ကမ်းဝေးငါးဖမ်း၊ ငါးသည်ရေယာဉ်များတွင် Vessel Monitoring System-VMS ကို စက်တင်ဘာလ ၁ ရက်နေ့အ မီ အပြီးတပ်ဆင်မည်

24/06/2019 10:15 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ ဇွန် ၂၀ ရက်။ 

ကမ်းဝေးငါးဖမ်း၊ ငါးသည်ရေယာဉ်များတွင် Vessel Monitoring System-VMS ကို လာမည့် ငါးဖမ်းရရာသီဖြစ်သော စက်တင်ဘာလ ၁ ရက်နေ့အမီ အပြီးတပ်ဆင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က ပြောသည်။ 

ရန်ကုန်မြို့ရှိ Lotte Hotel တွင် ဇွန်လ ၂၀ ရက်က ကျင်းပပြုလုပ်သည့် ငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှု အတွေ့အကြုံများဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"VMS တပ်ဆင်မယ့် သင်္ဘောကုမ္ပဏီအနေနဲ့ သူတို့ကြိုက်နှစ်သက်တဲ့ ကုမ္ပဏီနဲ့ တပ်ဆင်ပါ။ ဆရာတို့ကတော့ ဘယ်အချက်တွေပါရမယ်ဆိုတဲ့ သုံးစွဲမယ့် အချက်အလက်ကိုပဲ အဓိကထားပြီးတော့ လုပ်တယ်။ အခုနောက်ဆုံးခေါ်တဲ့ ဆော့ဖ်ဝဲလ်က ဘယ်ဆော့ဖ်ဝဲလ်သုံးမယ်ဆိုတာ တင်ဒါခေါ်တာပါ။ အသေးစိတ်ကတော့ ပညာရှင်တွေက ပိုပြီးတော့ သိမှာပေါ့။ အခုလောလောဆယ်က ခေါ်ထားတာ ပဲရှိသေးတော့ ဘယ်နိုင်ငံတွေဆိုတာ မသိသေးဘူး။" ဟု အမြဲတန်းအတွင်းဝန် ဒေါက်တာခင်ဇော်က ပြောသည်။ 

VMS စနစ်တပ်ဆင်ခြင်းကြောင့် ငါးဖမ်းစက်လှေများ၏ သွားရာလမ်းကြောင်း၊ ငါးဖမ်းဆီးသည့်ဧရိယာ၊ ငါးဖမ်းဆီးနှုန်းနှင့် တရားမဝင်ငါးဖမ်းခြင်း အစရှိသည်တို့ကို ငါးလုပ်ငန်းဦးစီးဌာနကသိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပင်လယ်ပြင် ငါးဖမ်းဧရိယာသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကထက် ယခုအခါ ရေပေါ်ငါး ၉၀ ရာခိုင်နှုန်း၊ ရေအောက်ငါး ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း ဝန်းကျင်းခန့် လျော့နည်းသွားခြင်းကြောင့် တရားမဝင်ငါးဖမ်းဆီးခြင်းများကို သေသေချာချာ ထိန်းချုပ်မှသာလျှင် ငါးသယံဇာတ မပြုန်းတီး၊ မလျော့ပါးဘဲ သယံဇာတအတိုင်း ရေရှည်ထုတ်လုပ်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ယခင်က VMS တပ်ဆင်ခြင်းကို ပြင်သစ်ကုမ္ပဏီတစ်ခုထံမှ ချေးငွေရယူကာ ဆောင်ရွက်မည်ဟု ပြောဆိုထားသော်လည်း ယခုအခါချေးငွေဖြင့် မဆောင်ရွက်ဖြစ်တော့ဘဲ တင်ဒါခေါ်ယူပြီးသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

"ဆရာတို့ အခုငါးမဖမ်းရရာသီ သတ်မှတ်ထားတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ဇွန်၊ ဇူလိုင်၊ သြဂုတ်ပေါ့။ အဲ့တော့ စက်တင်ဘာလ တစ်ရက်နေ့မှာ ပြန်ပြီးတော့ ငါးဖမ်းမယ် ။ ဒီတစ်ရက်နေ့အမီ တပ်ဆင်နိုင်အောင်လို့ လုပ်နေတယ်။ အဲ့တော့ စက်တင်ဘာလ တစ်ရက်နေ့မှာစပြီးတော့ VMS ကို တပ်ဆင်နိုင်အောင်လို့ ဝန်ကြီးဌာနရော ငါးလုပ်ငန်းဦးစီးဌာနရော အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။" ဟု စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က ပြောသည်။ 

ထို့အပြင် VMS တပ်ဆင်ထားသော ငါးဖမ်းရေယာဉ်များကို နေပြည်တော်ရုံးချုပ်အပါအဝင် ကမ်းရိုးတန်းဒေသများဖြစ်သော ရန်ကုန်၊ မော်လမြိုင်၊ ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီတို့တွင် ယင်းငါးဖမ်းရေယာဉ်များအား စောင့်ကြည့်ထိန်းချုပ်မည့် နေရာများအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး တပ်မတော်ရေယာဉ်၊ ရေကြောင်းရဲများတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် ငါးလုပ်ငန်းဦးစီးဌာနရှိ Vessel Monitoring Control Center တွင် တပ်ဆင်မည့် ရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးဆော့ဖ်ဝဲလ် (Vessel Monitoring System – VMS Software) အတွက် တင်ဒါလျှောက်ထား လိုသည့် နိုင်ငံတကာလုပ်ငန်းရှင်/ ကုမ္ပဏီများကို ဖိတ်ခေါ်ထားကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်