ပြောင်းပင်ကို အရွက်တွေချွေတာ ကောင်းကျိုးတွေရှိလား?

16/07/2025 14:40 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

ပြောင်းစိုက်တဲ့ တောင်သူတွေ မှာ တစ်ချို့က ပြောင်းရွက်တွေကို ချွေနေကြပြီ

 ဒီလိုလုပ်တာက ဘာကောင်းကျိုးရှိလို့လဲလို့ မေးကြတဲ့အတွက် ဆောင်းပါးလေးနဲ့ ဖြေပေးလိုက်ပါတယ်နော်။

ကောင်းကျိုးတွေက ဘာတွေ ရှိနိုင်တာလဲဆိုတော့

အလင်းရောင်ကို ကောင်းကောင်းရတယ်။

အလင်းရောင်ကို မှီတည်ပြီး အစာချက်ရတဲ့ အပင်တွေမှာ အလင်းရောင်ကောင်းကောင်းရဖို့ဆိုတာ တကယ့် အထောက်အပံ့ကောင်းဖြစ်တာမို့ အရိပ်ကျနေတဲ့ အပေါ်ရွက် တစ်ချို့ကို ဖယ်လိုက်ခြင်းက အစာချက်လုပ်ဖို့အတွက် ပိုပြီးကောင်းတဲ့ အခြေအနေကိုဖန်တီးပေးနိုင်ပါတယ်။

အစာချက်လုပ်မှုကို ပိုပြီးတော့ ကောင်းလာစေတယ်။

အစာချက်လုပ်မှုကိုကောင်းကောင်းမလုပ်နိုင်တော့ဘူးလို့ ယူဆလို့ရတဲ အရွက်တွေကို ဖယ်လိုက်ခြင်းအားဖြင့်တော့ ကျန်တဲ့ အစာကောင်းကောင်းချက်နိုင်တဲ့ အရွက်တွေအပေါ်မှာ သွားပြီးတော့ အကျိုးသက်ရောက်မှု အများကြီးရှိလာပါတယ်။ သူတို့ချက်တဲ့အစာတွေသည် အပင်အတွက် ကောင်းကောင်းသုံးနိုင်သွားမှာဖြစ်ပါတယ်။

အစေ့အဆံတွေအတွက်ကောင်းပါတယ်။

အရွက်တစ်ချို့ကို မှုန်းလိုက်တာက အရွက်တွေက ထုတ်တဲ့ အစာနဲ့ အစေ့အဆံဖြစ်ဖို့ လိုအပ်တာနဲ့ ကိုက်ညီသွားအောင် ထိန်းသိမ်းပေးလိုက်သလိုပါပဲ။ ဒါကြောင့်မို့ အစေ့အဆံလည်း ပိုမိုဖြစ်ထွန်းအောင်မြင်နိုင်ပါသေးတယ်။

ဆိုတော့ အစေ့အဆန် အောင်မြင်တဲ့ ပြောင်းတွေရပြီးတော့ အထွက်နှုန်းကို တိုးလာစေနိုင်ပါတယ်။

 ဒါပေမဲ့ ဘာတွေ စဉ်းစားသင့်လဲ

ပထမအချက်ကတော့ အချိန်ဖြစ်ပါတယ်။

အရွက်ကို ဘယ်ချိန်မှာဖယ်မလဲ ဆိုတဲ့ အချိန်က သေချာမှအပင်မှာ အခြားသော မကောင်းတဲ့အကျိုးဆက်တွေမရတာကို သေချာမှာပါ။

အရွက်တိုင်းက မတူပါဘူး။ အဖူးထွက်တဲ့ နေရာနားက အရွက်က အဓိက အဖူးကို ထောက်ပံ့ပေးရတဲ့ တာဝန်ရှိပါတယ်။ အပေါ်ရွက်တွေကို အရမ်းဖယ်လိုက်တာကလည်း အထွက်ကိုလျော့စေနိုင်ပါသေးတယ်။

မျိုးပေါ်မူတည်ပါတယ်။ တစ်မျိုးနဲ့တစ်မျိုးကတော့ အရွက်တွေဖယ်ရတာခြင်းကတေော့ တူမှာမဟုတ်ပါဘူး။

