ငရုတ်တွင် ကျရောက်တက်သော ရောဂါများ

15/01/2019 20:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ခါးရိရောဂါ (Damping off)

ဤရောဂါသည် ပျိုးပင်၏ အပင်ခြေနားတွင် ညိုးနွမ်းခြင်းဖြစ်ကာ ပျိုးခင်းအဆင့်တွင် ဆိုးဝါးသော ရောဂါတစ်ခုဖြစ်သည်။ မျိုးစေ့များအား သီရမ်၊ ကက်တန်။ အဂရိုစန် (Agrosan) နှင့် ဒိုင်ဖိုလတန် (Difolatan) တို့ကို မျိုးစေ့ ၁ ကီလိုဂရမ်အတွက် ၃ ဂရမ်နူန်းဖြင့် လူးနယ်ကာ စိုက်ပျိုးခြင်းမှာ ဤရောဂါအား ကာကွယ်ရာတွင် ထိရောက်မှု ရှိသည်။

မှဲ့ပြောက်စွန်းရောဂါ

ဤရောဂါသည် အသီးပုပ်နှင့်ကိုင်းဖြားခြောက် ရောဂါဟုလည်း ခေါ်ဝေါ်ကြသည်။ ရောဂါလက္ခဏာသည် အသီးများ ကြီးထွားလာသော အခါ ဗဟိုတူစက်ဝိုင်းကွက်များ ဖြစ်ကာ ရေစိုနာကွက်များအဖြစ် ပေါ်လာသည်။ ရောဂါကျနေသော အမှိုက်သရိုက်များအား မီးရှို့ဖျက်ဆီးပစ်ခြင်း၊ ကက်တန် (သို့) သီရမ်ဖြင့် မျိုးစေ့အား လူးနယ်စိုက်ပျိုးခြင်းနှင့် ဘာဗင်စတင် (Bavistion) ၀.၂ % (သို့) ဒိုင်သိမ်းအမ် - ၄၅ တို့အား ၁၅ ရက်ခြား တစ်ကြိမ် ပက်ဖျန်းပေးခြင်းသည် ထိရောက်မှုရှိသည်။

ရွက်ပြောက်ရောဂါ

ရောဂါလက္ခဏာမှာ အရွက်ပေါ်နှင့် အရိုးတံပေါ်တွင် ဘဲဥပုံသဏ္ဍာန် သို့မဟုတ်  ရှည်မျောမျော ပုံသဏ္ဍာန် မီးခိုးရောင် ဗဟို အပြောက်များ ဖြစ်လာသည်။ ဤရောဂါအား ကာကွယ်ရန် ပျိုးပင်အား ဘာဗင်စတင် ၀.၂ % တွင် ထည့်၍ နှစ်ခြင်း(သို့) ပျိုးပင်အား ပက်ဖျန်းပေးခြင်းတို့ကို ပြုလုပ်သင့်ပါသည်။

ရွက်လိပ် ရွက်တွန့် ဗိုင်းရပ်စ် ရောဂါ

ဗိုင်းရပ်(စ်)ကြောင့် ဖြစ်ပေါ်သော ရောဂါဖြစ်ပြီး အရွက်များတွန့်လိမ်ခြင်း၊ ရွက်ကြောများကြားတွင် ရှုံ့တွခြင်း၊ အဖုအဖောင်းများ ဖြစ်ပေါ်ခြင်းနှင့် ရွက်ကြောများ ထူလာခြင်းတို့ ဖြစ်သည်။ ကနဦးအဆင့်တွင် ကြားအဖူးများသည် အရွယ်အစားသေးပြီး အစုလိုက်ဖြစ်ပေါ်လာသည်။ ၎င်းသည် ယင်ဖြူကြောင့် ကူးစက်ပျံ့နှံ့သည်။ ကာကွယ်နှိမ်နင်းရန် နည်းလမ်းများမှာ ရောဂါကျနေသော အပင်များအား ဖယ်ရှားပစ်ခြင်း၊ ယင်ဖြူအား မြေတစ်ဟက်တာလျှင် ဖြူရာဒန် ၁.၅ ကီလိုဂရမ်နှုန်းဖြင့် ထည့်ပေးခြင်း၊ ရိုဂေါ (သို့) မီတာစန်တော့ ၀.၂ % ပိုးသတ်ဆေးများကို ၁၅ ရက်ခြား တစ်ကြိမ် ပက်ဖျန်းပေးခြင်းတို့ဖြစ်သည်။

ကောင်းမြတ် (၂၀၀၂ ရေဆင်း)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်