မြန်မာအမည် - ကွမ်းသီးပင်
အင်္ဂလိပ်အမည် - Betel Plam
ရုက္ခဗေဒအမည် - Areca catachu
ကွမ်းသီးပင်၏ မူရင်းဒေသမှာ ဖိလစ်ပိုင် ဟု သိရသည်။ ယခုအခါတွင် ကွမ်းသီးပင်ကို အရှေ့တောင်အာရှ အပူပိုင်းဒေသများတွင် အစေ့မှမျိုးပွား၍ တော်တော်များများ စိုက်ပျိုးလာကြပြီဖြစ်သည်။ ကွမ်းသီးကို မူးယစ်နှိုးဆွစေသော အရာတစ်ခုအဖြစ် အသုံးပြုခြင်းအပြင် ကွမ်းသီးပင်မှ စက်ရုံသုံးပစ္စည်းများ၊ အိမ်တွင်းသုံး ပစ္ဏည်းများ၊ အမျှင်၊ ဆီ ၊ ဆေးဝါးဆိုင်ရာနှင့် အခြားထုတ်ကုန်များစွာရရှိပါသည်။ ကွမ်းသီးပင်ကို အလှစိုက်ပင်အနေဖြင့်လည်း စိုက်ပျိုးကြပါသည်။
ပုံပန်းသွင်ပြင်လက္ခဏာ
အပင်အမြင့်သည် (၆၀ – ၉၀)ပေ အထိ ရှိသည်။ သက်တမ်းမှာ (၆၀ -၁၀၀)နှစ်အထိရိသည်။ အမြစ်သည် ဘေးပတ်လည် (၃)ပေနှင့် အနက် (၂)ပေထိ ဆင်းသက်သည်။
ပင်စည်၊ ။ပင်စည်ပေါ်တွင် အရွက်များထွက်ပေါ်ခဲ့သော နေရာများတွင် အရစ်များပေါ်လာပြီး ပင်ခြေပိုင်းတွင် စိတ်ပြီး ခါးလည်ပိုင်းကျဲကာ အဖျားပိုင်း ပြန်စိတ်သွားပါသည်။
အရွက် ။ ။ တစ်နှစ်သားတွင် ကွမ်းလက်(၄-၅)လက် ထွက်ပါသည်။ အရွယ်ရောက်အပင်တွင် (၈-၁၂)လက် ရှိပါမည်။ အညွှန့်ဘဝမှ ကြွေကျသည်အထိ (၂)နှစ် ကြာတတ်သည်။ တစ်နှစ်လျှင် ကွမ်းလက် (၆)လက်ထွက်ပါသည်။
ပန်းခိုင်။ ။ (၄-၆)နှစ် အကြာတွင် ပန်းခိုင်စထွက်ပြီး (၃-၆)ခိုင်အထိ ထွက်တတ်ပါသည်။ ဦးဆုံးထွက်သော အခိုင်မှ အသီးမတင်တတ်ပါ။ ပင်မပန်းခိုင်အရှည် (၁-၂)ပေမှ ဒုတိယပန်းခိုင်(၂၀- ၂၅)ဖြာ ထွက်ပြီး တတိယပန်းခိုင်သည် (၇-၁၀)လက်မထိ ရှိတတ်ပါသည်။
ဝတ်မှုန်ကူးခြင်း
ဝတ်မှုန်ကူးခြင်းမှာ လေအားဖြင့်သာ ကူးကြပါသည်။ မနက်(၉-၁၂)နာရီတွင် ဝတ်မှုန်များလွင့်တတ်ပြီး အဖိုပွင့်များကြွေကျပြီးမှသာ အမပွင့်များပွင့်ကြပါသည်။
အသီး။ ။ အခိုင်အရင်းတွင်တွေ့ရပြီး အသီးပုံစံ အမျိုးမျိုးရှိသော်လည်း ကွမ်းသီးသည် တစ်စေ့ဆန်အမျိုးအစားဖြစ်သည်။ မျိုးများအနေဖြင့် အိုးပေါက်ကွမ်းသီး၊ ချည်ဝင်ကွမ်းသီး၊ ကွမ်းသီးမွှေး၊ ကွမ်းသီးပု ဟူ၍ရှိပါသည်။
စိုက်ပျိုးနိုင်သော အခြေအနေ
