ရာသီဥတုပြောင်းလဲလာမှုအပေါ် စိုက်ပျိုးသူအနေနဲ့ ဘယ်လိုပါဝင်ကူညီနိုင်မလဲ..?
ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီးပြောရရင် ကြက်ဥအစရှာသလိုပါပဲ။ ပတ်လည်ရိုက်နေကြတာဆိုတော့ ကိုယ်တိုင်က စပြီးတော့ ပြောင်းလဲပါဝင်ဖို့ တိုက်တွန်းချင်ပါတယ်။
စိုက်ပျိုးရေးက တောင်သူဦးကြီး၊ ဒေါ်ကြီးနဲ့ အကို အမတွေအနေနဲ့က နေရာခွဲခြားရင် ထုတ်လုပ်သူများ နေရာကနေ တစ်ထောင့်တစ်နေရာပါဝင်ပြီးတော့ လျှော့ချပေးလို့ရပါတယ်။ ဘာတွေ လုပ်လို့ရမလဲဆိုရင်တော့
ဒီဖန်လုံအိမ်အာနိသင်ရှိတဲ့ ဓာတ်ငွေ့တွေကို ထုတ်လွှတ်မှုကို လျော့ချနိုင်ဖို့ဆိုရင်
သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေး (Conservation Agriculture)
ပုံမှန် သမားရိုးကျစိုက်ပျိုးနည်းမှာ စိုက်ရေးပျိုးရေးအတွက် မြေကိုထွန်ယက်ပြီးတော့ ပြုပြင်ကြပါတယ်။ ဒီလို သဘာဝဝန်းကျင်မပျက် စိုက်ပျိုးတဲ့စနစ်မှာတော့ မြေဖုံးသီးနှံ မပျက်စေရပါဘူး၊ မြေကိုလည်း မထွန်ယက်ကြဘဲ ဒါမှမဟုတ် အတတ်နိုင်ဆုံး မထွန်ယက်ကြဘဲနဲ့ စိုက်ပျိုးထုတ်လုပ်ကြပါတယ်။ အဲ့လိုလုပ်ခြင်းအားဖြင့်တော့
- စိုက်ပျိုးမှုကို ပိုမိုကောင်းမွန်လာစေတယ်။
- အာဟာရဓာတ်တွေ စီမံခန့်ခွဲမှုကို လွယ်ကူစေတယ်။
- ထွန်ယက်ရတဲ့ကိစ္စတွေကိုလည်း လျော့ချနိုင်တယ်။
- သီးနှံကြွင်းကျန်တာတွေကိုလည်း လျော့ချနိုင်တယ်။
- ရေလည်း ထိန်းနိုင်တာကြောင့် ရေကို စီမံခန့်ခွဲရတာ လွယ်တယ်။
- သစ်တောနဲ့အတူ ရောနှောစိုက်ပျိုးတဲ့ စနစ်ကိုလည်း ဖော်ဆောင်လို့ ရပါတယ်။
လျှော့ချနိုင်တဲ့ အဲ့လို လုပ်ငန်းတွေနဲ့အတူ အဲ့လုပ်ငန်းတွေလုပ်ကိုင်ရာမှာ ထွက်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကိုလည်း လျှော့ချသွားနိုင်ပါတယ်။ ဥပမာ သီးနှံက အကျန်တွေ ကောက်ရိုး စတာတွေကို မီးရှို့ဖျက်ဆီးတာမျိုးဆိုရင် ဖန်လုံအိမ်ဓာတ်ငွေ့တွေ အများကြီး ထွက်လာမှာ အသေချာပါပဲ။ ဒီနည်းက မထွန် မရှို့ဘဲ စိုက်ပျိုးတဲ့ စနစ်လည်းဖြစ်တယ်။ ဓာတ်မြေသြဇာတွေကိုလည်း အရမ်းကြီး မသုံးနေရဘူးဆိုတော့ ဖန်လုံအိမ်ဓာတ်ငွေ့တွေလည်း အတော်အသင့် သက်သာသွားစေနိုင်ပါတယ်။
