အရသာ ရှိတဲ့ ရှောက်သီး မားမလိတ်လေး ပြုလုပ်ကြရအောင်

06/09/2018 13:48 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လိုအပ်သော ပစ္စည်းများမှာ -

- ရှောက်သီး - -၆ လုံး၊ အရွယ် အလတ်စား၊ ရှောက်ခွံ အတွင်းသားသည် ဖော့ကဲ့သို့ အသားမထူလွန်းသောမျိုး

- သကြား - ၆၀% ရှောက်ခွံ အလေးချိန်အပေါ်

- ထုံး(ကွမ်းစား) - % ရှောက်ခွံ အလေးချိန်အပေါ်

- ဆား - ဇွန်း သေး ၁/ ပိဿာ

- ကပ်စီးနှဲ - ဇွန်ကြီး ၁ ပိဿာခွဲ

ရှောက်သီးကို အလယ်မှ ပိုင်းဖြတ်ပြီး အစေ့ထုတ်၊ အူတိုင်ဖယ်၍ အရည်ညှစ်ရသည်။ ထို အရည်တစ်ဝက်ခန့်ကို ကျိုချက်ရာတွင် ပြန်လည် အသုံးပြုပါသည်။ ရှောက်ခွံကို ထုံးကြက်တက်ရည်တွင် ၁၂ နာရီခန့် စိမ်ထားရသည်။ ထုံးကြက်တက်ရည်မှ ဆယ်ယူပြီး ပွက်ပွက်ဆူအောင် ရေနှင့် ပြုတ်၍ သွန်ပစ်ရသည်။ ထိုသို့ ရေနှင့် ပြုတ်၍ ၂-၃ ကြိမ်လုပ်မှ ရှောက်ခွံ၏ အခါးဓာတ် သက်သာသည်။ ထို့နောက် ရှောက်ခွံပျော့သွားအောင်ပြုတ်ရသည်။ ရှောက်ခွံ ပျော့သွားပါက အအေးခံပြီး၊ နုတ်နုတ်စင်း၍ ဖြစ်စေ၊ သေးသေးရှည်ရှည်လှီး၍ ဖြစ်စေ လိုရာပုံစံရအောင် လှီးဖြတ်ရသည်။

ထိုရှောက်ခွံကို ချိန်တွယ်၍ ရသော အလေးချိန်၏ ၆၀ ရာခိုင်နူန်းကို သကြားထည့်ရသည်။ ချန်ထားသော ရှောက်ရည်တစ်ဝက်ကိုပါ ထည့်၍ မီးအေးအေးဖြင့် ကျိုရသည်။ ထိုယိုထဲသို့ ကပ်စေးနှဲနှင့် ဆားတို့ကို ထည့်ရသည်။ အရောင်ထည့်လိုပါက ယိုဖြစ်ပြီး မီးဖိုပေါ်မှ ချပြီးနောက်မှ ထည့်ရသည်။ ယိုထိုးသည့် အိုးသည် မျက်နှာဝကျယ်သော စတီးအိုးဖြစ်သင့်သည်။ ဒန်အိုးကို မသုံးသင့်ချေ။ ပျစ်ပြီး အရောင်ပြောင်းလာပါက ယိုဖြစ်ပြီ။ ယိုထိုးနေစဉ်တူးခြင်း၊ ကပ်ခြင်းမရှိအောင် မကြာမကြာမွှေနေရသည်။

ကိုးကား - သီးနှံစျေးကွက်တိုးချဲ့ဖို့ တာရှည်ခံအောင် လုပ်ကြစို့

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်