စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အမျိုးအစားခွဲခြင်းအကြောင်း

09/05/2018 16:27 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လယ်ယာစိုက်ပျိုးမွေးမြူရေး (Farming) ဟုဆိုရာတွင် စားသုံးရန်ရည်ရွယ်သည့် သီးနှံများကို စိုက်ပျိုးခြင်းနှင့် တိရိစ္ဆာန်များ မွေးမြူခြင်းတို့ပါ ပါဝင်ပါသည်။ လယ်ယာစိုက်ပျိုးမွေးမြူရေး ဆို သည်မှာ လူသားများ အသက်ရှင်နေထိုင်ရေးအတွက် ရာစုနှစ်များစွာကတည်းက ပြုလုပ်လာခဲ့ သည့် ရှေးအကျဆုံး ရိုးရာတစ်ခုလည်း ဖြစ်ပါသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွာခြားမှုများ ရှိနေ သော်လည်း စိုက်ပျိုးမွေးမြူရေးများကို လုပ်ကိုင်နေကြမြဲဖြစ်ပါသည်။ ဥပမာအားဖြင့် အိန္ဒိယနိုင် ငံမှ တောင်သူများသည် သွင်းရေရရှိနိုင်မှု၊ ရာသီဥတု၊ စိုက်ပျိုးရာသီအချိန်၊ မြေသားသဘာဝ စတာတွေကို မှီခိုကာ ကျင့်သုံးသော နည်းလမ်းများသည်လည်း ပြောင်းလဲသွားသည်ကို တွေ့ရပါ သည်။ ထို အိန္ဒိယမှ စိုက်ပျိုးလုပ်ကိုင်နေသော စိုက်ပျိုးမွေးမြူရေး အကြောင်းများပေါ် မူတည် ကာ အမျိုးအစားခွဲခြင်းအကြောင်းကို ဆက်လက်လေ့လာကြပါစို့။

အခြေခံအားဖြင့် စိုက်ပျိုးမွေးမြူခြင်းကို အဓိကအမျိုးအစား (၉) ခုအဖြစ် ခွဲခြားရနိုင်ပါသည်။ 

၁။ တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူခြင်း (Subsistence Farming)

၂။ ရွေ့ပြောင်းလုပ်ကိုင်သော စိုက်ပျိုးမွေးမြူခြင်း (Shifting Farming)

၃။ သစ်သီးသစ်ပင်ခြံများ စိုက်ပျိုးမွေးမြူခြင်း (Plantation Farming)

၄။ ကြပ်မတ်စိုက်ပျိုးခြင်း (Intensive Farming)

၅။ အခြောက်စိုက်သော စိုက်ပျိုးမွေးမြူရေးစနစ် (Dry Farming)

၆။ ရောနှောစိုက်ခင်း၊ သီးစုံစိုက်ခင်းဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်ခြင်း (Mixed/ Multiple Farming)

၇။ သီးလှည့်စိုက်ပျိုးခြင်း (Crop Rotation)

၈။ အခြေကျ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သောစနစ် (Permanent Agriculture or Sedentary Cultivation)

၉။ လှေကားထစ်စိုက်ပျိုးမွေးမြူခြင်း (Terrace Cultivation/ Farming)

တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူခြင်း

အိန္ဒိယနိုင်ငံရှိ တောင်သူလယ်သမား အများစုလုပ်ကိုင်ကြသော စိုက်ပျိုးမွေးမြူခြင်းလုပ်ငန်း အမျိုးအစားဖြစ်ပြီး များသောအားဖြင့် အထွက်ကောင်းမျိုးများနှင့် လိုအပ်သော သွင်းအားစုများ  ကို အပြည့်အဝ သုံးစွဲနိုင်ခြင်းမရှိသော လုပ်ကွက်ငယ်တောင်သူများ လုပ်ကိုင်လေ့ရှိသည့် လုပ် ငန်းဖြစ်ပါသည်။  သွင်းရေနှင့် လျှပ်စစ် စသည်တို့ မရှိသည့် စိုက်ပျိုးမြေနည်းနည်းတွင် မိသားစု များ လုပ်ကိုင်ကြပြီး သီးနှံသည် မိသားစုစားသောက်ကုန်အဖြစ်သာ ရည်ညွန်းပါသည်။ ထိုမြေ တွင် သွင်းရေကဲ့သို့ သွင်းအားစုများ ရနိုင်ပါက ဝင်ငွေရသော သီးနှံများဖြစ်သည့် ဝါပင်၊ ကြံ၊ နှင့် ဆီထွက်သီးနှံများ စိုက်ပျိုးလေ့ရှိသည့် စိုက်ပျိုးမွေးမြူရေး အမျိုးအစားတစ်ခုဖြစ်ပါသည်။

