ရွှံ့စေးမြေမှာစိုက်ပျိုးမယ်ဆိုရင် ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်သည့်နည်းလမ်းများ

26/05/2026 11:38 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

ရှေ့ဆောင်းပါးမှာ ရွှံ့စေးမြေမှာစိုက်ပျိုးနိုင်တဲ့ အပင်တွေနဲ့ ရွှံ့စေးမြေရဲ့ ကောင်းကျိုးတွေကို အစိမ်းရောင်လမ်းက မိတ်ဆွေတွေကို ဖော်ပြထားပြီးပြီမို့ ဒီဆောင်းပါးမှာတော့ ရွှံ့စေးမြေမှာ စိုက်ပျိုးမယ်ဆို ကြုံတွေရမယ့် အခက်အခဲတွေနဲ့ ဖြေရှင်းရမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပထမဆောင်းပါးကို မဖတ်ရသေးပါက အောက်ဖော်ပြပါ ဆောင်းပါးလင့်ခ်ကို နှိပ်ပြီး ဖတ်ရှုလို့ရပါတယ်ဗျ။
ရွှံ့စေးမြေရဲ့ ကောင်းကျိုးနဲ့ စိုက်ပျိုးနိုင်သော သီးနှံများ

ဒါဆို.. ဘာတွေက စိန်ခေါ်နေမလဲ?

(၁) ရေထုတ်ဖို့ အခက်အခဲ

ရေမြုပ် ရေစိုပြီးရင် သဲမြေလို ရေ ကျသွားတာမဟုတ်ပဲ ရေကို စုပ်ထားတာ ဖြစ်တဲ့အတွက်မျို့လို့ ရေများတာ ဖြစ်နိုင်ပါတယ်။

(၂) မြေကြီးကြပ်သိပ်တာ

စိုရင်တော့ အိကနဲ အိကနဲ နေပေမဲ့လို့ ခြောက်ရင်တော့ မာတတ်ပြီးတော့ ဖိသိပ်ရင် ပိုတောင် မာတတ်တာမို့လို့ မြေသိပ်သည်းမှုတွေကလည်း စိန်ခေါ်မှုတစ်ရပ်ပါပဲ။

(၃) အလုပ်လုပ်ရ ခက်ခဲခြင်း

စိုရင် ဖယောင်းလို ပုံသွင်းရပေမဲ့ မာရင် သံချောင်းလိုမျိုး မာကြောတတ်တာကြောင့်မို့ အထူးသဖြင့်တော့ ခြောက်သွေ့တဲ့ ဒေသတွေမှာ ဒီလိုမြေမျိုးက စိုက်ပျိုးရခက် လုပ်ရကိုင်ရ ခက်တဲ့ မြေမျိုးတွေအဖြစ် သတ်မှတ်ခံရလေ့ရှိပါတယ်။ 

(၄) အလွယ်တကူ တိုက်စားမျောပါနိုင်ခြင်း

မိုးကြီးရင် ပျော်ဆင်းသွားနိုင်တာမို့လို့ အာဟာရဓာတ်တွေ ပါဝင်တဲ့ မြေဆီလွှာ အပေါ်ပိုင်းက တိုက်စားခံရနိုင်ပါတယ်။ ဆိုတော့ အနိမ့်အမြင့် တစ်ခါတည်း ညှိ့ထားမှသာ လုပ်ရကိုင်ရ အဆင်ပြေမှာပါ။ 

ဘာတွေနဲ့ ဖြေရှင်းလို့ရနိုင်မလဲ

(၁) ရေထုတ်စနစ်ကို ကောင်းမွန်အောင် ပြုလုပ်ပေးဖို့လိုအပ်ပါလိမ်မယ်။ ဒါမှသာပဲ ရေဝပ်တာကို အတိုင်းအတာတစ်ခု အထိ ထိန်းချုပ်နိုင်မှာပါ။ 

(၂) အော်ဂဲနစ် မြေသြဇာတွေ ထည့်သွင်းပေးဖို့ လိုအပ်ပါလိမ်မယ်။ ဒါဆိုရင် မြေသားတည်ဆောက်မှုကို ပြောင်းလဲလာစေဖို့ အော်ဂဲနစ် မြေသြဇာတွေကအထောက်အကူပြုပေးမှာပါ။

(၃) သီးလှည့်စိုက်တာ - အမြစ် နက်နက်ဆင်းတဲ့ သီးနှံတွေနဲ့ လှည့်စိုက်တာ ကြာလာလေလေ အမြစ် စနစ်တွေ က မြေသားနဲ့ တစ်သားတည်းဖြစ်ပြီးတော့ မြေဆီသြဇာ ကောင်းမွန်ရုံသာမက မြေကြပ်တာကိုပါ အတိုင်းအတာတစ်ခုအနေနဲ့ ဖြေရှင်းပေးလာနိုင်မှာဖြစ်ပါတယ်။ 