စမ်းသပ်လေ့လာချက်တွေအရဆိုရင် အင်ဒိုဂန်ဂျစ်တစ်လွင်ပြင်က စပါးတစ်လှည့် ဂျုံတစ်လှည့်စိုက်တဲ့ (၁) မီလီယံ ဟက်တာကို သမားရိုးကျ စိုက်ပျိုးမှုနည်းလမ်းတွေကနေ တစ်နှစ်ကို ၂၉ Mg (ကီလိုဂရမ် ၂၉၀၀၀) ထွက်တာကနေ ဒီလို သဘာဝဝန်းကျင်မပျက် စိုက်ပျိုးတဲ့နည်းလမ်းကို သုံးလိုက်တာကနေ ၁၄ မီဂါ ဂရမ် (ကီလိုဂရမ် ၁၄၀၀၀) လောက်ပဲ ထွက်တော့တာကို တွေ့ရပါတယ်။ ဆိုတော့ တော်တော်လေး လျော့ချနိုင်တယ်ဆိုတာကို မြင်ရမှာပါ။

မြေသြဇာကို နေရာအလိုက် စီမံခန့်ခွဲခြင်း
မြေသြဇာတွေ အများကြီး သုံးရတဲ့ စိုက်ပျိုးရေးလုပ်ငန်းစဉ်တွေမှာ လျှော့ချနိုင်သလောက် လျှော့ချပစ်တဲ့ နည်းလမ်းပါ။ (၂)ဖက်လုံး အကျိုးဖြစ်ထွန်းတဲ့ နည်းလမ်းလို့ ဆိုနိုင်ပါတယ်။ လူလုပ်တဲ့ ဓာတုမြေသြဇာတွေကို ဘယ်လိုအကောင်းဆုံး အသုံးချနိုင်မလဲဆိုတာကို ရှာဖွေရပါမယ်။ တရုတ်မြောက်ပိုင်းလွင်ပြင်မှာ လေ့လာချက်တွေလုပ်ရင်းနဲ့ တွေ့လာရတာကတော့ ပြောင်းခင်းတွေမှာ သုံးသင့်တဲ့ ပမာဏကို ပိုသုံးလိုက်တာနဲ့ အထွက်ရော နိုက်ထရပ်အောက်ဆိုက် ထွက်တဲ့ပမာဏကရော သိသိသာသာကို မြှင့်တက်လာတာကို တွေ့ရပါတယ်။ (Song et al. 2018)။ မြေကိုတိုင်းမယ် လိုအပ်တဲ့နေရာနဲ့ သုံးသင့်တဲ့ ပမာဏကိုပဲ သုံးမယ်ဆိုရင် စပါးစိုက်တဲ့ စိုက်ခင်းတွေကြောင့် ဖြစ်တဲ့ ကမ္ဘာကြီးပူနွေးလာမှုကို ၂.၅ရာခိုင်နှုန်းလောက် သက်သာစေမယ်ဆိုတာကို လေ့လာချက်တွေအရ သိရပါတယ်။ (Sapkota et al. 2021)။ အိန္ဒိယမှာဆိုရင် အပင်အာဟာရပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့လုပ်ဆောင်လိုက်တာ စပါးနဲ့ ဂျုံစိုက်ခင်းတွေမှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ၅.၃၄ မက်ထရစ်တန် ကို သက်သာစေခဲ့ပါတယ်။ (Sapkota et al. 2021)
လေဆာနဲ့ မြေညှိခြင်း
နည်းစနစ်တွေက မြှင့်လာတာဆိုတော့ နည်းစနစ်တွေကို သုံးပြီး မြေကို ညှိချလိုက်တာ ဘာတွေကောင်းကျိုးရလဲဆိုတော့ ရေသွင်းရတာတို့ ရေတင်ရတာတို့ ရေဝပ်နေတာတို့ မြေတိုက်စားခံရတာတို့ကို ကာကွယ်ပေးပါတယ်။ ဆိုတော့ အဲ့အတွက်လုပ်ရတဲ့ ကိစ္စတွေ လျော့နည်းသွားတာနဲ့အမျှ ဖန်လုံအိမ်ဓာတ်ငွေတွေ ထွက်ရှိမှုကလည်း နည်းပါးသွားပါတယ်။ လေဆာနဲ့ မြေကို ညှိလိုက်တာက ဘယ်လိုတောင် သက်သာသလဲဆိုရင် တစ်ဟက်တာ (အကြမ်းဖျင်း (၂) ဧကခွဲ) မှာ သီးနှံရာသီ တစ်ခုအတွက် ရေတင်ရတဲ့ ရေသွင်းရတဲ့ နာရီပေါင်း (၇၀) လောက်ကို လျော့ချပေးနိုင်ပါတယ်။ လေ့လာချက်တွေအရဆိုရင် ၂ ဧကခွဲလောက်ကို စပါးနဲ့ ဂျုံနဲ့ တစ်လှည့်စီစိုက်တဲ့စိုက်ခင်းတွေမှာ အဲ့လိုမြေညှိပြီးတော့ စိုက်ပျိုးတာဟာဆိုရင် တစ်နှစ်ကို ကာဘွန်ဒိုင်အောက်ဆိုင် ၀.၁၅ မီဂါဂရမ် ( ကီလို ၁၅၀) ကို လျော့သွားစေတာကို တွေ့ရပါတယ်။ ဆိုတော့ ဧက အများကြီးဆိုရင် ပိုပြီးတော့ လျှော့ချနိုင်မှာပါ။
ရေကို စီမံခန့်ခွဲခြင်း
ခြောက်တစ်ခါ စိုတစ်လှည့် စိုက်ပျိုးတဲ့ စနစ်ကို စပါးစိုက်ခင်းတွေနဲ့ အခြား သီးနှံတွေမှာ သုံးတာမျိုး၊ ပြီးတော့ အစက်ချရေသွင်းတဲ့စနစ်လို့၊ ရေပန်းနဲ့ ရေဖျန်းတဲ့ စနစ်လိုမျိုးတွေ သုံးတာမျိုးက ရေကိုလည်း ချွေတာနိုင်သလို၊ ဖန်လုံအိမ်ဓာတ်ငွေ့တွေကိုလျော့ချပေးတဲ့ နည်းစနစ်တွေဖြစ်ပါတယ်။ ရေကိုအမြဲသွင်းထားတဲ့ စပါးခင်းတွေမှာဆိုရင်လည်း လေထုကို ညစ်ညမ်းစေတဲ့ ဓာတ်ငွေ့တွေ အနံ့တွေ ထွက်တာကို ခံစားဖူးကြမှာပါ။ ခြောက်လိုက်စိုလိုက်နဲ့ စိုက်ပျိုးတဲ့ စနစ်ကလည်း မီသိန်းလို ဓာတ်ငွေ့တွေ ထွက်တာ မှန်ပေမဲ့ တော်တော်လေးကို သက်သာသွားစေပါတယ်။
ကိုရီးယားမှာဆိုရင် ရေကို သေသေချာချာလေး စီမံခန့်ခွဲလိုက်တာကနေ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု တွေက ဟင်းသီးဟင်းရွက်စိုက်ခင်းတွေတော်တော်လေးကို သက်သာသွားတာက လက်တွေ့ပါပဲ။
ရောနှောစိုက်ပျိုးခြင်း
သစ်တောနဲ့ စိုက်ခင်းရောနှောစိုက်ပျိုးခြင်းကလည်း ဖန်လုံအိမ်ဓာတ်ငွေ့ကို သက်သာစေတဲ့ အကြောင်းတစ်ချက်ပဲဖြစ်ပါတယ်။ ဘယ်လိုလျော့နည်းစေတာလဲဆိုရင် သစ်တောထဲမှာရှိတဲ့ ဇီဝအဆွေးပစ္စည်းတွေက ကာဗွန်ကို စုပ်ယူပေးထားလို့ဖြစ်ပါတယ်။ ပြီးတော့ အဲ့ ကာဗွန်တွေကို မြေကြီးထဲမှာ အပင်တွေ အသုံးချနိုင်တဲ့ အော်ဂဲနစ် ကာဗွန်အနေနဲ့ ပြန်လည်ပြောင်းလဲပေးပါတယ်။ တောင်ယာတွေ အနေနဲ့ ခုတ်ပစ်လိုက်တဲ့ အခါမျိုးမှာ မြေတိုက်စားမှုနဲ့အခြားသော ဆိုးကျိုးတွေရှိတာကြောင့်မို့ သစ်တောနဲ့ ရောနှောပြီးတော့ စိုက်ပျိုးတဲ့ အလေ့အကျင့်လေးကို ထိန်းသိမ်းပေးနိုင်ရင် ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးသားဖြစ်မှာပါ။
