ပူးပေါင်းဆောင်ရွက်မှုနည်းရင် မိုးခေါင်ရေရှားဒေသဖွံ့ဖြိုးဖို့ အချိန်ပိုကြာမယ်(အင်တာဗျူး)

Myanmar Now     22/01/2018 11:20 AM     Content Provider - Greenway
Photo - TDH

မိုးခေါင်ရေရှားဒေသ စိုက်ခင်းတွေ အကြောင်း TDH( Terre Des Hommes Italy) အဖွဲ့ကပြောပြထားပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်း မိုးခေါင်ရေရှားဒေသမှာ စိုက်ပျိုးရေး အတွက်အဓိက အခက်အခဲကရေ ရရှိဖို့ပါ။ဒေသခံတွေဟာသောက်ရေသုံးရေ အတွက်တောင်၁မိုင် နီးပါးသွားပြီး သယ်နေရတာကြောင့်အိမ်နောက်ဖေး စိုက်ခင်းရေလောင်းဖို့  အခက်အခဲ ရှိပါတယ်။

မန္တလေးတိုင်းဒေသကြီး၊တောင်သာ၊မြင်းခြံမြို့နယ်တွေထဲက၂၂ရွာမှာတော့နိုင်ငံတကာ အဖွဲ့တစ်ခုဖြစ်တဲ့Terre des Hommes Italy (TDH) က  ရေအကုန်အကျသက်သာစေတဲ့အစက်ချစိုက်ပျိုးရေး နည်းစနစ်ကို အသုံးပြုဖို့စီစဉ်ပေးထားပါတယ်။   ဒီနည်းလမ်းကြောင့်ဒေသခံတွေဟာ လတ်ဆတ်တဲ့အသီးအနှံကို အချိန်မရွေး စားသုံးနိုင်ပါပြီ။

TDH အဖွဲ့ရဲ့မန္တလေးတိုင်းဒေသကြီး တာဝန်ခံဒေါ်ခင်မာဦးနဲ့မကြာသေးခင်တွေ့ဆုံရာမှာ သူက မိုးခေါင်ရေရှားဒေသရဲ့ရေ အမျိုးအစား၊တနိုင်တပိုင်စိုက်ခင်းအတွက်နည်းပညာနဲ့ငွေ အရင်းအနှီး၊အကူအညီပေးရေး အဖွဲ့တွေချိတ်ဆက်ဆောင်ရွက်ဖို့လိုအပ်ပုံတွေ အကြောင်းပြောပြထားပါတယ်။

(၁) ေမး။       ။ ဒီဒေသရဲ့စိုက်ပျိုးရေးအတွက်အခက္အခဲဆံုးဖြစ်နေတာက ဘာလဲ။

ဖြေ။    ။ဒီဒေသတွေဟာမြန်မာနိုင်ငံမှာရေ အခက်အခဲဆုံးဒေသပဲ။ရေရဲ့အရည်အသွေးရော၊အရေအတွက်ရောဖြစ်နေတာ။အရေအတွက်အားဖြင့်ရေတွင်း၊ရေကန်လုံလုံလောက်လောက် မရှိဘူး။အရည်အသွေးမှာလည်း ငန်နေတာမျိုးလို တိရိစ္ဆာန်တွေ အတွက်တောင်အဆင်မပြေတာတွေ ရှိတယ်။မိုးတွင်းလောက်ပဲရေဖူဖူ လုံလုံရတာ။ဆောင်းနဲ့နွေဆိုရင်ရေပြဿနာတော်တေ်ာ ဖြစ်တယ်။နောက်ပြီးဒီဒေသတွေဟာ တိရစ္ဆာန်မွေးမြူရေးနဲ့စိုက်ပျိုးရေးကို မှီခိုရတဲ့ဒေသ။

 ပြီးခဲ့တဲ့၅နှစ်ကျော်လောက်ကဆိုရင်မိုးခေါင်တဲ့ ပြဿနာကတော်တော့်ကို ဆိုးဝါးတယ်။နောက်အာဟာရပြတ်လို့သေတာမျိုး အဆင့်ထိဖြစ်ခဲ့တယ်။ဒေသခံတွေရဲ့၈ဝ ရာခိုင်နှုန်းလောက်က ရွှေ့ပြောင်း လုပ်သားတွေဖြစ်သွားတယ်။စိုက်ပျိုးရေးမှာလည်း မိုးတစ်ရာသီပဲ လုပ်လို့ ရတယ်။မိုးခေါင်ရေရှားဒေသမှာ မန္တလေးတိုင်းက ပိုဆိုးတယ်။အဲဒီထဲမှာမှမြင်းခြံ၊ညောင်ဦးတို့ဆိုရင်ရေကတော်တော့်ကို ဆိုးခဲ့တာ။မြင်းခြံမှာဆို ဟင်းသီးဟင်းရွက်စိုက်ဖို့လုံးဝကို အဆင်မပြေတာ။ပဲ၊နှမ်းတွေတောင်တချို့နေရာတွေမှာ အဆင်မပြေတာတွေဖြစ်တာ။အခုလေး ငါးနှစ်လောက်မှနည်းနည်းပြန် အဆင်ပြေလာတာ။