တစ်နှစ်ပတ်လုံးမိုးရေချိန်လက်မ (၈၀-၁၀၀)ရှိသော ပူအိုက်စွတ်စိုသည့်ဒေသများ၊ မိုးရေချိန်(၆၀)လက်မအောက်ရှိ ဒေသများတွင် ရေသွင်းစိုက်ပျိုးနိုင်ပါသည်။ မိုးခေါင်လျှင် အပင်ကြီးထွားမှုနှေး၏။ လေပူ၊ လေခြောက်တိုက်လျှင် အသီးတင်မှု နည်း၏။ ကွမ်းခြံအတွင်း လေထုစိုထိုင်းစများခြင်းကို ကြိုက်၏။ မိုးရေချိန် (၈၀)လက်မ (၂၈-၃၂)စင်တီဂရိတ်ရှိပါက အကောင်းဆုံးအနေအထားဖြစ်ပါသည်။
ပင်လယ်နှင့် နီးသောဒေသများ၊ ပင်လယ်နှင့်မိုင်(၂၀၀)အကွာဒေသ၊ ပင်လယ်ရေမျက်နှာပြင် အမြင့် ပေ(၃၀၀၀)ကျော်နှင့်အထက် ဒေသများ၊ မြင့်မားသော မိုးရေချိန်ရှိသော ဒေသများ၊ တောင်ကြားစိမ့်စ်းကောင်းပြီး နေကွယ်သောဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသည်။
မြေအမျိုးအစား
ကွမ်းသီးကို မြေအမျိုးအစားမရွေးတွင် စိုက်ပျိုးနိုင်သော်လည်း ရွှံ့စေးဆန်သော မြေ၊ နုန်းမြေ၊ မြေဆီလွှာအတွင်း ရေစီးဆင်းမှု ကောင်းသောမြေများတွင် ဖြစ်ထွန်းသည်။ ရေကြိုက်ပြီး ရေဝပ်မှုဒဏ်မခံနိုင်ပါ။ ရေပြတ်လပ်ခြင်းကိုလည်း မခံနိုင်ပါ။ မြေချဥ်ငံဓါတ် ( ၅.၅– ၆)တွင် အကောင်းဆုံး ဖြစ်ထွန်းပါသည်။
မျိုးရွေးချယ်နည်း
အစေ့မှ မျိုးပွားကြသည်။ မျိုးအဖြစ်ယူမည့် မျိုးစေ့များသည် သန့်ရှင်းရမည်။ မျိုညှောင့်ပေါက်ရန် ကြာချိန်သည် (၆ -၁၃)ပတ်အတွင်း ဖြစ်ပါသည်။ မျိုးရွေးချယ်ယူတော့မည်ဆိုလျှင် အောက်ပါတို့ကို သတိပြုလုပ်ဆောင်ပါ။
၁။ မျိုးယူမည့်ခြံသည် ပင်သက်(၁၅-၂၀)နှစ်သားကွမ်းပင်များ ဖြစ်ရမည်။
၂။ မိမိလိုအပ်ချက်အရေအတွက်အတိုင်း မျိုးယူမည့်အပင်ကို ရွေးချယ် သတ်မှတ်ရာတွင် ပင်လုံးကြီးပြီး ကျန်းမာသန်စွမ်းရပါမည်။
၃။ သတ်မှတ်ထားသောအပင်မှ သီးခိုင်(၅)ခိုင် ထွက်နေရမည်။
၄။ တစ်ခိုင်တွင် သီးလုံးရေ(၁၀၀)ကျော် ရှိရမည်။
၅။ ထွက်နေသောအခိုင်များမှ ပထမအခိုင်နှင့် နောက်ဆုံးအခိုင်ကို ပယ်ပြီး အလယ်အခိုင်မှ အသီးများကိုသာ မျိုးယူရမည်။
၆။ ရွေးချယ်ထားသော အခိုင်များမှ အသီးများကို အမှည့်ထားပြီး ခုတ်ယူရမည်။
၇။ ခုတ်ယူရရှိသော သီးခိုင်များကို သီးခိုင်အလိုက်စီထားပြီး စစ်ဆေးရမည်။
၈။ သီးခိုင်မှ အသီးများ အရွယ်ကြီး ညီညာရမည်။