 အချိုးကျဖို့လည်း လိုမှာဖြစ်ပါတယ်။

ဒါဆိုရင်  ပြောင်းပင်ကို စမ်းသပ်မှုလုပ်ထားတာကိုလေ့လာကြရအောင်ပါ။ ဒီစမ်းသပ်မှုကို Pioneer Seed ကနေ သုတေသနပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါကို မပြောခင်မှာ အရင်ဆုံးပြောင်းပင်ရဲ့ ကြီးထွားမှုကာလ သတ်မှတ်ချက်ကို အရင်ဆုံးမှတ်သားထားရပါမယ်ခင်ဗျာ။

အကုန်လုံးကို မပြောတော့ပါဘူး။  ပင်ပိုင်းကြီးထွားမှုအဆင့်ကိုကျော်လိုက်ပါမယ်။

 R1 -  အမွှေးစထွက်တဲ့အဆင့်ဖြစ်ပါတယ်။

R2 - အမွှေးထွက်ပြီး (၁၀ - ၁၄) ရက်ကြာရင် ပြောင်းဖူးရိုးမှာ အရည်ကြည်လေးတွေနဲ့ ပြောင်းဖူးစေ့လေးတွေ စ တည်လာတဲ့အဆင့်ဖြစ်ပါတယ်။

R3 - နို့ရည်လေးတွေ စ ဖြစ်လာပြီးတော့ အဝါရောင်လေးတွေလည်း ပြောင်းလာမဲ့ နို့တည်တဲ့ အဆင့်ဖြစ်ပါတယ်။ ဒါက ပြောင်းဖူးမွှေးလေးတွေ စထွက်ပြီးတော့ (၁၈) ရက်ကနေ (၂၂) ရက် လောက်မှာဖြစ်တာပါ။

R4  - အသားတည်တဲ့အဆင့်ပါ။ ပြောင်းဖူးမွှေးထွက်ပြီးတော့ ၂၄ ရက်လောက် ကနေ ၂၈ ရက်လောက်မှာ အစေ့အဆံလေးက မာလာတဲ့ အဆင့်ပါ။

R5 - R1 စပြီး ၃၅ ရက်ကနေ ၄၂ ရက်မှာဆိုရင် ပြောင်းဖူးစေ့လေးတွေမှာ စားရင် မြင်ရတဲ့ အတိုင်း အဖြူလေး တွေ ဖြစ်လာတဲ့အဆင့်ပါ။ အဖြူရောင်အပိုင်းလေး သိသိသာသာဖြစ်လာပြီးတော့ အဖြူပိုင်းနဲ့ အဝါပိုင်း ကွဲပြားသွားမှာပါ။

R6 -  ၅၅ ရက်ကနေ ၆၅ ရက်ဆိုရင်တော့ အမြင့်ဆုံး အလေးချိန်ကိုရောက်ပါမယ်။ အစေ့တစ်စေ့ချင်းစီရဲ့ အောက်ဖက်မှာ အညို ဒါမှမဟုတ် အနက်ရောင် အလွှာလေးတွေဖြစ်လာမယ်။ ရင့်မှည့်မှု အမြင့်ဆုံးအချိန်ဖြစ်ပါတယ်။ ဒါပေမဲ့  အပင်ကတော့ စိမ်းနေပါဦးမယ်။ သို့သော်လည်း တစ်ချို့အရွက်လေးတွေက အစိမ်းရောင်ဖျော့လာတာမျိုးကို မြင်ရတတ်ပါတယ်။ ဒီနောက်ပိုင်းမှာ အပင်က ကျတော့မှာဖြစ်ပါတယ်။

ဆိုတော့ ခုနက သုတေသနကိုပြန်သွားရရင် အရွက်တွေကို ချွေတဲ့ စမ်းသပ်မှုကို လုပ်ထားတာပါ။  

အဲ့အချိန်မှာ သူတို့က ဘယ်လို အရွက်ကိုချွေသလဲဆိုရင်

စမ်းသပ်မှု ၁ က ပြောင်းဖူးထွက်တဲ့ အောက်ဖက်က အရွက်တွေ အကုန်လုံးကိုချွေပစ်ပါတယ်။

စမ်းသပ်မှု ၂ က ပြောင်းဖူးထွက်တဲ့ နေရာက အရွက်ကိုပဲချွေပစ်လိုက်ပါတယ်။

၃ က ပြောင်းဖူးထွက်တဲ့ အဆစ်အပေါ်က အရွက်တွေ အကုန် ချွေလိုက်ပါတယ်။

၄ မှာကျတော့ ဘယ်အရွက်ကိုမှ မချွေထားပါဘူး။ 

ဆိုတော့ သူတို့အနေနဲ့ ဘယ်လို ရလာဒ်တွေ ရခဲ့ပါသလဲ။

R2-R3 အဆင့်မှာ 

ပြောင်းဖူးထွက်တဲ့နေရာက အရွက်ကို ချွေလိုက်တာက အစိုဓာတ်မှာ ပြောင်းလဲမှု မရှိပါဘူး။

ပြောင်းဖူးနဲ့ အစေ့အလေးချိန်မှာ (၁) ရာခိုင်နှုန်း လျော့သွားပါတယ်။ ပင်စည်မှာ ဘာမှ သက်ရောက်မှုမရှိပါဘူး

