ဇီဝနည်းဖြင့် ခိုက်တိုစန်ပြုလုပ်နည်း
တောင်သူဦးလေး ဒေါ်လေးတို့ ခိုက်တိုစန်ဆိုတာ ကြားဖူးပါသလား။ ခိုင်တိုစန်ဆိုတာကတော့ သဘာဝ အော်ဂဲနစ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ကျောရိုးမဲ့သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပိုလီမာတစ်မျိုးကို ဇီဝနည်း (သို့မဟုတ်) ဓာတုနည်းများနဲ့ထုတ်ယူပြီး ခိုင်တိုစန်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးပြုကြပါတယ်။ ဒါ့အပြင် ခိုင်တိုစန်ကို စိုက်ပျိုးရေးမှာသာမက စားသောက်ကုန်၊ အလှကုန်၊ ဆေးဝါးများထုတ်လုပ်ခြင်းနဲ့ ထိခိုက်ဒဏ်ရာများ ကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။ ခိုက်တိုစန်ရရှိနိုင်တဲ့ အရင်းအမြစ်တွေကတော့ ကျောရိုးမဲ့သတ္တဝါမျိုးရင်းတွေ၊ မှိုတွေရဲ့ဆဲလ်နံရံတွေနဲ့ တစေးတို့ပဲ ဖြစ်ပါတယ်။
ခိုက်တိုစန်ကို မျိုးစေ့ဖုံးဓာတုဆေးရည်အဖြစ် အသုံးပြုခြင်း၊ ရွက်ဖျန်းဆေးအဖြစ်အသုံးပြုခြင်းနဲ့ မြေဆီလွှာတိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်း စသည်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးပြုကြပါတယ်။ အစိမ်းရောင်လမ်းဆော့ဝဲလ်ထဲမှာဆိုရင် "ခိုက်တိုစန်အကျိုးကျေးဇူးနှင့် ပြုလုပ်ပုံအဆင့်ဆင့်" ဆိုတဲ့ ဆောင်းပါးမှာ ခိုက်တိုစန်ပြုလုပ်ခြင်းကို မျှဝေပြီးသားဖြစ်ပေမယ့် ယခုဆောင်းပါးမှာတော့ တောင်သူတွေ လက်လှမ်းမီလောက်တဲ့ ဇီဝနည်းနဲ့ ခိုက်တိုစန် ပြုလုပ်ခြင်း အဆင့်ဆင့်ကို ထပ်မံမျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ဇီဝနည်းဖြင့် ခိုက်တိုစန်ပြုလုပ်ခြင်း
၁။ အတွင်းသား ဖယ်ထုတ်ထားသော ဂဏန်းခွံများကို နေပူတွင် (၁ -၂) ရက်ခန့် အခြောက်ခံပါ။
၂။ အခြောက်ခံပြီးပါက ဂဏန်းခွံများကို အမှုန့်များဖြစ်အောင် ထောင်းပေးရပါမယ်။ ကြိတ်စက်များဖြင့်လည်း ကြိတ်နိုင်ပါတယ်။
၃။ အမှုန့်ကြိတ်ရာတွင် ၁ မီလီမီတာ ထက်သေးငယ်သော အမှုန့်များဖြစ်အောင် ကြိတ်ခွဲပေးရပါမယ်။
၄။ ထိုသို့ပြုလုပ်ပြီးပါက ဂဏန်းခွံအမှုန့် (၁) ပိဿာကို အသင့်ပြုလုပ်ပြီးသော EM -1 (အီးအမ် ၁) အရည် (၂) လီတာ၊ သကာရည် (၁) လီတာနှင့် ရေသန့် (၂) လီတာနှုန်းဖြင့် အိုးထဲတွင်ရောစပ်ပေးရပါမယ်။
၅။ ရောစပ်ပြီးပါက အိုးကို ပလတ်စတစ်အိတ်မဲဖြင့် လေလုံအောင်စည်းထားရပါမယ်။ ပြီးလျှင်အိုးကို (၂) ရက်တစ်ခါ သန့်စင်သောတုတ်ချောင်းဖြင့် မွှေပေးရန်လိုအပ်ပါတယ်။
၆။ ရောစပ်ပြီး (၂ - ၃ ) ရက်အကြာတွင် အပေါ်မျက်နှာပြင်သို့ လေပူဖောင်းများတက်လာပါမယ်။