၉။ သီးခိုင်ရွေးချယ်ရာတွင် မိမိစိတ်ကြိုက် ရွေးချယ်ပါ။
၁၀။ အသီးအရောင်မှာ လိမ္မော်ရောင် တောက်နေရမည်။
၁၁။ တစ်ခိုင်စီမှ ကွမ်းသီး (၂-၃)လုံးကို တက်ခြမ်းခွဲ စစ်ဆေးပါက သီးခွံပါးပြီး အတွင်းအဆန် ကြီးရမည်။
၁၂။ အဆန်ခွဲကြည့်ပါက အသားပိတ်ပြီး အဖြူသား များရပါမည်။
၁၃။ မျိုးကြီးထွားဖွံ့ဖြိုးရမည်။
၁၄။ ရင့်မှည့်ကြွေကျသော ကွမ်းသီးများကို မျိုးအဖြစ် အသုံးမပြုရပါ။
ပျိုးထောင်နည်း
၁။ မျိုးစေ့အညှောင့်ဖောက်ရန် အရိပ်ကောင်းရပြီး စိုစွတ်သောနေရာ ဖြစ်ရမည်။
၂။ ၂ပေခွဲ ၁၄ပေ ပျိုးခင်းကွက် နှစ်ကွက်ပြုလုပ်ရပါမည်။ တစ်ကွက်နှင့်တစ်ကွက် အကွာအဝေးသည် (၃)ပေခြားပြီး မြေကို (၂)လက်မ ထူးပါ။ ထွက်လာသော မြေများဘေးဘောင်တွင် ပြန်ဖုံးပေးပါ။
၃။ ထပ်မံပြီး မြေ(၂)လက်မအနက် ထပ်ပေါက်ပါ။ မြေသားများအား ထုတ်ယူခြင်း မပြုလုပ်ပဲ မြေဆွသည့်သဘောဖြစ်ပါသည်။
၄။ ၎င်းမြေနှင့် သဲ(၂)ဆ၊ စက်ဖွဲပြာ(၁)ဆ ရောစပ်ပြီး ပျိုးကျင်းအတွင်း ကျင်းနှတ်ခမ်းနှင့် လက်မဝက်ကွာသည်အထိ ဖြည့်ပေးပါ။
၅။ ဘော်ဒိုဆေးရည်(၅: ၅ :၅၀)ရွှဲရွှဲပက်ဖျန်းပြီး မြေသိပ့်ပေးပါ။
၆။ ရေစစ်ပြီး မြေသိပ်သွားသောအခါ (၃)လက်မခြား စိုက်ကြောင်းများ လုပ်ပါ။
၇။ စိုက်ကြောင်းအကျယ်(၂)လက်မ၊ အနက် (၁လက်မခွဲ) ရှိရမည်။
စိုက်ပျိုးမည့် ကွမ်းသီးမျိုးကို ပြင်ဆင်ခြင်း
၁။ ပျိုးခင်းပြင်ဆင်နေစဥ်အတွင်း မျိုးကွမ်းသီးကိုလည်း ပြင်ဆင်ရပေမည်။
၂။ မှည့်သောအသီးကို (၁၀)ရက်ခန့် လေသလပ် ခံပါ။ (အညှောင့်ထွက်စော၏)
၃။ ပျိုးခါနီး(၂)ပတ်အလိုတွင် မှည်သောအခိုင်မှ မျိုးသီးများကို ချွေယူပြီး အရိပ်အောက်တွင် ဖြန့်ကျဲပြီး ခပ်ထပ်ထပ်အနေအထားရောက်အောင် လုပ်ရမည်။
၄။ ထို့နောက်ကွမ်းသ္ီးများကို ဓားဦးချွန်ဖြင့် (၆)ရက်ခန့်ပေါက်ကာ အချိုးကျ ဖျော်စပ်ထားသော နိုးဆွစေသော ဟော်မုန်းရည်၊ အမြစ်ထွက် ဟော်မုန်းရည်တို့တွင် (၅)မိနစ်ခန့် စိမ်ပြီး ပျိုးခင်းအတွင်းရှိ စိုက်ကြောင်းအတွင်း ကွမ်းသီး တစ်လုံးနှင့်တစ်လုံး လက်မဝက် စီတန်းခြားပြီး ချပေးပါ။
၅။ နှစ်ပေခွဲပျိုးဘောင်တွင် ကွမ်းသီး (၁၀-၂၀)လုံးဝင်ဆန့်နိုင်ပြီး မြေမြုပ်ရာတွင် သုံးပုံနှစ်ပုံသာ မြုပ်ရမည်။