ပြောင်းဖူးထွက်တဲ့ အောက်ဖက်က အရွက်တွေကို ချွေလိုက်တာက အစိုဓာတ် ပြောင်းလဲမှုမရှိဘဲ ပြောင်းဖူးနဲ့ အစေ့အလေးချိန်မှာ (၄) ရာခိုင်နှုန်းထိ ထိုးကျသွားပါတယ်။ ပင်စည်မှာလည်း သက်ရောက်မှုမရှိပါ။ ပြောင်းဖူးထွက်တဲ့ အပေါ်က အရွက်တွေ ကို ချွေပစ်တာက ၀.၅၃ ရာခိုင်နှုန်းလောက် အစိုဓာတ်မှာ လျော့သွားပါတယ်။ ပြောင်းဖူးနဲ့ အစေ့အလေးချိန်မှာ ၂၂ ရာခိုင်နှုန်းထိ ကျသွားပါတယ်။ ပင်စည်မှာ အစာတွေ သွားစုပြီးတော့ ပင်စည်တွေ လဲတာ မျိုး တွေ့ရပါတယ်။

R4 - R5 မှာပြောင်းဖူးထွက်တဲ့နေရာက အရွက်ကို ဖယ်လိုက်ခြင်းက R4 မှာ ၁.၅ ရာခိုင်နှုန်း ပြောင်းဖူးရဲ့ အလေးချိန်ကို ကျသွားစေပါတယ်။

R5 မှာဆိုရင် ၃ ရာခိုင်နှုန်း ကျသွားပါတယ်။ ပင်စည်မှာ ဘာမှ မသက်ရောက်ပါ။ ပြောင်းဖူးထွက်တဲ့ အောက်ဖက်က အရွက်တွေကို ဖယ်လိုက်ရင် R4 မှည ၁၂ ရာခိုင်နှုန်း R5 မှာ ၆.၈ ရာခိုင်နှုန်း ပြောင်းဖူးရဲ့ အလေးချိန်ကို ကျသွားစေပါတယ်။ မပြောပလောက်တဲ့ သက်ရောက်မှု လေးတော့ ပင်စည်မှာ သက်ရောက်မှုရှိပါတယ်။ 

ပြောင်းဖူးထွက်တဲ့ အပေါ်ဖက်က အရွက်တွေ အကုန်လုံးကို ဖယ်လိုက်ရင် ၂၇.၇ ရာခိုင်နှုန်းလောက်တောင် R4 မှာ ကျသွားပါတယ်။

R5 မှာတော့ ၁၉.၈ ရာခိုင်နှုန်းလောက် အလေးချိန်ကျသွားပါတယ်။ R4 R5 (၂)ခုစလုံးမှာ ပင်စည်မှာ အစာတွေ ပုံနေပါတယ်။

ဆိုတော့ ခုနက အပေါ်ကနေ ပြန်ဆက်ရရင် 

ပြောင်းပင်တွေမှာ အရွက်တွေကို ချွေတာက ကောင်းတယ်ဆိုတာ က သေလုနီးနီးဖြစ်နေတဲ့ အရွက်တွေနဲ့ ဝါနေတဲ့အရွက်တွေကို ပဲ အလင်းရောင်အတွက်သော်လည်းကောင်း၊ အပင်လဲမှုကနေ ကာကွယ်ဖို့သော်လည်းကောင်း ချွေလိုက်တာက အကောင်းဆုံးဖြစ်ပြီးတော့ ပင်ပိုင်းကြီးထွားမှုမှာပဲဖြစ်ဖြစ်၊ မျိုးပွားတဲ့ကာလ (ပြောင်းဖူးကြီးထွားတဲ့ကာလ) မှာ အပင်မှာရှိနေတဲ့ အရွက်တိုင်းလိုလို က အရေးကြီးတယ်ဆိုတာကို သဘောပေါက်ကြမှာပါ။

ပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ။

reference:https://www.pioneer.com/us/agronomy/corn-leaf-removal.html#test2_2 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်