၇။ လေပူဖောင်းများ မျက်နှာပြင်သို့တက်လာခြင်း ရပ်တန့်သွားပြီး (ကြာချိန်အားဖြင့် အနည်းဆုံး ၁ -၂ လ အကြာတွင်) အသုံးပြုနိုင်သော ခိုင်တိုစန်ဖျော်ရည်ကို ရရှိမှာဖြစ်ပါတယ်။
၈။ ခိုက်တိုစန် အသုံးပြုရာတွင် ရေ (၄) ဂါလံကို ခိုင်တိုစန် (၅၀-၁၀၀) စီစီ ရောစပ်၍ အသုံးပြုနိုင်ပါတယ်။
ခိုက်တိုစန်ဟာဆိုရင် အပင်ကို အလွှာပါးတစ်ခုအနေနဲ့ ဖုံးအုပ်ပေးခြင်း၊ အပင်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်မှုမရှိစေခြင်း၊ အပင်ရဲ့ သဘာ၀လေရှူပေါက်များနဲ့ ဒဏ်ရာများမှတစ်ဆင့် ရောဂါဝင်ရောက်မှုကို တားဆီးပေးခြင်း၊ ဆဲလ်များကိုတွယ်ကပ်၍ ထိုးဖောက်ဝင်ရောက်လေ့ရှိသော ဗိုင်းရပ်စ်ပိုးများမှ ကာကွယ်ပေးခြင်းနှင့် အကျိုးပြုအဏုဇီဝသက်ရှိများကို တိုးပွားလာစေခြင်း၊ အင်းဆက်ပိုးမွှားများကျရောက်မှုကို လျော့ချပေးခြင်း၊ အပင်ကြီးထွားနှုန်းနှင့် အသီးတင်နှုန်းကို မြင့်မားစေခြင်း စတဲ့အာနိသင်အများအပြားရှိပါတယ်။ ဒါ့အပြင် ခိုက်တိုစန်ဟာ ဘက်စုံအသုံးပြုနိုင်တဲ့ ဓာတ်ပေါင်းတစ်မျိုးဖြစ်ပြီး ပတ်ဝန်းကျင်၊ လူနဲ့ တိရစ္ဆာန်များအတွက် အဆိပ်အတောက်မဖြစ်စေသလို သီးနှံများမှာဆိုရင်လည်း Post-harvest disease control (ရိတ်သိမ်းချိန်လွန်နောက်ပိုင်း ရောဂါထိန်းချုပ်ကာကွယ်ခြင်း) မှာလည်း အသုံးပြုနိုင်တာကြောင့် အားသာချက်များစွာ ရှိနေတဲ့ သဘာဝဆေးတစ်မျိုး ဖြစ်ပါတယ်။
အကြံပြုချက်
ခိုက်တိုစန်ဟာ သဘာဝနည်းနဲ့ ပြုလုပ်သုံးစွဲရတာဖြစ်လို့ စိုက်ခင်းမှာသုံးမယ်ဆိုရင် ရောဂါမကျခင် ကြိုတင်ဖျန်းပေးထားမှသာ ထိရောက်မှုရှိမှာဖြစ်ပါတယ်။ ဓာတုဆေးများကဲ့သို့ အပင်ပေါ်တွင် အချိန်ကြာရှည်စွာမရှိနိုင်ခြင်းကြောင့် တစ်ပတ် (သို့မဟုတ်) နှစ်ပတ်လျှင်တစ်ကြိမ် ဖျန်းပေးရန် လိုအပ်ခြင်း၊ အာလူးလောင်မဲကဲ့သို့ ရောဂါမျိုးတွင် ခိုင်တိုစန်တစ်မျိုးတည်း အသုံးပြု၍မရနိုင်ခြင်း၊ အပူချိန်များသောနေရာတွင် ကြာရှည်စွာမသိုလှောင်နိုင်ခြင်း စတဲ့အားနည်းချက်တွေကိုတော့ သတိပြုဖို့ လိုအပ်ပါမယ်။
အချုပ်အားဖြင့်ဆိုရရင် ခိုင်တိုစန်ဟာ ဓာတုဆေးများကဲ့သို့ လူနဲ့ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိတဲ့ အတွက် အသုံးပြုရန်သင့်တော်တဲ့ သဘာဝဆေးတစ်မျိုး ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာလည်း ခိုင်တိုစန် ပြုလုပ်သုံးစွဲနိုင်တဲ့ သဘာဝအရင်းအမြစ်များ ရှိနေတာကြောင့် ရေရှည်ထုတ်လုပ်သုံးစွဲရန် သင့်တော်တဲ့ သဘာဝဆေးတစ်မျိုး ဖြစ်ပါကြောင်း....