(၄) မြေဖုံးစိုက်ပျိုးတာ - မြေကိုဖုံးပြီး စိုက်ပျိုးတာက ပေါင်းမြက်နှိမ်နင်းပြီးသားလည်းဖြစ်တယ်။ စိုက်ထားတဲ့ သီးနှံကိုလည်း စီမံခန့်ခွဲရတာ လွယ်သလို ရေအစိုဓာတ်ကိုလည်း ထိန်းသိမ်းပြီးသားဖြစ်တယ်။ မြေဖုံးစိုက်မယ်ဆိုရင် ပလပ်စတစ်နဲ့ ဘောင်အုပ်လို့ရပေမဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘဲ ရေရှည်မှာ ကိုယ့်မြေအတွက်လည်း ပိုမိုကောင်းလာစေမဲ့ ကောက်ရိုးတို့ မြက်ခြောက်တို့လိုမျိုး လွယ်လွယ်လည်း ရနိုင်တဲ့ သဘာဝ မြေဖုံးပစ္စည်းတွေကို ပိုမိုရွေးချယ်သင့်ပါတယ်။ 

ရွှံ့စေးမြေမှာ စိုက်ပျိုးမယ်ဆိုရင် အကြံပေးချင်တာကတော့

  • အချိန်ကိုက် ထွန်ယက် ပြင်ဆင်ပါ။ စိုလွန်းရင်လည်းမရ၊ ခြောက်လွန်းရင်လည်းမရတာမို့လို့ စိုစိုစွတ်စွတ်ရှိတဲ့အချိန်မှာ မြေပြင်ဖို့ က အကောင်းဆုံးပါပဲ။

  • မြေဖုံးသီးနှံတွေစိုက်ပျိုးထားပါ၊ ဝင်ငွေရတဲ့ သီးနှံမစိုက်ဖြစ်ဘူးဆိုရင်တောင် မြေသားကို ဖုံးနိုင်တဲ့ မြေဖုံးသီးနှံတစ်မျိုးမျိုး ဒါမှမဟုတ် သစ်စိမ်းမြေသြဇာပင် တစ်မျိုးမျိုး စိုက်ထားပြီးတော့ ထွန်ယက်တဲ့ချိန်ကျမှ တစ်ခါတည်း မြေကြီးထဲ ထည့်လိုက်တာမျိုးက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ။

  • မြေ ပုံမှန်စစ်ဖို့ လိုပါမယ်။ စိုက်ပျိုးနေတဲ့ မြေကြီးတိုင်းကတော့ ပုံမှန် စစ်ဆေးဖို့ လိုပြီးတော့ လိုအပ်တာကို ပြင်ဆင်ဖို့ လိုမှာပါ။ အရင်းစစ်ရင် အမြစ်က မြေက ဆိုတော့မြေကြီးထဲမှာ ဘာတွေ လိုအပ်နေသလဲ ဘာတွေ မရှိတော့ဘူးလဲဆိုတာကို တိုက်စားခံရလွယ်တဲ့ မြေတွေက ပိုပြီးတော့ စစ်ဆေးသင့်ပါတယ်။ 

ရွံ့စေးမြေလို့ပြောလိုက်ရင် ရွှံ့တုံးပြာပြာ ဖြူဖြူကြီးတွေ လိုဆိုတာမဟုတ်ပါဘူး။ သတ်မှတ်ချက်အရ ရွှံ့စေးပါဝင်မှု နုန်းထား ပမာဏ တစ်ခု ရှိနေရင် ဒီမြေဟာ ရွှံ့စေးမြေလို့ သတ်မှတ်နိုင်ပါတယ်။ 

ပုံထဲက Clayလို့ ရေးထားတဲ့ အဝါရောင် အကွက်ထဲမှာ ကျရောက်နေတဲ့ မြေအမျိုးအစား အားလုံးကို ရွံစေးမြေလို့ခေါ်ပါတယ်။

သဲ နုန်းနဲ့ ရွှံ့ထဲမှာ ရွှံ့စေးက ၄၀ ရာခိုင်နှုန်း အထက် ပါဝင်နေပြီဆိုရင်တော့ ရွှံ့စေးမြေလို့ ပါဝင်ပစ္စည်းတွေအရ သတ်မှတ်ပါတယ်ခင်ဗျာ။ မြေစစ်နည်းတွေကိုလည်း အစိမ်းရောင်လမ်းက မြေဆီလွှာဆောင်းပါးကဏ္ဍမှာ ပြန်လည်ရှာဖွေနိုင်ပါတယ်။

ကိုးကားလင့်ခ်
https://www.swasya.com/blog/how-clayey-soil-useful-for-crops 

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်