ကျွဲစာ နွားစာ

19/08/2019 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံတွင် ကျေးလက်တောရွာအနီးအပါးများ၌ ကျွဲ စားကျက်၊ နွားစားကျက်ဟူ၍ သတ်မှတ်ထားသော မြက်ခင်းများကို တွေ့နိုင်ပေသည်။ ကျွဲစားကျက်များ ထားရှိသည့်အပြင် ကောက်ရိုး၊ ပြောင်းရိုး စသည်တို့ကိုလည်း သိုလှောင်ထားတတ် ကြသေးသည်။ ဧက (၂ဝ) ခန့်ရှိသော တောင်သူတစ်ယောက်သည် မြေ (၈) ဧကခန့်ကို ဝါစိုက်၍ (၈) ဧကခန့်ကို နှမ်းစိုက်ပြီးလျှင် ကျန် (၄) ဧကကို နွားစားပြောင်း စိုက်လေ့ရှိ၏။

အချို့မြေပဲစိုက်သောသူတို့သည် မြေပဲကို မတူးဖော်မီ ပဲရိုးများကိုဖြတ်၍ ထိုရိုးဖြတ်များကို ကျွဲစာ၊ နွားစာအဖြစ် သိုလှောင်ထားတတ်ကြသည်။ ဤနည်းဖြင့် သန့်ရှင်း၍ ကောင်းသော နွားစာမြေပဲရိုးရ၏။ သို့ရာတွင် စရိတ်ကြီးသဖြင့် ယခုအခါ ဤနည်းကို အသုံးပြုသူနည်းလေပြီ။ အများအားဖြင့်၊ ပဲရိုးကို ထွန်နှင့်တိုက်၍ ဖြတ်ကြသည်ကများ၏။ ထွန်နှင့်တိုက်သောအခါ ပဲရိုးများသည် မြေကြီးနှင့် ရောထွေးနေသဖြင့် နွားစာအတွက်ဖြတ်သော အရိုးလောက် မကောင်းလှချေ။ ဤသို့ ကျွဲစာ၊ နွားစာများကို သိုလှောင်ထားခြင်းအားဖြင့် ကျွဲနွားများ ကျွေးမွေးရန်အစာကို တစ်ရာသီနှင့် တစ်ရာသီ အဆက်မပြတ် ရရှိနိုင်ကြပေသည်။

မြန်မာနိုင်ငံအောက်ပိုင်း၌ မိုးဦးကျအချိန်မှစ၍ ကောက်စိုက်သည့်အချိန်အထိ ကျွဲနွားများ ကျွေးမွေးရန်အတွက် နွေရာသီကပင် ကောက်ရိုးများကို ကုန်းကျ၍ ရေမဝပ်နိုင်သောနေရာများတွင် စုပုံထားတတ်ကြသည်။ မိုးတွင်းအခါ ရေလွှမ်းသော ဒေသများတွင်မူ၊ စင်များဆောက်လုပ်၍ သိုလှောင်ထားတတ်ကြ၏။ ထို့ပြင် မိုးရေကြောင့် ကောက်ရိုးများ မပျက်စီးစေရန်အတွက်လည်း ကောက်ရိုးပုံများကို အမိုးမိုးပေးထားတတ်ကြ၏။ မိုးတွင်းအခါ ကန်သင်းရိုးနှင့် လယ်ကြိုလယ်ကြားတွင်ပေါက်သော မြက်များကို ရိတ်၍ ကျွဲနွားများကို ကျွေးမွေးနိုင်ကြသော်လည်း များသောအားဖြင့် လောက်လောက်ငင မကျွေးနိုင်ကြပေ။ မြေပဲဖတ်၊ နှမ်းဖတ်၊ ဝါစေ့ဖတ်၊ ဖွဲနု၊ ဆန်ကွဲ၊ ပဲမှော်တို့ကိုလည်း၊ ကျွဲစာ၊ နွားစာအဖြစ် အသုံးပြုတတ်ကြရာ ယင်းတို့ကိုလည်း သိုလှောင်ထားတတ်ကြပေသည်။ စဉ်းပြီးသားကောက်ရိုး ပြောင်းရိုးတို့နှင့်အတူ မြေပဲဖတ်၊ နှမ်းဖတ်၊ ပဲမှော် စသည်တို့ကို ရောနယ်၍ ကျွေးမွေးလျှင် ကျွဲနွားများအဖို့ အာဟာရဓာတ် ပို၍ဖြစ်၏။ ရှားပါးသော အချို့အရပ်များတွင် ပေအူ၊ ထန်းအူများကိုပင် ကျွဲစာ၊ နွားစာအဖြစ် ကျွေးမွေးကြရသည်။ ကျွဲစာ၊ နွားစာဖြစ်သော မြက်များမှာ မြက်ဝိုင်း၊ မြက်ကြား၊ ဘဲစာမြက်၊ မြက်ချို၊ ဝါးရုံမြက်၊ မြက်မှား၊ မြက်ခါး၊ မြက်လူး စသည်တို့ ဖြစ်ကြသည်။

