ရာသီဥတုပြောင်းလဲလာမှုတွေက စိုက်ပျိုးရေးလုပ်ငန်းတွေကြောင့်လား?

23/08/2024 13:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

လယ်ယာနဲ့ တောင်ယာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေဟာဆိုရင်တော့ ရာသီဥတုပြောင်းလဲလာတာနဲ့အမျှ ပိုမိုဆိုးလာတယ်။ လုပ်ရကိုင်ရ ခက်ခဲလာတယ် ဆိုတာကိုတော့ အားလုံးလည်းသိကြမှပါ။ မိုးခေါင်လာတယ်။ ရေလည်းရှားလာတယ်။ ရာသီဥတုက ဖောက်ပြန်လာတာကြောင့် အပူချိန်တွေလည်း ကမောက်ကမဖြစ်တာကို ရင်ဆိုင်နေကြရပါတယ်။ 

ဆိုတော့ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုတွေ ဘာကြောင့်ဖြစ်တာလဲလို့ဆိုရင် 

စိုက်ပျိုး မွေးမြူရေးကြောင့်လည်း ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ 

တစ်သက်လုံးက ဒီလိုပဲစိုက်လာတာ ခုမှလာပြီး စိုက်ပျိုးရေးကြောင့် ရာသီဥတုက ပြောင်းလဲရတယ်ဆိုတာက ဖြစ်နိုင်ပါ့မလားဆိုတာမျိုး တွေးကောင်း တွေးမိပါလိမ့်မယ်။ 

ဒါဆိုရင်တော့ ဘယ်လိုတွေကြောင့်မို့ စိုက်ပျိုးမွေးမြူရေးဟာ တရားခံနေရာမှာ ပါဝင်နေတာလဲဆိုတာကို သိချင်သွားမိပါပြီ။

၂၀၁၃ ခုနှစ် IPCC (International Panel of Climate Change) ထုတ်ပြန်ချက်အရဆိုရင် သစ်တောတွေနဲ့ မြေကို အသုံးချတဲ့ ပုံစံတွေ ပြောင်းလဲလာတယ်။ ဆိုတော့ ဖန်လုံအိမ်အာနိသင်ရှိတဲ့ ဓာတ်ငွေ့တွေထုတ်လွှတ်မှု ၂၅ ရာခိုင်နှုန်းအထိ ပါဝင်ပတ်သတ်နေပါသတဲ့။ စိုက်ပျိုးရေးက မီသိန်းနဲ့ နိုက်ထရပ်စ် အောက်ဆိုက်လို ဓာတ်ငွေတွေထွက်ရှိမှုရဲ့ အဓိက အရင်းအမြစ်လည်း ဖြစ်နေပါသတဲ့။ 

၁) စပါးခင်းတွေကနေ မီသိန်း (Methane) ဓာတ်ငွေ့တွေ ထွက်တယ်။ 

အာရှနဲ့ ပစိဖိတ် ဒေသတွေမှာ အဓိက အစားအစာကတော့ ဆန်ပါပဲ။ ဆန်စားလို့ စပါးစိုက်ရတာကြောင့် တစ်ကမ္ဘာလုံးရဲ့ (၉၀) ရာခိုင်နှုန်းသော စပါးစိုက်ခင်းက အဲ့ဒေသတွေမှာပါ။ သီးနှံတွေကနေ ဖန်လုံအိန်ဓာတ်ငွေ့ထုတ်လွှတ်မှုတွေထဲမှာ ၅၀ ရာခိုင်နှုန်းက ဒီစပါးခင်းတွေက ဖြစ်ပါတယ်။ နည်းတဲ့ ပမဏတော့ မဟုတ်ပါဘူး။