၆။ ကွမ်းသီးအညှာအား ဘေးတိုက်ထားမြုပ်ပေးပါ။ ရေရွှဲရွှဲလောင်းပေးပါ။ စင်းထားသောကောက်ရိုး ပါးပါးအုပ်ပါ။
၇။ ပျိုးခင်းကို နေ့စဥ်(၂)ကြိမ် ရေလောင်းပါ။ (၁-၂)လကြာလျှင် အညှောင့်ပေါက်လာပေမည်။
၈။ အညှောင့်ထွက်လာပြီဆိုရင် ဘော်ဒိုဆေးရည် (၂ :၂ :၅၀)ကို ပက်ဖျန်းပါ။ မန်ကိုဇက်(Mancozeb)ဆေးကိုလည်း အချိုးကျကျ ပက်ဖျန်းနိုင်ပါသည်။ မှိုသတ်ဆေးသဘောမျိုးဖြစ်သဖြင့် အညှောင့်လေးများ ဖွံ့ဖြိုးသန်မာစေမည်။
၉။ ထို့နောက် ပျိုးအိတ်သွပ်ရပါမည်။
လတ်တလောစရိတ်များသော်လည်း နှစ်ရှည်ပင်ဖြစ်သည့်အတွက် သေချာသော စနစ်များကိုသာ အသုံးပြုရပေမည်။ထိုသို့ စနစ်တကျ ဂရုစိုက်ပျိုးထောင်ပေးခြင်းအားဖြင့် အောက်ပါအားသာချက်များကို ရရှိနိုင်ပါသည်။
၁။ မျိုးစေ့ကုန်သက်သာသည်။
၂။ စိုက်ခင်းအကျယ်ကြီးတွင် စိုက်ပျိုးရမည့် ပျိုးပင်များကို နေရာကျဥ်းကျဥ်းတွင် ပြုစုဂရုစိုက်ရသဖြင့် အချိန်ကုန် လူပမ်း သက်သာသည်။
၃။ အောင်မြင်သော ရောဂါကင်းစင်သည့် ပျိုးပင်များ ရရှိနိုင်သည်။
၄။ ပျိုးခင်းတွင် စိုက်ပျိုးပြုစုစဥ် စိုက်ခင်းအားစိတ်ကြိုက် ပြင်ဆင်ချိန်ရသည်။
၅။ သေချာသော ပျိုးပင်များကိုသာ ရွေးချယ်စိုက်ပျိုးရသဖြင့် အောင်မြင်သော စိုက်ခင်းကို ရရှိပေမည်။
၆။ ကြီးထွားမှု ညီညာသော ပျိုးပင်များကို ရွေးချယ်စိုက်သဖြင့် စိုက်ခင်းရှိ အပင်များကို ညီညာစေမည်။
၇။ ပျိုးပင်ထုတ်လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းတစ်ခုကို သီးသန့်ထူထောင်နိုင်ပေမည်။
ပျိုးအိတ်ပြင်ဆင်ခြင်း
၁။ (၅ ၇)လက်မအရွယ် ပလတ်စတစ်အိတ်အနက်
၂။ စပ်မြေ - သဲမြေ (၂)တင်း၊ စက်ဖွဲပြာ (၂)တင်း၊ နုန်းမြေ/ အပေါ်ယံမြေသား (၂တင်း)၊ နွားချေးဆွေးမှုန့် (၁)တင်းခွဲ။ ကျောက်မှုန့် (၄)ဗူး၊ တီစူပါ (၂)ဗူး၊ ကွန်ပေါင်း (ဗူးဝက်)၊ (နို့ဆီဗူးများဖြစ်ပါသည်)
၃။ ပျိုးအိတ်များကို (၅)အိတ်လောက်စီထပ်ပြီး အောက်ခြေနားတွင် (၂)ပေါက်၊ သုံးချိုးနှစ်ချိုးအနားတွင် (၂)ပေါက် ဖောက်ပါ။
၄။ ပျိုးအိတ်တွင်းသို့ စပ်မြေ လေးပုံသုံးပုံထိ ထည့်ပါ။