ယခု အမျိုးအစားထဲတွင် မြေခြောက်တွင်စိုက်ပျိုးသော နည်းလမ်းသာမက ရေသွင်းစိုက်ပျိုးရ သည့် နည်းလမ်းကိုပါ သုံးနိုင်သော်လည်း သွင်းရေရှိမှုနှင့် မိုးရေအပေါ်မူတည်ကာ ပြောင်းလဲနိုင်  ပါသည်။ မိုးနည်းသော ဒေသများရှိ တစ်နိုင်တစ်ပိုင်လုပ်ကိုင်သော မြေများတွင် ပြောင်းနှင့် ပဲမျိုး စုံ ကဲ့သို့သော သီးနှံများကို တစ်နှစ်လုံးအတွက် တစ်ခါသာ စိုက်ပျိုးတတ်ကြသည်။ ရေရှိသော စိုက်ပျိုးမြေများတွင်မူ တစ်နှစ်တွင် (၂) သီးစားအဖြစ် စိုက်ပျိုးလေ့ရှိသည်။ များသောအားဖြင့် ထိုသီးနှံများတွင် စပါး၊ ဟင်းသီးဟင်းရွက်များ နှင့် ကြံကဲ့သို့သော သီးနှံများ ပါဝင်နေတတ်ပါ သည်။

တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူခြင်း အမျိုးအစားအတွက် အဓိကအချက်များအနေဖြင့်

- မိသားစုတစ်စု လုံးသည် စိုက်ပျိုးမွေးမြူခြင်းအပေါ်တွင် မှီခိုနေကြပါသည်။

- စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအဆင့်ဆင့်အတွက် ကိရိယာပစ္စည်းများကို အထူးတလည် အား ဖြင့် သုံးစွဲခြင်းမရှိတတ်ကြ။

- စိုက်ပျိုးသော သီးနှံများအတွက် မိရိုးဖလာနည်းလမ်းများကိုသာ အသုံးပြုတတ်ကြသည်။

- စိုက်ပျိုးမြေပမာဏသည်လည်း အနည်းငယ်မျှသာဖြစ်ပါသည်။

- မျှော်မှန်းနိုင်သော သီးနှံအထွက်မှာလည်း သာမန်ထက် နည်းပါးပါသည်။

- ထွက်ရှိလာသော သီးနှံများကို စားသုံးရန်အတွက်သာ သုံးကြပြီး စီးပွားရေးအရ ထုတ်လုပ် ရောင်းချနိုင်သည့် အဆင့်အထိ မရှိနိုင်သော အမျိုးအစားဖြစ်ပါသည်။

ရွေ့ပြောင်း စိုက်ပျိုးမွေးမြူရေးအမျိုးအစား

သစ်တောရှိ မြေအနည်းငယ်ကို ခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးသော အမျိုးအစားဖြစ်ပါသည်။ သစ်တောအုပ်တွင်းရှိ သစ်ပင်ခြောက်များကို ရှင်းလင်းခြင်း၊ ပင်စည်၊ ကိုင်းခြောက်နှင့် ရှင်းလင်း ထားသော ပေါင်းမြက်များကို စုပုံမီးရှို့ခြင်းများ ပြုလုပ်ပြီး (၂) နှစ်မှ (၃) နှစ်အထိ စိုက်ပျိုးလုပ် ကိုင်ကြပြီး မြေဆီစွမ်းအား ကျဆင်းလာလျှင် နေရာသစ်တွင် ထပ်မံခုတ်ထွင်ရှင်းလင်းကာ စိုက် ပျိုးသော အမျိုးအစားဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်နှင့် ပြောင်းတို့ကို စိုက်ပျိုးတတ်ကြသည်။

ရွေ့ပြောင်းစိုက်ပျိုးမွေးမြူရေး အမျိုးအစားတွင် တစ်ဧကအထွက်နှုန်းသည် လွန်စွာနည်းပါးလေ့ ရှိသည်။

ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးလုပ်ကိုင်ခြင်းအတွက် အဓိကအချက်များအနေဖြင့်

- စိုက်ပျိုးမွေးမြူရေးကို သစ်တောမြေများကို ခုတ်ထွင်ရှင်းလင်းကာ လုပ်ဆောင်ကြသည်။

- ထယ်ထိုးခြင်း ကဲ့သိုသော စိုက်ပျိုးလုပ်ငန်း တစ်ခုတစ်လေမှမလုပ်ပဲ စိုက်ပျိုးကြသော အမျိုး အစားဖြစ်ပါသည်။

