ရာသီ ဥတု ပြောင်းလဲခြင်းနှင့် စိုက်ပျိုးရေး လုပ်ငန်း အပိုင်း (၂)

22/01/2018 11:01 AM တွင် ဦးဖရက်သိန်းဖေ ဦးဖရက်သိန်းဖေ မှ ရေးသား

ကမ္ဘာကြီး ပူနွေးလာခြင်းကြောင့် ဝင်ရိုးစွန်း ဒေသရှိ ရေခဲများ အရည်ပျော်ပြီး၊ ပင်လယ်ရေ မျက်နှာပြင် မြှင့်တက်လာသည်။ ထိုဖြစ်ရပ်ကြောင့် ပင်လယ် ကမ်းနီး မြို့ပြများ ရေမြှပ်ရသည်။ မှန်လုံအိမ် ဓာတ်ငွေ့မှ ပြန်ရောက်လာသော အလင်းနှင့် အပူမှာ ကမ္ဘာမြေ အနှံ့တွင် ပြောင်းလဲမှု အမျိုးမျိုးကို ဖြစ်စေသည်။ ပြောင်းလဲမှုမှာ ဒေသအားလုံးတွင် တစ်မျိုးတည်း တစ်သမတ်တည်း ပြောင်းလဲခြင်း မဟုတ်ပါ။ အချို့နေရာတွင် ရေကြီး ရေလျှံ ဖြစ်စေသကဲ့သို့၊ အချို့နေရာတွင် လေထန်၊ မိုးထန် ဖြစ်စေသည်။

အချုပ်ဆိုရသော် ကာဗွန်များနေရာပြောင်းခြင်းကြောင့် ကမ္ဘာကြီး ပူနွေးလာခြင်းမှ ရာသီဥတု ဖောက်ပြန်မှုကို ဖြစ်စေတော့သည်။ ထိုသို့ ရာသီဥတု ပြောင်းလဲခြင်းတွင် သဘာဝ သက်သက်ကြောင့် ဖြစ်ရခြင်းထက် လူတို့ ပယောဂကြောင့် ဖြစ်ရခြင်းက ပိုပါသည်။

ရာသီဥတု ပြောင်းလဲခြင်းသည် ယနေ့ သက်ရှိ အားလုံးနှင့်တကွ လူသားတို့အပေါ် သက်ရောက်မှု ကြီးမားစွာ ဖြစ်ပေါ်စေလျက်ရှိသည်။ အကယ်၍ ဤပြောင်းလဲခြင်းကို သဘာဝ ရွေးချယ်မှု့အတွက် ဖြစ်ပေါ်သော စွမ်းအင် Natural Selection Force အဖြစ် ခံယူလျှင် ထိုပြဿနာကို ရင်ဆိုင် ဖြေရှင်းရန်မှာ ယနေ့ လူသားတို့၏ ဘဝပေး တာဝန် ဖြစ်သည်။ အိုင်တီခေါ် သတင်း အချက်အလက်များ မီဒီယာ အမျိုးမျိုးမှ ဖောဖောသီသီ ရနေသော ခေတ်ကာလတွင် ရာသီဥတု ပြောင်းလဲခြင်းနှင့် ပတ်သတ်၍ သတင်း အချက်အလက်များ (Information) အမြောက်အများ ရရှိလျက် ရှိသည်။ သို့သော် ရာသီဥတု ပြောင်းလဲခြင်းကို လက်တွေ့ ကျကျ ရင်ဆိုင် ဖြေရှင်းသည့် နည်းလမ်းကောင်းများထက် ကြောင်လည်ပင်းတွင် ခေါင်းလောင်းဆွဲမည့် နည်းများကိုသာ ကြားနေရသည်။

ယနေ့ စိုက်ပျိုးသူများ အနေနှင့် မိမိတို့ အသက်မွေး ဝမ်းကြောင်းအတွက် လည်းကောင်း၊ စီးပွားရေး အတွက် လည်းကောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ရာတွင်  လက်တွေ့ အသုံးချနိုင်သော အသုံးဝင်သော နည်းကောင်းများကို ရှာဖွေ အသုံးပြုရန် လိုအပ်နေပါသည။ အပူတပြင်း လုပ်ရမည့် အခြေအနေသို့ ရောက်ရှိနေပါသည်။ အကယ်၍ ရာသီဥတု ပြောင်းလဲနေသော ဝန်းကျင်တွင် စိုက်ပျိုးရေးကို လူသားတို့ ဆက်မလုပ်နိုင်ပါက၊ မလုပ်နိုင်သော လူသားနများ ကမ္ဘာ၏ အနာဂတ်တွင် ဆက်ရှိနေနိုင်စရာ အကြောင်းမရှိပါ။