၂) အင်အော်ဂဲနစ် မြေသြဇာတွေကို သုံးတာ။

၂၀၁၄ ခုနှစ် IPCC အရဆိုရင် နိုက်ထရပ်အောက်ဆိုဒ်တွေ ထုတ်လွှတ်မှုရဲ့ ၃၀% ဟာဆိုရင် ဒီလို အင်အော်ဂဲနစ် မြေသြဇာတွေကို သုံးခြင်းကနေ ထွက်ရှိတာဖြစ်ပါတယ်တဲ့။ အင်အော်ဂဲနစ် မြေသြဇာတွေကို ထုတ်လုပ်တဲ့နေရာတွေနဲ့ သယ်ယူပို့ဆောင်တဲအချိန်တွေမှာ ဖန်လုံအိမ်အာနိသင်ရှိတဲ့ ဓာတ်ငွေ့တွေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းဓာတ်ငွေ့တွေနဲ့ နိုက်ထရပ်အောက်ဆိုက်တွေကို အများကြီး ထုတ်လုပ်ပါတယ်။ အဲ့ဒါဟာ တစ်ကမ္ဘာလုံးက နိုက်ထရပ်အောက်ဆိုဒ်ထုတ်လွှတ်မှု ရဲ့ ၆၀ ရာခိုင်နှုန်းတောင်ရှိပါတယ်လို့ ၂၀၁၁ ခုနှစ် လေ့လာချက်တွေအရ ဆိုနိုင်ပါတယ်။ ဆိုတော့ အများကြီးတောင် ထုတ်လုပ်နေတယ် လို့ ဆိုနိုင်ပါတယ်။ ခုက နောက်ထပ် ၂၀၂၄ တောင်ရောက်နေပြီဆိုတော့ တိုးတက်လာတဲ့ လူဦးရေနဲ့အတူ ဘယ်လောက်တောင် ထုတ်လုပ်မှုနဲ့ ထုတ်လွှတ်မှုတွေ ရှိနိုင်မလဲဆိုတာကို စဉ်းစားကြည့်ပါတော့။

၃) သီးနှံတွေအကြွင်းအကျန်တွေကို မီးရှို့ရာတွေကနေ ထွက်လာတဲ့ ထုတ်လွှတ်မှုများ။ 

တောင်သူတွေက နေ တောင်ယာခုတ်တာပဲဖြစ်ဖြစ်၊ သီးနှံအကျန်တွေကို မီးရှို့ဖျက်ဆီးတာဖြစ်ဖြစ် လုပ်တတ်ကြပါတယ်။ အဲ့လို လုပ်တာက ၂၀၁၇ - ၂၀၁၈ ခုနှစ်မှာ အန္ဒိယ တစ်နိုင်ငံတည်းက မီးရှို့တဲ့ ပမာဏက ၁၁၆ မီလီယံ တန် လောက်အထိရှိတယ်လို့ဆိုပါတယ်။ အဲ့လိုမီးရှို့လိုက်တာကြောင့်မို့ 

  • ကာဗွန်ဒိုင်အောက်ဆိုဒ် - ၁၇၆.၁ Tg 
  • မီသိန်းဓာတ်ငွေ့က - ၃၁၃.၉ Gg
  • နိုက်ထရက် အောက်ဆိုဒ်က ၈.၁၉ Gg

ဒီမှာ Gg ဆိုတာ Gigagram ကိုပြောတာဖြစ်ပြီးတော့ သူက ကီလို (၁၀၀၀) အလေးချိန်နဲ့ ညီပါတယ်။ Tg ဆိုတာကတော့ Teragram ဖြစ်ပြီးတော့ ကီလိုဂရမ် (၁၀)သိန်း နဲ ညီပါတယ်။ ဆိုတော့ ခုနက ဂဏန်းတွေအတိုင်းဆိုရင် အဲ့လို မီးရှို့လိုက်တာက ဓာတ်ငွေ့တွေ အများကြီးထွက်သွားတာကို တကယ် မသိလိုက် မသိဘာသာနဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုဖျက်ဆီးလိုက်တာပါပဲ။ 