၅။ ဖာထရီလွန်ကွန်ဘီ (Fertrilonocom)အနည်းလိုဓါတ်များပါသော အာဟာရမှုန့်ကို ရေဖြင့်ရောစပ်ပြီး အိတ်နှူတ်ခမ်းရောက်သည်အထိ ထည့်ပါ။
၆။ ၎င်းဆေးမှုန့် (၆၀၀)ဂရမ်ကို ရေ(၄)ဂါလံနှင့် ရောစပ်ပြီး ဇလုံတစ်ခုအတွင်းထည့်ပြီး ၎င်းဇလုံအတွင်းသို့ ပျိုးအိတ်များအား အပေါက်ဖောက်ထားရာ နေရာများမြုပ်ရုံထည့်ပေးခြင်းသည် ပိုမို ကောင်းမွန်ပါသည်။ (မိနစ်ဝက်ခန့်မြုပ်ပါ။)
၇။ ထို့နောက် အညှောင့်များအား အပေါ်သို့ထောင်ပြီး ထည့်ပါ။ အညှောင့်မကျိုးစေရန် ဂရုပြုပါ။ အညှောင့်အရွယ်အစားတူသော ပျိုးအိတ်များကို အုပ်စုခွဲထားပါ။ လိုအပ်လျှင် ပြုစုပေးနိုင်ရန်ဖြစ်ပါသည်။
၈။ ကွမ်းသီး သုံးပုံနှစ်ပုံသာမြုပ်ပြီး ပျိုးအိတ်များအတွင်းသို့ စပ်မြေများနှင့် အမြစ်ထွက်ဟော်မုန်းနှင့် ဘီဝမ်းကဲ့သို့ ရောစပ်ပြိးထည့် ပေးလျှင် ရပါသည်။
၉။ (၄)လကြာ ရွက်ပြားလေးများထွက်လာလျှင် တစ်တန်းခြားဖယ်ထုတ် ပျိုးခင်းပြောင်းပါ။ ရေလောင်းရာတွင် ပျိုးအိတ်ထဲဝင်ရောက်စေရန်နှင့် ကွမ်းသီးပင်များ လွတ်လပ်စွာ ရှိစေရန်ဖြစ်သည်။
၁၀။ (၆-၈)သားအရွယ်တွင် စိုက်ရန် အသင့် ဖြစ်ပါပြီ။
မျိုးလုပ်ရန် ရာသီကာလများ
၁။ ကွမ်းသီးမှည့်များအား ပင်အိုမှ အောက်တိုဘာလတွင် ရရှိနိုင်ပြီး ပင်ပျိုမှ ဒီဇင်လာလတွင် ရရှိနိုင်ပါသည်။
၂။ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စတင်မျိုးညှောင့်ဖောက်ခြင်းကို လုပ်ကိုင်နိုင်ပြီး၊ ဧပြီနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးနိုင်ပြီ ဖြစ်ပါသည်။
၃။ ပျိုးထုပ်အတွင်းမှ အမြစ်များဖောက်ထွက်ခြင်းသည် စိုက်ခင်းအတွင်း နလန်ထနှေးစေးပါသည်။
၄။ (၁) ဧကအတွက် ပျိုးခင်းအရွယ်အစား(၂၅၂၅)ပေအကျယ်ရှိပြီး မျိုးညှောင့်ဖောက်ခြင်းအတွက် (၂ပေခွဲ၁၄ပေ) (၂) ဘောင်၊ ပျိုးထုပ်ထားရန် (၂ပေခွဲ၂၅ပေ) (၂)ဘောင် ဆောင်ရွက်ရပါမည်။
၅။ ပျိုးခင်းမလုပ်ပဲ တိုက်ရိုတ်စိုက်ပျိုးပါက တစ်ဧကစာကို မနိုင်မနင်းပြုစုရမည်။
၆။ ကွမ်းသီးပင်စိုက်ခင်းကို သီးသန့်စိုက်ပျိုးခြင်းထက် အခြားအပင်များနှင့် သီးညှပ်စိုက်ပျိုးခြင်းက ပိုမိုကောင်းမွန်ပါသည်။