ရာသီဥတု ပြောင်းလဲခြင်းကြောင့် သီးနှံများအပေါ် ဖိစီးမှု (Stress)  ကျရောက်လာသည်။ သီးနှံပင်များ၏ သက်တမ်း ကာလအတွင်း ကြုံတွေ့ရသော ဖိစီးမှုများသည် ထိုသီးနှံပင်များ၏ ကြီးထွား ဖွံ့ဖြိုးမှုကို အတိုင်းအတာ အမျိုးမျိုးဖြင့် ထိခိုက်မြဲ ဖြစ်သည်။  ရေပြတ်ခြင်း၊ ရေလွှမ်းခြင်း၊ အပူအအေး လွန်ကဲခြင်း၊ အဆိပ်ဖြစ်စေသော ဓာတုပစ္စည်းများ၊ အာဟာရ ဒြပ်စင် အချိုး ချို့တဲ့ခြင်း ကဲ့သို့သော သက်မဲ့များကြောင့်၊ ဖြစ်ရသော ဖိစီးမှုမျိုးကို အဇီဝ ဖိစီးမှု (Abiotic Stress) ဟု ခေါ်သည်။ အဇီဝ ဖိစီးမှုများတွင် ရေကြောင့် ဖြစ်သော၊ ရေပြတ်သည့် ဖိစီးမှု (Drought stress) မှာ စိုက်ပျိုးရေးတွင် အန္တရာယ် အကြီးဆုံး ဖိစီးမှု ဖြစ်သည်။

အကယ်၍ ကမ္ဘာအရပ်ရပ်မှ သီးနှံ အမျိုးမျိုးတွင် ရင်ဆိုင် ကြုံတွေ့နေရသော ဖိစီးမှုများကို လေ့လာလျှင် မြန်မာ့ စိုက်ပျိုးသူများ ကြံုတွေ့နေရသော ပြဿနာများအတွက် အဖြေကောင်းများ ရရှိနိုင်ပါသည်။ ကမ္ဘာ အရပ်ရပ် သဲကန္တာ နီးပါး ခြောက်သွေ့သော နေရာ၊ သဲကန္တာရ အနားသတ် ဒေသများတွင်လည်း လူသားများ စိုက်ပျိုးရေးကို လုပ်နေကြသည်ပင်။

မြန်မာတို့၏ အိမ်နီးချင်း တရုတ်၊ အိန္ဒိယပြည်များ၌ပင် သဲကန္တာရများလည်း ရှိကြသည်။ အာဖရိက မြောက်ပိုင်း၊ ကမ္ဘာ့အကြီးဆုံး ဆာဟရ သဲကန္တာရ အနားသတ် ဒေသများ၌ပင် စိုက်ပျိုးရေး လုပ်နေကြရသည်။ တစ်နှစ်ပတ်လုံး မိုးရေချိန်  ၈လက်မ (မီလီမီတာ ၂၀၀) ပင် မရှိသော ဒေသများတွင်ပင် စိုက်ပျိုးရေး လုပ်နေကြရသည်။ မြန်မာပြည် အလယ်ပိုင်း ခြောက်သွေ့သော ဒေသများ၌ တစ်လအတွင်း ရွာသွန်းသော မိုးရေချိန်မှာ ၈ လက်မ (မီလီမီတာ ၂၀၀) ကျော် တတ်ပါသည်။

လိုလျင် ကြံဆ နည်းလမ်းရ ဆိုသကဲ့သို့ ရေနည်းသည့် ဒေသများရှိ စိုက်ပျိုးသူများ မိမိတို့ စိုက်ပျိုးရေး လုပ်ငန်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်သော နည်းလမ်းများ အမှန်တကယ် ရှိနေပါသည်။

ဆောင်းနှင့် နွေကာလ စိုက်ခင်းများတွင် ရေမလုံလောက်ခြင်းကို လက်မြှောက် အရှုံးမပေးပဲ စိုက်ပျိုးရေကို အောင်မြင်စွာ လုပ်ဆောင်နိုင်မည့် နည်းလမ်းကို ရှာရမည် ဖြစ်သည်။ အလွန် ရိုးစင်းသော အတွေးဖြစ်သည့် ရေလိုသည့် စိုက်ခင်းများ ဆီသို့၊ ရေသွယ်၊ ရေပို့၊ ရေဖျန်းခြင်းမှာ နည်းတခု ဖြစ်သော်လည်း၊ လက်တွေ့ ပြုလုပ်ရန် အခြေအနေ မပေးသောအခါမျိုးတွင် အခြား အသုံးတည့်မည့် နည်းများကို စိုက်ပျိုးရေး လောက၊ စိုက်ပျိုးရေး စာပေ၊ စိုက်ပျိုးရေး သိပ္ပံများမှ လေ့လာ ရှာဖွေ အသုံးပြုရန် လိုအပ်ပေသည်။

ဦးဖရက်သိန်းဖေ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်