀၀၀ လျှင် ဘဲဥ ၅ လုံး၊ ပဲပိစပ်မှုန့် ၄၀၀ ဂရမ် နေ့စဉ် ကျွေးပါ။

၁၁ – ၁၂ ရက်သား - ငါးမှုံ ၁၀၀,၀၀၀ လျှင် ပဲပိစပ်မှုန့် ၃၀၀ ဂရမ်၊ ဖွဲနု ၃၀၀ ဂရမ်၊ ငါးပေါင်းမှုန့် ၃၀၀ ဂရမ် နေ့စဉ်ကျွေးပါ။

၃၁ – ၄၀ ရက်သား - ငါးမှုံ ၁၀၀,၀၀၀ လျှင် ဖွဲနု ၆၀၀ ဂရမ်၊ ငါးပေါင်းမှုန့် ၆၀၀ ဂရမ် နေ့စဉ်ကျွေးပါ။

ရက် ၅၀ ကျော်လျှင် ငါးများ၏ အရွယ်အစားမှာ ၅ – ၆ စင်တီမီတာ (.၅ – ၂.) ဂရမ်အထိ ကြီးထွားလာပါမည်။ ရှင်သန်နှုန်းမှာ ၂၀ – ၂၆ ရာခိုင်နှုန်းအတွင်း ရှိနိုင်ပါသည်။

၁။ သားဖောက်ရန် မျိုးငါးရွေးချယ်ခြင်း

သားဖောက်သည့် ငါးများ၏ အရွယ်အစား အလေးချိန်မှာ ၃၀ - ၄၀ ဂရမ် (သို့) ထိုထက် ပိုကြီးသောငါးများ ဖြစ်ရပါမည်။ မျိုးငါးအဖြစ် ရွေးချယ်သောငါးများမှာ ငါးပုံသဏ္ဌာန်မှန်ခြင်း၊ အနာတရမရှိခြင်း၊ ကျန်းမာသန်စွမ်းခြင်းနှင့် ပြည့်စုံရပါမည်။

.၁။ အထီးအမခွဲခြားခြင်း

(ဖော်ပြထားသော ငါးပုံလေးကို ကြည့်ပါ။) သာမန်အားဖြင့် အသက်တူပါက အထီးသည် အမထက် အရွယ်ငယ်သည်။ ကိုယ်ခန္ဓာသေးသွယ်သည်၊ (ဖော်ပြထားသော ငါးပုံတွင် အပေါ်ပုံကို ကြည့်ပါ။ ) အမသည် ဝမ်းဗိုက်ဖောင်းကားသည်။ နှာဖျားမှ အမြီးအရင်းအထိ ကိုယ်အလျား (standard length)ကိုယ်အမြင့် (ဝမ်းဗိုက်နှင့် ကျောဘက်အကွာအဝေးအများဆုံးနေရာ) မှာ အထီးထက်ကြီးသည်။ (ဖော်ပြထားသော ငါးပုံတွင် အောက်ပုံကို ကြည့်ပါ။ )

၂။ သားဖောက်ရန်မျိုးငါးများကို ပြုစုခြင်း

သားဖောက်ရာသီမတိုင်မီ အနည်းဆုံး ၂ လခန့် ကြိုတင်၍ မျိုးငါးများကို ပြုစုပါ။

.၁။ သားဖောက်မည့် မျိုးငါးကြီးများ မွေးမြူသောကန်

သားဖောက်မည့် မျိုးငါးကြီးများကို မွေးမြူသောကန် အရွယ်အစားမှာ ၂၀၀ – ၅၀၀ စတုရန်းမီတာ ရှိသင့်ပါသည်။ ရေအနက် ၀.၈ – ၁.၀ မီတာ ရှိရပါမည်။

.၂။ မျိုးငါးကြီးများစတင်မွေးမြူရန် ကန်အသင့်ပြုပြင်ခြင်း

ကန်အတွင်းရှိ ရေများကိုထုတ်ပြီး ရက်အနည်းငယ်ကြာသည်အထိ နေခြောက်လှန်းထားပါ။ ငါးရိုင်းများနှင့် ရောဂါပိုးများ ဖယ်ရှားနိုင်ရန် ထုံးဖြူးပါ။ ငါးကန် စတုရန်းစင်တီမီတာလျှင် ထုံး ၁၀ ကီလိုထည့်ပါ။ ရေဩဇာတက်လာစေရန် ၁၀၀ စတုရန်းမီတာလျှင် နွားချေး ၃၀ - ၄၀ ကီလို ထည့်ပါ။