ခုပြောခဲ့တာတွေကတော့ ထုတ်လုပ်သူတွေအနေနဲ့ ပြင်ဆင်လို့ရတဲ့ အချက်ကလေးတွေဖြစ်ပါတယ်။ ဒါက ကမ္ဘာကြီးအတွက် စားနပ်ရိက္ခာတွေကို အဓိက ထုတ်လုပ်ပေးနေကြတဲ့ တောင်သူဦးကြီးတွေအနေနဲ့ တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြရင်းနဲ့ ကမ္ဘာကြီးကို ထိန်းသိမ်းကြပါစို့လားခင်ဗျာ..
ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးစနစ်ကို ဖော်ဆောင်ရင်းနဲ့ အကျိုးဖြစ်ထွန်းသော လောကကို တည်ဆောက်နိုင်ကြပါစေ။
Reference
Aryal, J. P. 2022. Contribution of Agriculture to Climate Change and Low-Emission
Agricultural Development in Asia and the Pacific. ADBI Working Paper 1340. Tokyo: Asia
Development Bank Institute. Available: https://doi.org/10.56506/WDBC4659
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကလောက်ဒီ sulfur 80% ဆေးထုပ်မှာ ခရမ်းချဉ်ကို ဆေးတပုံး 200gလို့ညွှန်းထားဝာာ အဲတာဖြန်းလို့ရလားဗျ
Htet Lin • ဖြေကြားချက် 1 ခု
ထရိုင်ခိုဒါးမား ဘယ်တံဆိပ် ကကောင်းလဲ ဆရာသမားတို့။
ဦးမျိုး • ဖြေကြားချက် 1 ခု
အရင်ရက်က ဝတ်မှုန်ကူးထားတဲ့ အသီးတွေ မတက်ဘူး ပုတ်ကုန်လို့ ဘယ်လိုလုပ်ရမလဲ ဆရာတို့ ခင်ဗျာ။
မောင်ပေါက်ကြီး • ဖြေကြားချက် 2 ခု
ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ
K • ဖြေကြားချက် 2 ခု
ကျနော့်မိတ်ဆွေနဲ့ ဆရာ့ဆရာများ ကျနော့် စပါးခင်းထဲ က ဒီပေါင်းလေး မနိုင်လို့ပါ ဘယ်လို နိုင်နင်းရမလဲဘယ်ဆေး သုံးရမလဲ ဖြေပေးပါ/ရွှေနဂါးပေါင်းဝေး/ ဘစ်ဘန်း/ တရုတ်ထုပ် ဆေးမုန့်ဝါ / ဒါတွေ သုံးပြီးပါပြီ
Aung Aung • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
More from Htunn Winn Kyaw
အားလုံး
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....