မျိုးစေ့စုဆောင်းခြင်း
၁။ စိုက်ခင်း(၁)ဧကစာအတွက် မျိုးကွမ်းသီး(၂)ထောင် စုဆောင်းရပါမည်။ ပင်ကြား(၆)ပေ၊ တန်းကြား(၈)ပေ စိုက်မည်ဖြစ်သဖြင့် စိုက်ကျင်းပေါင်း(၉၀၀)၊ စိုက်ကျင်း (၁)ကျင်းလျှင် ကွမ်းသီး(၂)လုံး၊ ပေါင်း(၁၈၀၀)၊ အပင်ပျက်စီးမှု (၂၀၀)ပင်။
၂။ ဒေသတစ်ခုနှင့်တစ်ခု ပင်ခြား၊ တန်းကြားစနစ်များ မတူသော်လည်း စိုက်ကျင်း(၁)ကျင်း ကွမ်းသီး (၂)လုံးနှုန်း တွက်ချက်ယူရမည်။
ကွမ်းသီးနှင့်သီးညှပ်စိုက်ပျိုးသင့်သော အပင်များ
၁။ ကွမ်းသီးပင်သည် ငယ်စဥ်ကာလအချိန်တွင်လည်း အစိုဓါတ်နှင့် အရိပ်များ လိုအပ်သကဲ့သို့ ကြီးလာလျှင်လည်း လိုအပ်မှုများရှိနေပါသဖြင့် သူ၏ လိုအပ်ချက်များကို ပေးစွမ်းနိုင်သော အပင်များနှင့် တွဲဖက်စိုက်ပျိုးလျှင် ဝင်ငွေနှစ်မျိုးရပြီး ကွမ်းပင်အတွက်လည်း အကျိုးရှိစေပါသည်။
၂။ ထို့ကြောင့် ကွမ်းရွက်ခြံ၊ အုန်းပင်နှင့် ငှက်ပျောပင်တို့ကို ညှပ်စိုက်ရပါမည်။
၃။ ကွမ်းသီးပင်ငယ်စဥ်တွင် လိုအပ်သောအရိပ်နှင့် အစိုဓါတ်ကို ငှက်ပျောပင်မှ ရရှိမည်ဖြစ်ပြီး၊ ငှက်ပျောပင်ကို ကျော်သွားသောအခါ အုန်းပင်မှ အရိပ်ရပေမည်။ အဓိကစိုက်ပျိုးခြင်းသည် ကွမ်းသီးခြံဖြစ်သော်လည်း ငှက်ပျောခြံနှင့် အုန်းခြံပါ ဖြစ်ပေါ်လာပေမည်။
မြေပြင်ခြင်းနှင့် စိုက်ခင်းအကွက်ဖော်ဆောင်ခြင်း
၁။ (၁၆)သွားတပ်ထွန်စက်ဖြင့် နှပ်စပ်မွှေပေးပါ။ မြေပြင်ညှိပေးခြင်းနှင့် ပေါင်းမြက်များ ရှင်းလင်းရန်ဖြစ်ပါသည်။
၂။ (၈)ပေခြား တိုင်များစိုက်ပြီး စိုက်တန်းဖော်ပါ။ ၎င်းစိုက်တန်းတွင် ပင်(၆)ပေခြားမှတ်တိုင်များထပ်စိုက်ပါ။ ၎င်းမှတ်တိုင်သည် ကွမ်းသီးပင်အတွက်ဖြစ်၏။
၃။ (၈)ပေခြားတန်းနှစ်တန်း၏ အလယ်တွင်ကြိုးတန်းပစ်ပါ။ ၎င်းသည် ကွမ်းသီးပင်တန်းနှင့် (၄)ပေကွာပါမည်။ ကွမ်းသီးပင်တန်းကြားအားလုံးတွင့် ပြုလုပ်ရမည် ဖြစ်ပါသည်။
၄။ နောက်ထိပ်ဖက် ကွမ်းသီးပင်၏ အလယ်ဗဟို(ငါးပွင့်ဆိုင်)တွင် မှတ်တိုင်(၁)တိုင်စိုက်ပါ။ ၎င်းမှ (၆)ပေအကွာတွင် မှတ်တိုင်များကြိုးတန်း တစ်လျှောက် စိုက်ရမည်။ ၎င်းငါးပွင့်ဆိုင်နေရာများသည် ကွမ်းသီးပင်စိုက်ရန် နေရာများဖြစ်ပါမည်။ တစ်တန်းခြားစီ ပြုလုပ်ပြီး(၆)ပေအကွာ မှတ်တိုင်များ မစိုက်သောတန်းတွင် နွားထယ်ဖြင့် ဘယ်ပြန်ညာပြန် မြောင်းအရာဖော်ပါ။