.၃။ငါးမွေးမြူခြင်းနှင့် အထီးအမအချိုးအစား

ကန်ဧရိယာ ၁ စတုရန်းမီတာလျှင် မျိုးငါး ၂ - ၄ ကီလို ထည့်မွေးပါ။ အထီး()ကောင်လျှင် အမ()ကောင်နှုန်း မွေးပါ။

.၄။ အစာကျွေးခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း

ငါးပြေမများကို တစ်နေ့လျှင် ()ကြိမ် အစာကျွေးပါ။ အစာကို ငါးပေါင်းမှုန့် ၅၀%၊ ပုစွန်မှုန့် ၂၅%၊ ဖွဲ ၂၅%၊ ရောစပ်ပြီး ငါး၏ အလေးချိန် ၅ကျွေးပါ။ ၂ ကြိမ်ကို အညီအမျှ ခွဲကျွေးပါ။

၃။ ငါးပြေမ သားပေါက်ခြင်း

သားပေါက်ရာသီ - ဧပြီလမှ စက်တင်ဘာလအတွင်း

ဥချနှုန်း - အမကြီး တစ်ကီလိုမှ ဥ ၇၈၀၀၀ မှ ၁၄၀၀၀၀ အထိ ရရှိနိုင်ပါသည်။

သားပေါက်သောအကြိမ် - ပထမအကြိမ် ဥချပြီး ၂၅-၃၀ရက် ကြာသောအခါ နောက်တစ်ကြိမ်ထပ်မံ၍ ဥချနိုင်ပါသည်။ ငါးပြေမများသည် တစ်နှစ်လျှင် ၃-၄ ကြိမ် ဥချသားပေါက် နိုင်ပါသည်။

၄။ ငါးပြေမသားဖောက်ခြင်း

.၁။ ဟိုမုန်းဆေးထိုးရန် အဆင့်ဆင့်ပြုလုပ်ခြင်း

ခန္ဓာကိုယ်ပေါ်တွင် အနာဒဏ်ရာမရှိသော ဝမ်းဗိုက်ဖောင်းကားပြီး ပုံစံကျန လှပသော မျိုးငါးအမများကို သားဖောက်ရန် ရွေးချယ်ပါ။ ကျန်းမာသန်စွမ်းပြီး ဖျတ်လတ်သော ငါးအထီးများကို ရွေးချယ်ပါ။

.၂။ သားဖောက်ကန်

အကျယ်အဝန်း ၁၀-၂၀ စတုရန်းမီတာ ရှိသင့်ပါသည်။ သားဖောက်မည့် ငါးအရေအတွက်ကို မူတည်၍ နေရာလိုအပ်ပါသည်။ ရေအနက်သည် ၀.၄ မှ ၀.၈ မီတာ ရှိရပါမည်။ သားဖောက်ကန်ကို တိတ်ဆိတ်ငြိမ်သက်သောနေရာတွင် ထားရပါမည်။ ဆူညံသံများသည် ငါးများကို ထိတ်လန့်စေနိုင်ပါသည်။

.၃။ ငါးကို ဟိုမုန်းဆေးထိုးခြင်း

LH-LRH နှင့် HCG ဟိုမုန်းများကို အသုံးပြုလေ့ရှိပါသည်။ အောက်ပါအဆအတိုင်း ဆေးထိုးရပါမည်။

အမကို ဆေးထိုးခြင်း

အမတစ်ကီလိုလျှင် LH-LRH ၈၀- ၁၀၀ mg

အမတစ်ကီလိုလျှင် HCG ၂၅၀၀-၃၀၀၀ IU

အထီးကို ဆေးထိုးခြင်း

အမကို ဆေးထိုးသော အဆ၏ ထက်ဝက်ကို အသုံးပြုရပါမည်။ (Intramuscular) ပါးဟတ်အနောက်ဘက်တွင် ဆေးထိုးရမည်။

ငါးဥချခြင်း

ဆေးထိုးပြီး ၆-၈နာရီ အကြာတွင် စတင်မိတ်လိုက်ပါသည်။ ဥချခြင်းမှာ ၂-၃ နာရီခန့် ကြာနိုင်ပါသည်။

အထီးအမတွဲခြင်း

အထီး ၂ ကောင် အမ ၁ ကောင် နှုန်းတွဲပေးပါ။

သားပေါက်နှုန်း

သားပေါက်ရာသီတွင် ဆေးထိုးသားဖောက်ခြင်းမှ ၃၆-၁၀၀ အထိ ဥချပါသည်။ သန္ဓေအောင်နှုန်းမှာ ၈၂ - ၉၃% ခန်းရှိပါသည်။ သားပေါက်နှုန်းမှာ ၈၇% ရှိပါသည်။

Source - MYSAP Inland

 

 

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်