ပိုးသတ်ဆေးများအားရောစပ်ရာတွင် သင့်/မသင့် စမ်းသပ်နည်း
ရေ ၅၀၀ စီစီ အား ၁ လီတာ ဆန့်သော ခွက်/ပုံး ထဲသို့ ထည့်ပါ။
ရောစပ်လိုသော ပိုးသတ်ဆေးမှုန့်/ ပိုးသတ်ဆေးအရည်/ ရွက်ဖျန်းမြေဩဇာအရည် စသည်တို့ကို အစဉ်အလိုက်ထည့်ပါ။
အစီအစဉ်အားဖြင့်
(က) ရေဖျော်ဆေးမှုန့်/ ဆေးခဲ/ ရေပျော်ဆေးမှုန့် (WDP, WP, WDG, WG, SP)
(ခ) ရေဖျော်ဆေးရည်/ ဆိုင်းတွဲ/ ဆေးပျစ်/ ရေပျော်ဆေးရည် (SL, SE, EW, SC)
(ဂ) ရွက်ဖျန်းမြေဩဇာအရည်များ
(ဃ) ရေဖျော်ဆေးရည် (EC) (နောက်ဆုံးမှထည့်ရမည်)
အမှုန့်/ အရည်တို့အား တစ်ဇွန်းပြည့်ပြည့်စီ ထည့်ရမည်။
တစ်မျိုးထည့်ပြီးတိုင်း တစ်ခါ သမအောင်မွှေပေးပါ။ ပြီးမှ နောက်တစ်မျိုးကို ထပ်ထည့်ပါ။
အားလုံးထည့်ပြီး၊ သမအောင်မွှေပြီး (၁၅-၃၀) မိနစ်ခန့် ထား၍ စောင့်ကြည့်ပါ။
ရောထားသောဆေးဖျော်ရည်သည် ပူလာခြင်း၊ အမြှုပ်များထခြင်း၊ စေးပျစ်ခြင်း၊ အနည်အနှစ် များဖြစ်ပေါ်ခြင်း၊ အလွှာနှစ်လွှာကွဲနေခြင်း၊ ရေထဲတွင်ပျော်ဝင်မှုမကောင်းဘဲ ကောင်းစွာပြန့်နှံ့မှုမရှိခြင်း၊ အတုံးအခဲများဖြစ်ပေါ်နေပါက “ရုပ်အသွင် သဏ္ဍာန်များသဟဇာတ မဖြစ်ခြင်း” (Physical Incompatibility) ကြောင့်ဖြစ်ပါသည်။ ထိုအခြေအနေမျိုးများဖြစ်ပေါ်ခဲ့ပါက ရောစပ်သုံးစွဲရန်မသင့်လျော်သော အခြေအနေဖြစ်ပါသည်။
***သတိပြုရန်
ပိုးသတ်ဆေးများအား ရောစပ်ရာတွင် သင့်/မသင့် စမ်းသပ်နည်း (Jar Test/ Compatibility Test) ဆောင်ရွက်ပြီး အထက်ပါ မသင့်လျှော်သောအခြေအနေများမဖြစ်ပေါ်ဘဲ “ရုပ်အသွင်သဏ္ဍာန်များ သဟဇာတ” ဖြစ်သဖြင့် ရောစပ်သုံးစွဲမည်ဆိုပါက ထိုအရောသည် မိမိ ရည်ရွယ်သောဖျက်ပိုးများကို နှိမ်နင်းနိုင်မည်ဟု တစ်ထစ်ချမှတ်ယူ၍ မရနိုင်ပါ။ အချို့သော ပိုးသတ်ဆေးအရောများသည် မူလအာနိသင်များကိုလျော့ကျသွားခြင်း၊ သို့မဟုတ် ပို၍ကောင်းမွန်သော အာနိသင်များကို ဖြစ်ပေါ် စေနိုင်ပါသည်။ အချို့အရောများသည် သီးနှံပင်များအား ပိုးသတ်ဆေးလောင်ခြင်း (Phytotoxicity) ဖြစ်တတ်ပါသည်။
မိမိရောစပ်ထားသော ပိုးသတ်ဆေးအရောအား မိမိစိုက်ခင်းတွင် အသုံးပြုပက်ဖျန်းခြင်း မပြုမီ တစ်ရက်ကြိုတင်၍ အသုံးပြုမည့်သီးနှံပင် (၅-၁၀) ပင်ခန့်အား ပက်ဖျန်း၍ ဆေးလောင်မှုဖြစ်ပေါ်မှု ရှိ/မရှိအား စမ်းသပ်ရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ ဆေးလောင်ခြင်းလက္ခဏာများမှာ ဆေးထိသောနေရာများတွင် အစိမ်းရောင်ပျောက်ခြင်း၊ တစ်ရှူးများသေခြင်း၊ အကွက်များဖြစ်ပေါ်ခြင်း၊ အရွက်များတွန့်ခြင်း၊ အပင်ကြီးထွားမှုများရပ်တန့်သွားခြင်း စသည်တို့ဖြစ်သည်။ ထိုလက္ခဏာများဖြစ်ပေါ်ပါက ထိုအရောအား သုံးစွဲရန်မသင့်ပါ။
သီးနှံစိုက်တောင်သူများ မိမိတို့သီးနှံခင်းများအား ဖျက်ပိုးအန္တရာယ်မှ ထိရောက်စွာကာကွယ် နှိမ်နင်းနိုင်ပါစေကြောင်း၊ သီးနှံများ အထွက်ကောင်းပြီး ကြီးပွားတိုးတက်ပါစေကြောင်းနှင့် ပိုးသတ်ဆေးသုံးစွဲရာတွင် အသိ၊ သတိနှင့်ယှဉ်၍ ဆောင်ရွက်နိုင်ကြပါစေကြောင်း စေတနာဖြင့် ရေးသားတင်ပြအပ်ပါသည်။
ဒေါက်တာဝင်းသန်း (DOA, PPD)
Ref:
Tank mixing and pesticide compatibility - "The jar test" (http://www.omafra.gov. on.ca)
A Pesticide Mixing and Loading Checklist (North Carolina Environmental Stewardship Project of CropLife Foundation)
ဦးမြင့်ထွေး
လွန်ခဲ့သော ၅ နှစ် ကပိုးသတ်ဆေးများရောစပ်ရာတွင် သိထားသင့်သည်များကို အခုလိုရှင်းလင်းတင်ပြပေးတဲ့အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်ခင်ဗျာ၊ အစဉ်လိုက်ထည့်ရမည့် ပိုးသတ်ဆေးများထဲမှ အတိုကောက်စာသားများရဲ့အဓိပ္ပာယ်အပြည့်အစုံကို ကျေးဇူးပြု၍ရှင်းလင်းတင်ပြပေးစေချင်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 4 ခု
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....