ကိုးကားချက်
- http://www.webmd.com/vitamins-supplements/ingredient
mono-625-chitosan.aspx?
- http://www.bestchitosan.com/html_info/For-Agriculture7.
html
- http://www.agricultureinformation.com/forums/sale/56725-
chitosan-agriculture.html
- ဒေါက်တာမြင့်လွင် (ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်) Multi-Agri
Development Association
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် အပင်အားဆေးများ
ဦးကျေျာ်မင်း
လွန်ခဲ့သော ၄ နှစ် ကပဇွန်ခွံကေားမရဘူးဗျ
ကိုထွန်းမြတ်
လွန်ခဲ့သော ၄ နှစ် ကသကာရည်က ထန်းလျက်ဖို တွေ သကြားစက်တွေမှာ ရနိုင်ပါတယ် အဲဒါအစား မုန့်လုပ်ထန်းလျက် ကို ပျစ်ပျစ် (သို့) ညောင်စေးကျအောင် ကြို ပြီးသုံးလို့ရပါတယ် EM 1 လုပ်နည်း ရှာဖတ်ကြည့်ပါ
ko kyaw soe
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးတင်ပါတယ်
Zay Htet Paing
လွန်ခဲ့သော ၄ နှစ် ကခရုခွံရောရသလားဗျ
သန်းထိုက်ဝင်း
လွန်ခဲ့သော ၅ နှစ် ကကျောက်ဆည် နည်းပညာ တက္ကသိုလ် ကထုတ်တဲ့ ရွှေစိမ်း ကလည်း ခိုင်တိုဆန် ပါဘဲ သုံးဘူးတယ် ကောင်းပါတယ် အခုတော့ဈေးကွက်ထဲမှာ ဝယ်ရမရတော့ မသိဘူး
ဆက်စပ်မေးခွန်းများ
ဆရာဒို့ဦးလေး ပြောပြတဲ့အတိုင်း ချဉ်ပေါင်ပင်လေးတွေကို ပြာထည့်ပေး၊ မြေဆွေးထည့်ပေးလိုက်တာ အသစ်ထွက်လာတဲ့အရွက်တွေ ပြန်စိမ်းလာပြီး ။ ရောဂါကျတာမဟုတ်ဘဲ အဟာရချို့တဲ့တာတဲ့။ စိုက်တဲ့သူတွေကတော့ ပုံမှန်မဟုတ်တော့ရင် ရောဂါလို့ယဆလိုက်တော့တာပဲ ဆရာရေ။
Nova Nova • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၃၀ရက်သားမှာ၄ဧကကို၁၆ပတ်လည်၁အိတ်ပုလဲ၁အိတ်၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ်၇၀ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်နောက်ဆုံးအပတ်ရက်၁၀၀သားပတ်ရမလား၁၁၀ရက်သားမှပတ်ရမလားခဗျပုလဲဆာလ်ဖာအရောပတ်သင့်လားဒါမှမဟုတ်ပုလဲဇင့်အရောပတ်သင့်လားခဗျအခုကရက်၇၀သားရောက်ပါပြီမြေစီကျွေးရက်မှန်လားခဗျာနောက်ဆုံးအပတ်ဘယ်အလံရွက်ထွက်ချိန်ကျွေးရမလားပန်းစပွင့်ချိန်ကျွေးရမလားခဗျ
kyaw zin • ဖြေကြားချက် 1 ခု
ပဲစင်းငုံကို.အင်းဇိုင်းဆေးပတ်တာနဲ့.ငါးအမိုင်နိုပတ်တာဘယ်ဟာပိုပြီးအဆင်ပြေနိင်လဲဗျ...1မျိုးဆီပတ်တာနဲ့...2မျိုးရောပတ်တာကောကောင်းလားဗျ...ပဲစင်းငုံပင်အဓိကလိုအပ်တဲ့အဟာရဘာလဲဗျ...
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
ကရင်မစပါး ဘက်တီးရီးယားရွက်ခြောက်ဆေးဖျန်းပီးဘီဗျ စပါးပင်နားတာလား မသိလို့ဗျ ဖြေပေးပါအုံးဗျ
naymyoaung • ဖြေကြားချက် 2 ခု
မတ်ပဲ မစိုက်ခင်မှာ ထရိုက်ကိုဒါးမား အရည်ဖြန်းရင် အကျိုးရှိနိုင် မရှိနိုင် သိချင်ပါတယ်
Thiha • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from ဇင်ထူးနိုင်
အားလုံး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....