- မျိုးစေ့ကိုသာ သုံးပြီး မြေပေါ်တွင် စိုက်ကြသည်။

- ၂ နှစ် မှ ၃ နှစ်ကြာလျှင် အထွက်နှုန်းသည် လျော့ကျလာသည်၊ အကြောင်းမှာ မြေတိုက်စားမှု ကြောင့် ဖြစ်ပါသည်။

- ဆိုးရွားသော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအမျိုးအစားအဖြစ် သတ်မှတ်နိုင်ပါသည်။

သစ်သီးသစ်ပင်ခြံများစိုက်ပျိုးမွေးမြူခြင်း

၁၉ ရာစု နှစ်များကတည်းက မိတ်ဆက်ခဲ့ စိုက်ပျိုးလုပ်ကိုင်ခဲ့သော British တို့၏ သစ်သီး ပင်ကြီးများနှင့် ခြုံကဲ့သို့ သီးပင်စားပင်များကို သီးသန့်စိုက်ပျိုးသည့် လုပ်ငန်းအမျိုးအစား ဖြစ် ပါသည်။ လက်ဖက်၊ ရာဘာပင်များ၊ အုန်းပင်၊ ကော်ဖီပင်၊ သံပုရာစသော အပင်များကို စိုက်ပျိုး ကြသော စိုက်ပျိုးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ 

ဤစိုက်ပျိုးမွေးမြူရေး အမျိုးအစားများအတွက် လုံလောက်သော ရင်းနှီးမှုများကို လိုအပ်ပြီး သွင်းရေ၊ နည်းစနစ်များ၊ စက်ပစ္စည်းများ စသည်တို့ကိုလည်း အချိန်ကိုက် ထောက်ပံ့ပေးနိုင်ရန် လိုအပ်ပါသည်။ အခြားနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သော ထုတ်ကုန်များကို ထုတ်လုပ်နိုင်ပြီး နှစ်အတော်ကြာအထိ သီးနှံများကိုလည်း ထုတ်လုပ်ပေးနိုင်ပါသည်။ အကျိုးအမြတ်များများကို ရနိုင်သည် မှန်သော်လည်း အချိန်ကာလတစ်ခုကို စောင့်ရသော စိုက်ပျိုးရေးလုပ်ငန်းလည်း ဖြစ် ပါသည်။ များသောအားဖြင့် သစ်သီးခြံများကို အပူပိုင်းဒေသများတွင် လုပ်ကိုင်လေ့ရှိကြသည်။

သစ်သီးခြံစိုက်ပျိုးရေး အမျိုးအစားအတွက် အဓိကအချက်များ

- နေရာကျယ်ဝန်းသော နေရာများတွင် မြေဧကများများဖြင့် စိုက်ပျိုးလေ့ရှိကြသည်။

- သီးပင် စားပင် တစ်မျိုးတည်းကိုသာ စိုက်ပျိုးတတ်သည်။

- အလုပ်သမားလိုအပ်ချက်နှင့် သုံးစွဲမှုများပြားသည်။

- ခေတ်မီ ခေတ်ပေါ် နည်းစနစ်များကို သုံးစွဲကာ စိုက်ပျိုးကြသည်။

- တင်ပို့ကုန်များအဖြစ် ရည်ရွယ်ကာ စိုက်ပျိုးကြသော အမျိုးအစားဖြစ်ပါသည်။

ကြပ်မတ်စိုက်ပျိုးခြင်း 

တစ်ဧကစိုက်ပျိုးခြင်းမှ အထွက်အများဆုံးနှင့် အမြတ်အများဆုံး ရနိုင်ရန် ရည်ရွယ်စိုက်ပျိုးခြင်း ကို ဆိုလိုပါသည်။ အကောင်းဆုံးသော ပိုးမွှားနှိမ်နင်းမှုစနစ်များ၊ သွင်းအားစုများ နှင့် အထူး သဖြင့် သွင်းရေ စီမံမှုများနှင့် မျိုးကောင်းမျိုးသန့်များ၊ စက်ပစ္စည်းကိရိယာများ ကိုသုံးကာ တစ် ဧက မှ အထွက်အများဆုံးရနိုင်ရန် စိုက်ပျိုးသော စိုက်ပျိုးမွေးမြူရေး အမျိုးအစားဖြစ်ပါသည်။

