ငါး/ပုစွန်မွေးမြူရေးမှာ ဖြည့်တင်းပေးသင့်တဲ့ ကယ်လ်ဆီယမ်ဓာတ်

31/10/2023 15:00 PM တွင် သက်နိုင်(ငါးဦးစီး - ငြိမ်း) သက်နိုင်(ငါးဦးစီး - ငြိမ်း) မှ ရေးသား

ငါး/ပုစွန်မွေးမြူရေးတွင် ပိုမိုကောင်းမွန် အရည်အသွေးပြည့်ဝသည့် အစာဖြစ်စေရန် ငါး၊ပုစွန်အလိုက်လိုအပ်သည့် သတ္တုဓာတ်နှင့်ဗီတာမင် ဓာတ်များ ပေါင်းစပ်ဖြည့်စည်းပေးခြင်းပင် ဖြစ်သည်။

သတ္တုဓာတ် (Mineral) သည် ငါးပုစွန်မွေးမြူရေးတွင် မရှိမဖြစ် လိုအပ်သည့် အရာဖြစ် သည်။ ခန္ဓာကိုယ်နှင့် အရိုးများ ကြံ့ခိုင်သန်စွမ်းမှု၊ အကြေးခွံ (Scale) နှင့် အခွံ (Shell)များ တောက်ပသန်စွမ်းမှုတို့အတွက် လိုအပ်သောအရာဖြစ်သည်။ ယင်းသည် ကြီးထွားမှု အတွက်တဆင့်ခံ ထောက်ပံ့ပေးသည်။ ဥပမာ-အကြေးခွံရှိသောငါးများနှင့် ရေချိုရေငန်ပုစွန်များအတွက် သတ္တုဓာတ်တစ်မျိုးဖြစ်သည့် Calcium (Ca) သည် မရှိမဖြစ် လိုအပ်သည်။ ငါးများကြီးထွားမှုအတွက် အကြေးခွံသန်မာဖွံ့ဖြိုးရန်လိုသည်။ ရေချိုရေငန်ပုစွန်များသည်လည်း ကြီးထွားရန်အခွံလဲခြင်း (Moulting) ပြုလုပ်သဖြင့်အခွံများပြန်လည် မာလာစေရန် Calcium လိုအပ်သည်။ အခွံမကြာခဏလဲလေ ကြီးထွားမှုကောင်းလေ ဖြစ်သည်။ ယင်းအတွက် လိုအပ်သည့် Calcium ဓာတ်ကျွေးပေးရမည် ဖြစ်သည်။

ရေနေသတ္တဝါများတွင် ကယ်လစီယမ် (Ca) သည် အရေးကြီးဆုံး သတ္တုဓာတ်များထဲမှ တစ်ခု ဖြစ်သည်။ ရေနေမျိုးစိတ်များတွင် ဇီဝကမ္မဖြစ်စဉ်များစွာနှင့် ပုံမှန်ကြီးထွားမှု အရိုးဖွံ့ဖြိုးမှုတို့အတွက် မရှိမဖြစ် လိုပါသည်။ ငါးများသည် သဘာဝတွင် ပတ်ဝန်းကျင်ရေမှ Ca ကို စုပ်ယူကြသည်။ ဇီဝကမ္မဖြစ်စဉ်တစ်ခုလုံး Ca လိုအပ်ချက်ကြောင့် ရေတွင် Ca ဓါတ်မြင့်မားစွာ ပါဝင်ရန် လိုသည်။ Ca သည် အချို့သော ရေနေမျိုးစိတ်များအတွက် အရေးမကြီးသော်လည်း အချို့မျိုးစိတ်များအတွက် မရှိမဖြစ်လိုအပ်သည်။ မွေးမြူရေးတွင် သဘာဝမှ Ca ဓာတ်လုံလောက်စွာမရနိုင်သဖြင့် Ca ဓာတ်ကို Dietary Ca Supplement အဖြစ် ဖြည့်တင်းပေးရမည် ဖြစ်သည်။

Ca ကဲ့သို့ပင် ဖော့်စပရပ်စ် (P) ဓာတ်သည်လည်း Carps အုပ်စုဝင်ငါးများအတွက် မရှိမဖြစ် လိုအပ်သည်။ ပုစွန်များအတွက် အခွံလဲချိန် (Moulting) တွင် အခွံပြန်မာလာစေရန် Ca ပြန်လည်ဖြည့်တင်းရေး လိုအပ်သည်။ ယင်းကို “Calcification” ဟုခေါ်သည်။ ပတ်ဝန်း ကျင်ရေမှ Ca ကို ပုစွန်များက စုပ်ယူအသုံးပြုနိုင်‌သော်လည်း အစားအစာမှ တဆင့် Ca စုပ်ယူမှုမှာ ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ မဂ္ဂနီဆီယမ် (Mg) ကိုလည်း အစား အစာမှ အဓိကစုပ်ယူသည်။ ပုစွန်များသည် အခွံလဲပြီးပါက ပုံမှန်အားဖြင့် (၄) နာရီမှ (၆) နာရီ အတွင်း ပြန်လည်အခွံမာလာပြီး ပုံမှန်အတိုင်း သွားလာလှုပ်ရှားနိုင်ပြီ ဖြစ်သည်။ အခွံလဲချိန်တွင် ပုစွန်များသည် အကာအကွယ်နေရာများ၌ လဲလျောင်းပြီး ငြိမ်သက်စွာ နေလေ့ရှိသည်။ အခွံပြန်လည်မမာခင်အချိန်အတွင်း အခြားပုစွန်က တွေ့ရှိသွားလျှင် အကောင်ကြီးသော်လည်း ပြန်လည်တုန့်ပြန်နိုင်မှုမရှိသဖြင့် အချင်းချင်းစားသည့်ဓလေ့ရှိသည့်ပုစွန်ငယ်၏ စားခြင်းကိုခံရမည်ဖြစ်သည်။ Ca ပေါ်မှုတည်၍ အမြန်ဆုံး အခွံပြန်မာလာရေးသည် ထွက်နှုန်းကောင်းရေးအတွက် အထူးပင်အရေးကြီးပါသည်။ သို့ဖြစ်၍ မွေးမြူရေးငါးပုစွန်များအတွက် Dietary Supplement အဖြစ် အစာတွင် ဖြည့်စွက်ပေါင်းစပ်ကျွေးရခြင်း ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် မွေးမြူထားသည့် ငါးပုစွန်များ ရှင်သန်ကြီးထွားနှုန်း ကောင်းမွန်ရေးသည် မွေးမြူသည့် စနစ်အလိုက် အစာ၏ အရည်အသွေးနှင့် အစာကျွေးခြင်း စီမံခန့်ခွဲမှုများ ကောင်းမွန်ရုံမျှမက ကန်ရေ၏ အရည်အသွေးနှင့် ကန်ထိန်းသိမ်းပြုပြင် စီမံခန့်ခွဲမှုများ ရောဂါကာကွယ်ခြင်းဆိုင်ရာ ထိန်းသိမ်းစီမံခန့်ခွဲခြင်းများစသည်ဖြင့် ဘက်ပေါင်းစုံမှ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းနိုင်မှသာလျှင် မိမိလိုချင်သည့် ရည်မှန်းချက်သို့ ဆုံးရှုံးမှု အနည်းဆုံးဖြင့် အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ကြောင်း ရေးသားအကြံပြုအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်