ကျွဲနွားတိရစ္ဆာန်များကို သီးသန့်မွေးမြူသည့် အနောက်နိုင်ငံများတွင်မူ ထိုတိရစ္ဆာန်တို့အတွက် အစာဖူလုံရအောင် မြက်အပြင် ပဲပင်အမျိုးမျိုးလည်း အထူးစိုက်ပျိုးထားကြသည်။ ပဲပင်များကို စိုက်ပျိုးရခြင်း၏ အကြောင်းရင်းတစ်ရပ်မှာ ထိုတိုင်းပြည်များတွင် ဆောင်းဥတု၏အအေးဒဏ်ကို မြက်က ခံနိုင်ရည်မရှိသောကြောင့် ဖြစ်သည်။

ကျွဲစာ နွားစာအတွက် မြက်၊ ပဲပင်တို့ကို စိုက်ပျိုးကြရာ၌ တိရစ္ဆာန်များအတွက် လိုအပ်သည့် ပရိုတင်း အချိုဓာတ် အစရှိသော အာဟာရဓာတ်များ မပျက်ပြားသွားစေရန် မြက်ကို ပွင့်ချိန်တွင် ရိတ်သိမ်းကြသည်။ တစ်ခါတစ်ရံ လယ်တစ်ကွင်းထဲမှ တစ်နှစ်လျှင် (၂) ကြိမ် (၃) ကြိမ်မျှ ရိတ်သိမ်းရသည်၊ ရိတ်ပြီးသည့်မြက်ကို လယ်ကွင်းထဲတွင် (၃) ရက်ခန့် အခြောက်လှန်းထားလေ့ရှိသည်။ ထို့နောက် မြက် အခြောက်မမြန်လွန်းရအောင် ထွန်ခြစ်များဖြင့် အစုလိုက်၊ အပုံလိုက်ပြုလုပ်၍ ရက်သတ္တတစ်ပတ်မျှ လယ်ကွင်းထဲ၌ ထားရပြန်သည်။ ပြီးမှ ကျီများသို့ မြက်ခြောက်ကို သယ်ယူသိုလှောင်ထားကြသည်။ ယခုအခါ မြက်ကို ရိတ်သိမ်းသိုလှောင်ခြင်း၊ အသယ်ရအသိုရ လွယ်ကူအောင် သိပ်သည်းစွာစည်းနှောင်ခြင်း အစရှိသော လုပ်ငန်းကိစ္စအဝဝတို့ကို စက်ဖြင့် ဆောင်ရွက်လျက်ရှိကြရာ လုပ်ငန်းမှာ ပိုမိုလွယ်ကူလာသည်။ ထို့ပြင် မြက်စိုကို မူလအာဟာရဓာတ်များ မပျက်ပြားစေဘဲ၊ ခြောက်သွေ့လာစေနိုင်သည့် စက်ကို အသုံးပြုနိုင်ပြီဖြစ်၍ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းသည် တိုးတက်လာလေသည်။

Source: https://my.wikipedia.org/wiki/ကျွဲစာ_နွားစာ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်