၄) မစင်စတဲ့ တိရစ္ဆာန် စွန့်ပစ်ပစ္စည်းတွေကနေ ထုတ်လွှတ်မှုတွေ။

စားကျက်ထဲမှာ ဒီတိုင်း ပါပါစေဆိုပြီး လွှတ်ကျောင်းလိုက်တာပဲဖြစ်ဖြစ်၊ မြေမပြင်ခင် မောင်းသွင်းလိုက်တာပဲဖြစ်ဖြစ် သူတို့ ဆီကကွင်းထဲမှာ စွန့်ပစ်သွားတဲ့ ကျင်ကြီးကျင်ငယ်တွေဟာ မီသိန်းဓာတ်ငွေ့နဲ့ နိုက်ထရက်အောက်ဆိုက် ကိုထုတ်လွှတ်တာပါပဲ။ အဲ့လို ထုတ်လွှတ်တဲ့ ပမာဏကလည်း စိုက်ပျိုးမွေးမြူရေးက ထုတ်လွှတ်တဲ့ ပမာဏ အားလုံးရဲ့ ၁၈ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဆိုတော့ သူတို့လည်း နည်းမလိုနဲ့ တကယ်တမ်းကျတော့ နည်းတဲ့ပမာဏတော့မဟုတ်ပါဘူး။ 

၅) ရေသွင်း ရေထုတ်စနစ်တွေနဲ့ တစ်ခြားသော စီမံခန့်ခွဲမှုနည်းလမ်းတွေ။

မြောင်းဖောက်ရေသွင်းတာပဲ ဘာဖန်လုံအိမ်ဓာတ်ငွေ့ ထွက်စရာလိုလဲဆိုတော့ ဟုတ်ပါတယ်။ အဲ့လိုကတော့ မထွက်ပါဘူး၊ ရေသွင်းဖို့ ရေတင်ရတာ ရေကို ပြန်စုပ်ထုတ်ရတာမျိုးတွေရှိတယ်ဆိုရင် အဲ့မှာသုံးတဲ့ စက်တွေ၊ ထွန်ယက်တာကနေ ရိတ်သိမ်းတဲ့အချိန်အထိ အဆင့်ဆင့်သုံးကြတဲ့ စက်ကိရိယာပစ္စည်းတွေကနေ ထွက်တာကို ဆိုလိုတာဖြစ်ပါတယ်။ 

နောက်ထပ်တစ်ခုကတော့ မြန်မာ့စကားအတိုင်း လယ်အပုပ်ထားတဲ့ အခါမျိုးတွေပါ။ စပါးခင်းတွေကို ရေအမြုပ်နဲ့ လယ်အပုပ်ထားလိုက်ရင် မီသိန်းဓာတ်ငွေ့တွေ ထွက်ပါတယ်။ ရေသွင်းထားတဲ့ စပါးခင်းမှာ ရေသွင်းပြီး ရေထားထားရင်လည်း နိုက်ထရက်အောက်ဆိုက် ကထွက်ပါတယ်။ 

ဆိုတော့ စိုက်ပျိုးရေးမှာ ကျွန်တော်တို့လုပ်နေကြတဲ့ ပါဝင်ပတ်သတ်နေကြတဲ့လုပ်ငန်းစဉ်တွေကလည်း ရာသီဥတုပြောင်းလဲမှုကိုဖြစ်လာစေပြီးတော့ ရာသီဥတုပြောင်းလဲမှုကြောင့်လည်း ကျွန်တော်တို့ရဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေက လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲကြရပြန်ပါတယ်။ အဲ့လိုပြောင်းလဲတဲ့နေရာမှာလည်း ရာသီဥတုပြောင်းလဲမှုကို ပိုပြီးတော့ မဆိုးရွားသွားစေတဲ့ ရေရှည်တည်တံ့ခိုင်မြဲစေတဲ့ နည်းလမ်းမျိုးတွေကို ရှာဖွေဖော်ထုတ်သွားကြရမှာဖြစ်ပါတယ်။ 

Reference

Aryal, J. P. 2022. Contribution of Agriculture to Climate Change and Low-Emission

Agricultural Development in Asia and the Pacific. ADBI Working Paper 1340. Tokyo: Asian

Development Bank Institute. Available: https://doi.org/10.56506/WDBC4659

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်