၅။ ကွမ်းပင်တန်းနှစ်တန်းကြားမှ (၆)ပေအကွာ မှတ်တိုင်များ ထိပ်ဆုံးသည် အုန်းပင်များ စိုက်ရန်ဖြစ်ပြီး၊ ကပ်လျက် မှတ်တိုင်သုံးခုတွင် ငှက်ပျောပင်အတွက် ဖြစ်ပါသည်။ ငှက်ပျောသုံးပင် စိုက်ပြီးတိုင်း အုန်း(၁)ပင် စိုက်ရမည်။
၆။ အုန်းစိုက်ခင်းသည် တန်းကြား(၂၄)ပေ၊ ပင်ကြား(၁၆)ပေရှိရပါမည်။ အုန်း(၂)ပင်ကြားတိုင်းတွင် ငှက်ပျော(၃)ပင်ရှိနေပါမည်။
စိုက်ကျင်းများ တူးဖော်ခြင်း
နှစ်ရှည်ပင်များဖြစ်သဖြင့် ကနဦးစိုက်ပျိုးစဥ်ကပင် စနစ်ကျရန်လိုပါသည်။ ထွန်စက်ဖြင့်ထွန်ယက်ထားသဖြင့် ပေါင်းမြက်များ အမြစ်ကျွတ်အဆုံများကို မီးရှို့ပြီး မြေအောင်းပိုးသတ်ပါ။ စိုက်ကျင်းကို မီးသင်းသလိုဖြစ်ပြီး အမြစ်ထိုးဖောက်အား ကောင်းစေပါမည်။ ပြာဓါတ်ကိုလည်း ရရှိစေပါမည်။
၁။ (၂၂၂)ပေဖြစ်ပြီး အပေါ်ပိုင်း(၆)လက်မမြေသားကို ကျင်း၏ တစ်ဖက်တွင် ပုံထားပါ။ အောက်ခြေမြေသားကို တစ်ဖက်တွင်ပုံပါ။
၂။ စပ်မြေလုပ်ပါ-
- သဲ -(၂)တင်း
- စက်ဖွဲပြာ - (၁)တင်း
- နွားချေးဆွေး- (တင်းဝက်)
- တီစူပ - (၂)ဗူး
- ကျောက်မှုန့် - (၄)ဗူး
- ကွန်ပေါင်း - (ဗူးဝက်)
၃။ အပေါ်ယံ(၆)လက်မ ဖယ်ထားသော မြေသားထုနှင့် ၎င်းစပ်မြေကို ရောစပ်ပါ။ ကျင်းအပြည့်ထည့်ပြီးနောက် ရေရွှဲရွှဲလောင်းပါ။ နောက်တစ်ရက်တွင် ကျင်းအပြည့်ရေလောင်းပြီးနောက် အပေါ်မှ ကောက်ရိုး မြက်ခြောက်များ ဖုံးအုပ် နှပ်ထားပါ။
မြောင်းတူးခြင်း
၁။ မိုးရာသီတွင် ရေထုတ်မြောင်း၊ နွေနှင့်မိုးတို့တွင် ရေသွင်းမြောင်းအဖြစ်ဆောင်ရွက်ရန် ကွမ်းပင်နှစ်တန်းပြီးလျှင် ရေမြောင်း တစ်မြောင်းနှုန်းဖြင့်(၂)ပေအကျယ်၊ (၁ပေခွဲ)အနက် မြောင်းသပ်သပ်ရပ်ရပ်တူးရမည်။
၂။ မြစ်ဝကျွန်းပေါ် ရေလျှံကွင်းများတွင် ကွမ်းစိုက်ပျိုးရန်အတွက် ရေမြောင်းကို (၆)ပေအကျယ်၊ အနက်(၄)ပေတူးကာ (၁၅)ပေအကျယ် ဘောင်ပေါ်သို့ ဖို့ပေးရပါမည်။ (၆၄)ပေမြောင်းမှ မြေသားသည် ဘောင်ကို (၁ပေခွဲ) မြင့်စေပါသည်။ (၈၄)ပေမြောင်းသည် ဘောင်ကို (၂)ပေ မြင့်စေပါမည်။