(၂) ေမး။       TDHအဖဲြ႔ကဒီဒေသမှာဘာတွေလုပ်ဆောင်နေပါသလဲ။

ဖြေ။     ။၂ဝ၁၄ခုနှစ်က မကွေးတိုင်းမှာ စတယ်။၂ဝ၁၅ခုနှစ်မှာတော့မန္တလေးတိုင်းမှာ လုပ်တယ်။အဓိကအားဖြင့်စိုက်ပျိုးရေးနဲ့ရေရရှိမှုနဲ့ပတ်သက်တာတွေလုပ်တယ်။စိုက်ပျိုးရေးမှာလည်း အာဟာရ ပြည့်ဝတဲ့ဟင်းသီးဟင်းရွက်ထုတ်လုပ်တာနဲ့မြေယာမဲ့တောင်သူတွေစိုက်ပျိုးလို့ရတာကို လုပ်တယ်။ရေရရှိမှုအတွက်ရေတွင်း၊ရေကန်တူးတာတွေ၊ရေကန် ပြုပြင်တာတွေလုပ်တယ်။

(၃) ေမး။       ။ TDHရဲ႕စီမံကိန်းဒေသမှာရေ အစက်ချ စိုက်ခင်းမျိုးတွေကို ကိုယ်ပိုင်ငွေကြေးနဲ့ ထပ်တိုးချဲ့ဖို့အင်အား မရှိတာကိုတွေ့ရတယ်။ဘာ့ကြောင့်လို့ ယူဆလဲ။

ဖြေ။     ။အဓိက ကတော့ငွေကြေးပါပဲ။ကျွန်မတို့လည်း လုပ်နေရင်း ဒီအခက်အခဲ ကိုတွေ့ပါတယ်။ကျွန်မတို့အဓိက ရည်ရွယ်တာက နည်းပညာကို ထိုးဖောက်ဖို့၊နောက်ပိုင်း သူတို့ဆက်ပြီး လုပ်နိုင်ဖို့ဆိုရင်သူတို့ ကငွေမတတ်နိုင်ဘူး၊ နောက်ပြဿနာက အချိန်ပါ။ တခြား အလုပ်တွေနဲ့ဒီစိုက်ခင်း ကိုရေမပြတ်အောင်ဂရုစိုက်ပေးဖို့အချိန် မရတာလည်း ပါတယ်။တောင်သာမြို့နယ် ကအေးရွာဆိုတဲ့ ရွာကဒေသခံ တစ်ဦးကခြံ၅ခြံလောက်ကို တိုးချဲ့ပြီး စျေးကွက် အထိ ထိုးဖောက်နိုင်သေးတယ်။ ဆက်လုပ်ဖို့ဆိုတာ သူတို့ရဲ့စိတ်ဝင်စားမှုပေါ်လည်း မူတည်တယ်။အခုလုပ်နေတာက မိသားစု ပုံစံလောက်ပဲ ရှိတာ။သူတို့ရှေ့ဆက်လုပ်ဖို့က ပိုက်ဆံရမှ ဆိုတာလိုပေါ့။ကျွန်မတို့ အခု လုပ်ပေးတာကလည်း နမူနာ စိုက်ခင်းမျိုးတွေ။အဲ့ဒါကို ကြည့်ပြီးတော့မှတကယ် လုပ်နိုင်မယ့်သူတွေပေါ်လာမှာပါ။