အခြောက်စိုက်သော စိုက်ပျိုးမွေးမြူရေးစနစ်

ရေရှားသော ဒေသများတွင် စိုက်ပျိုးလုပ်ကိုင်လေ့ရှိသော စိုက်ပျိုးမွေးမြူရေး အမျိုးအစား ဖြစ်ပါ သည်။ ရေငတ်ဒဏ်ခံနိုင်သော မျိုးများကိုအသုံးပြုကာ စိုက်ပျိုးလုပ်ကိုင်ကြပြီး များသောအား ဖြင့် စိုက်ပျိုးရေရှားပါးသော ဒေသများ၊ နှစ်စဉ်မိုးရေချိန်နည်းပါးသော ဒေသများတွင် အသုံးပြု ကြသော စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး အထွက်နှုန်းသည်လည်း ပုံမှန်ထက်နည်းသည်ကို တွေ့ရပါ သည်။

ရောနှောစိုက်ခင်း၊ သီးစုံစိုက်ခင်းဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်ခြင်း

ရောနှောစိုက်ပျိုးမွေးမြူခြင်း ဆိုသည်မှာ စဉ်ဆက်မပြတ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ် ငန်းကိုဆိုလိုပြီး သီးစုံစိုက်ခင်းဆိုသည်မှာ မြေကွက်တစ်ကွက်တည်းတွင် သီးနှံတစ်မျိုးတည်း မဟုတ်ပဲ အများစိုက်ပျိုးခြင်းကို ဆိုလိုပါသည်။ ရင့်မှည့်မှုမတူညီသော သီးနှံ အနည်းဆုံး (၂) မျိုး ကို တစ်ပြိုင်နက်တည်း စိုက်ပျိုးထုတ်လုပ်ကြခြင်းဖြင့် သီးနှံအာဟာရပြိုင်ဆိုင်ရယူမှုနှင့် ကြီး ထွားခြင်းပြိုင်ဆိုင်မှုကိုလည်း လျော့ချနိုင်သည်။ မိုးများသော မိုးကောင်းဒေသများနှင့် သွင်းရေ ပေါများသော ဒေသများတွင် ယခုကဲ့သို့ စိုက်ပျိုးထုတ်လုပ်မှုပုံစံကို တွေ့ရပါသည်။

သီးလှည့်စိုက်ပျိုးခြင်း

သီးနှံတစ်ခုတည်းကို မြေတစ်နေရာထဲတွင် အမြဲတမ်းစိုက်ပျိုးမည့်အစား အခြားသီးနှံများကိုပါ အလှည့်ကျစိုက်ပျိုးသော စိုက်ပျိုးထုတ်လုပ်မှု ဖြစ်ပါသည်။ ထိုသို့ စိုက်ပျိုးခြင်းအားဖြင့် မြေဆီ လွှာပျက်စီးမှုကို ကာကွယ်ပေးရုံသာမက နိုက်ထရိုဂျင်များကိုလည်း မြေတွင်းတွင် စုဆောင်းပေး နိုင်ပါသည်။ သီးလှည့်စိုက်ပျိုးရေးစနစ်တွင်းရှိ သီးနှံများသည် ဒေသလိုက်ကွဲပြားမှုရှိပြီး သီးနှံ သက်တမ်းများအလိုက်လည်း ကွာခြားနိုင်ပါသည်။ နှံစားသီးနှံများ စိုက်ပျိုးပြီးစီးသော အခါတွင် ပဲမျိုးစုံ သီးနှံတစ်ခုခုကို စိုက်ပျိုးခြင်းအားဖြင့် ပဲပင်များမှ ဖမ်းယူပေးနိုင်သော နိုက်ထရိုဂျင်ကို ရရှိနိုင်သည်။ 

အခြေကျ စိုက်ပျိုးမွေးမြူထုတ်လုပ်သော စနစ်

စိုက်ပျိုးမွေးမြူရေးအတွက် ရည်ရွယ်ကာ အခိုင်အမာတည်ဆောက်ပြီး စီမံချက်ချကာ စိုက်ပျိုး မွေးမြူသော စနစ်တစ်ခုဖြစ်ပါသည်။

လှေကားထစ် စိုက်ပျိုးမွေးမြူခြင်း

ဇောက်ရှိသော တောင်ကုန်း/ တောင်စောင်းများတွင် စိုက်ပျိုးလေ့ရှိသော နည်းစနစ်ဖြစ်ပြီး  တောင်ကုန်း တောင်တန်းဒေသများတွင် တွေ့ရလေ့ရှိပါသည်။ တောင်တန်းဒေသများတွင် အခြေ ကျ စိုက်ပျိုးရေးစနစ်ကဲ့သို့သော စိုက်ပျိုးရန်မြေများကို လှေကားထစ် အပိုင်းလိုက်များအဖြစ် ပုံဖော်ပြီးစိုက်ပျိုးသော စနစ်ဖြစ်ပါသည်။ ထိုသို့ ပုံဖော်လိုက်ခြင်းအားဖြင့် မြေဆီလွှာတိုက်စားမှု ကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ 

Htunn Win Kyaw

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်