(၄) ေမး။       ။မိုးခေါင်လို့ရေနည်းပါးတဲ့နှစ်တွေအတွက်ဘယ်လို စီစဉ်ကြမလဲ။

ဖြေ။     ။မှန်ပါတယ်။တချို့ရွာတွေဆို ကျွန်မတို့ နည်းပညာကိုကြိုက်ကြတယ်။အဓိက အခက်အခဲ ကရေပဲ။ရေ လုံလောက်ဖို့ လိုတယ်၊ရေကောင်းဖို့ လိုတယ်။ကျွန်မတို့ ရွာတွေကိုရောက်ရင်ရေကို တိုင်းကြည့်တော့အချဉ်ဓာတ်နဲ့အငန်ဓာတ်တော်တော်လေးများတဲ့ပြဿနာတွေ ရှိတယ်။ရေကို ရတဲ့နေရာ ကမြေအောက် ပိုက်လိုင်းနဲ့သွယ်တာတို့ကို တခြား အဖွဲ့တွေလည်း လုပ်တယ်။ ကျွန်မတို့ အဖွဲ့လည်း လုပ်တယ်။ဒါပေမယ့်ကျွန်မတို့မှာလည်း ဘတ်ဂျက်ကိစ္စရှိတော့အများကြီး မလုပ်နိုင်ဘူး။နှစ်ရွာလောက်ပဲ လုပ်နိုင်တာ။တွင်းတူး ပြန်ရင်လည်း တချို့နေရာတွေမှာ အဆင်မပြေတော့သူတို့က တခြားရွာကနေ ဝယ်သောက် ရတယ်။ကျွန်မတို့ရဲ့ဦးတည်ထားတဲ့ ရွာတွေကရေပြဿနာဟာ အဓိက စိန်ခေါ်မှုပဲ။ရေကို တချို့ရွာတွေမှာ တမိုင်ခွဲ၊နှစ်မိုင်လောက်ဝေးတဲ့နေရာကနေ သွားယူရတယ်။

(၅) ေမး။       မိုးခေါင်ရေရှားဒေသစိုက်ပျိုးရေး စီမံချက်မှာ တခြား ဘာ အခက်အခဲတွေ ကိုတွေ့ရလဲ။

ဖြေ။     ။အခက်အခဲကတော့ဒေသခံတွေရဲ့အချိန်ပေးမှုပဲ။သူတို့ကလည်းတနှစ်ပတ်လုံး အလုပ်လုပ်နေရတာ။ကျွန်မတို့ အစည်းအဝေးခေါ်ရင်အချိန်ပြည့် မတက်နိုင်ဘူး။တစ်နေ့လုပ်မှတစ်နေ့စားဆိုတော့ကျွန်မတို့က လည်းနေ့တွက်တွေ၊ ဘာတွေမပေးနိုင်ဘူး။နောက်တစ်ခုက ကျွန်မတို့ အဖွဲ့လို မိုးခေါင်ရေရှားဒေသမှာ လုပ်နေကြတဲ့ အဖွဲ့တွေက ရွာသားတွေနဲ့အစည်းအဝေး လုပ်မယ်ဆိုရင်အချင်းချင်း တိုင်ပင်တာမျိုးမရှိဘဲ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားကြတာ။တစ်ခါတလေကျတော့ကိုယ်က လုပ်မယ့်ရွာမှာ နောက်တစ်ဖွဲ့ကလည်း ရောက်နေပြန်ရော။ရွာက လူတွေက ဘယ်ကို တက်ရမှန်း မသိတော့ဘူး။

(၆) ေမး။       ။မိုးခေါင်ရေရှားဒေသမှာ ရွှေ့ပြောင်း လုပ်သားတွေက များလာတယ်။အဲဒီ ပြဿနာက ဒီဒေသဖွံ့ဖြိုးရေး လုပ်ဆောင်မှု အပေါ်ဘယ်လောက်အထိ သက်ရောက်မှုတွေရှိနေပါသလဲ။

ဖြေ။     ။ဘယ်လောက်ထိ သက်ရောက်လဲဆိုရင်အခု အလုပ်လုပ်တော့မယ်ဆို လူ မရှိတော့ဘူး။ရွာမှာ မသန်စွမ်းနဲ့ ကလေးပဲ ရှိတယ်။တောင်သူက ရိတ်သိမ်းချိန်ဆို လူမရှိဘူး။ရှိတဲ့လူက တနေ့ကို ကျပ်၅,ဝဝဝ၊၆,ဝဝဝလောက် လိုချင်တယ်။ရန်ကုန်လို မြို့ပြမှာ လုပ်ရင်လည်း သက်သက်သာသာ နဲ့နေ မပူဘဲနဲ့ဒီလောက်ရတော့(ကျေးလက်ဒေသ) နေပူကြီးမှာ မလုပ်ချင်ကြဘူး။တောင်သူကလည်းပဲ၁တင်းကိုမှ၄,ဝဝဝလောက် ရနေချိန်မှာ လုပ်အားခက၆,ဝဝဝဆိုတော့အဆင်မပြေဘူး။အဲဒီလို နဲ့တောင်သူကြီးကနေ လက်လုပ် လက်စားနဲ့ငွေတိုးချေးရတဲ့ အဆင့်ကိုဖြစ်ရော။ကျွန်မတို့ စီမံချက် စိုက်ခင်းတွေ လုပ်တော့သူတို့က စိုက်ထားပြီး တနေရာကိုထွက် အလုပ်လုပ်တယ်။ နီးစပ်ရာကို ဒါလေး ကြည့်ပေးထားပါ ဆိုပြီး ထားခဲ့တယ်။ ဒါမျိုးတွေလည်း ရှိတယ်။

(၇) ေမး။       ။အခုလိုဒေသခံတွေကို ကူညီနေတာမှအစိုးရဘက္ကေရာ ဘယ္လို ပံ့ပိုး ကူညီမႈေတြ ရလဲ။

ဖြေ။     ။ကျေးလက် ဦးစီး(ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန) ဆိုရင်ကျွန်မတို့နဲ့ တွဲလုပ်နေကြပါ။သူတို့ကလည်း ကျွန်မတို့ သိသလောက်ရွာတွေကို သင်တန်းပေးတာတွေ လုပ်တယ်။ဒါပေမယ့်ဒီထက်ထိထိရောက်ရောက်ချိတ်ဆက်ပြီး လုပ်နိုင်ရင်တော့ပိုကောင်းတာပေါ့။ဟိုးအရင်ကနဲ့စာရင်တော့တော်တော်ကြီးပြောင်းလဲ တိုးတက်လာတယ်လို့ကျွန်မပြောချင်တယ်။

(၈) ေမး။       ။တချို့နယ်တွေမှာ အစိုးရဌာန ဆိုင်ရာတွေနဲ့တောင်သူတွေကြားမှာ ပူးပေါင်းဆောင်ရွက်တာ အားနည်းနေတာကို တွေ့ရတယ်။အဲဒီ အချက်က ဒေသဖွံ့ဖြိုးရေးမှာ ဘယ်လို သက်ရောက်မှု ဖြစ်လဲ။

ဖြေ။     ။အဲဒါကလည်း အများကြီး သက်ရောက်ပါတယ်။စက်ဝိုင်းကြီးလို လည်နေတာလေ။ကျွန်မ အတွေ့အကြုံအရ မကွေးတိုင်းကဆောင်ရွက်မှု ပိုကောင်းတယ်။တောင်သူ၊အစိုးရ ဌာန၊INGO အားလုံးက ချိတ်မိတယ်။အဲဒီလို လုပ်နိုင်တဲ့ မြို့နယ်တွေကစျေးကွက် ပိုရလာတယ်။နည်းပညာတွေ ရလာတယ်။

(၉) ေမး။       ။ ဒီဒေသတွေရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို အစိုးရ အနေနဲ့ဘယ်လို ကဏ္ဍတွေမှာ အဓိက ဦးတည်ပြီး လုပ်ကိုင်ဖို့လုိတယ္လုိ႔ယူဆသလဲ။

ဖြေ။     ။မိုးခေါင်ရေရှားဒေသဆိုရင်ဒီဒေသရဲ့အဖြစ်အပျက်တွေကို သိထားရမယ်။အဲဒီဟာတွေနဲ့ ပတ်သက်ပြီး သုတေသနတွေ လုပ်ထားရမယ်။ဒီသုတေသနပေါ်မှာ အခြေခံပြီး အစိုးရ တစ်ခုတည်း မဟုတ်ဘဲ၊NGO၊INGO၊တောင်သူ အားလုံးက ချိတ်ဆက်တဲ့ဆက်သွယ်ရေး ကွန်ရက် အားကောင်းဖို့ လိုတယ်။နောက်တွေ့ ဆုံဆွေးနွေးပွဲတွေ လိုတယ်။လွှတ်တော် အမတ်တွေလည်း ကျွန်မတို့နဲ့ချိတ်ဆက်ဖို့ လိုတယ်။သီးခြားစီ သွားနေမယ်ဆိုရင်အောင်တော့အောင်မြင်ပေမယ့်၅နှစ် လုပ်ရမှာကို၁ဝနှစ်လောက် ဖြစ်သွားမှာပေါ့။  ။

ထက်ခေါင်လင်း၊အောင်ငြိမ်းချမ်း (Myanmar Now)



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ဖွဲထောင်းလို့ ဆန်ကောင်းမရ"