၃။ ရေလျှံကွင်းဖြစ်သဖြင့် ရေသွင်းရန် မြောင်းတူးခြင်းမဟုတ်ပဲ ဘောင်တင်ရန်သာ တူးခြင်းဖြစ်ပြီး ဘောင်ပေါ်တွင် စိုက်ထားသော မှတ်တိုင်နေရာတွင် (၂၂)ပေအကျယ်ချန်ပြီး ဘေးမှ ဝိုင်းမြေဖို့ခြင်းဖြင့် စိုက်ကျင်းများ သီးသန့်တူးရန် မလိုတော့ပါ။ မြောင်းတူးရာတွင် လှေကားထစ်ပုံ တူးပါ။
ပျိုးပင်များ မြေချခြင်း
ကွမ်းသီးပင်များအား မိုးဦးကျတွင်မြေချမည်ဖြစ်ရာ နိုဝင်ဘာနှင့် ဒီဇင်ဘာတို့တွင် မြေပြင်စိုက်ကျင်းတူးပြီး ဖေဖော်ဝါရီလတွင် ငှက်ပျောပင်၊ အုန်းပင်တို့ကို မြေချစိုက်ပျိုးပြီးဖြစ်ရမည်။ ငှက်ပျောပင်နှင့် အုန်း ပျိုးပင်တို့သည် နွေရာသီကို ဖြတ်သန်းရမည်ဖြစ်သဖြင့် ဝါးဖြင့်(၄)ပေအမြင့် လေးတိုင်စင်ဆောက်ကာ အပေါ်မှ ကောက်ရိးမိုးပေးရပါမည်။
ပင်ခြေရင်းကိုလည်း အပင်နှင့်(၆)လက်မခြားပြီး (၂)ပေဗျက်၊ (၂)လက်မထူ ကောက်ရိုးစင်းကာ ရေဝအောင်လောင်းပေးပါ။ ငှက်ပျောပင်ပတ်လည်၊ အုန်းပင်ပတ်လည်တွင် ရေအစက်ချပိုက်(၅)ပိုက်ချ တပ်ဆင်ပေးက ပိုကောင်းပါသည်။
ကွမ်းသီးပင်စိုက်မည့်ကျင်းတွင် အချင်း(၅)လက်မ၊ အနက်(၇)လက်မ တူးပါ။ စိုက်မည့်အပင်ပျိုးထုပ်မှထုတ်၍ အောက်အရွက်နှစ်ရွက်ကို ဖြတ်ပါ။
ပျိုးထုပ်ပလပ်စတစ် အောက်ခြေကိုသာဖြတ်ပြီး စိုက်ကျင်းအတွင်းသို့ထည့်ပါ။ ရေလောင်းပြီး မြေကြပ်ပေးရမည်။ ဘီ(1)ဆေး ဖျော်ထည့်ပေးပါ။
ပြုစုထိန်းသိမ်းခြင်း
၁။ မိုးရာသီကုန်ဆုံးပါက ရေမြောင်းများအတွင်းသို့ ရေပေးသွင်းရမည်။ ရေမြောင်းတွင်းမှ ရေကိုခပ်ယူပြီး အပင်များရေလောင်းနိုင်မည်။
၂။ အစက်ချနည်းဖြင့်လည်း ဆောင်ရွက်နိုင်ပါမည်။
၃။ ပင်ခြေရင်းတွင် ရေတွင်းများလုပ်ထားပေးပြီး ကောက်ရိုးနှင့်မြက်များ ထည့်ပေးထားပါ။
၄။ ရေမြောင်းဘေးတွင် ပေါက်သော ပေါင်းမြက်များအား မိုးဦးကျနှင့်ဆောင်းပေါက်ကာလတွင် တစ်ကြိမ်စီရှင်းပေးပါ။
၅။ ပေါင်းရှင်းပြီးတိုင်း ကွမ်းသီးပင်ခြေရင်းမှ (၂)ပေကွာတွင် ပတ်ပတ်လည် မြေဆွပြီး ယူရီယား အကြမ်းပန်းကန်လုံးဝက် ဖြူး၍ မြေပြန်အုပ်ပေးပါ။ ယူရီးယားအစား အာမိုနီယမ်ဆာလဖိတ်ရပါက သုံးသင့်ပါသည်။ ပြီးလျှင် ရေဖြန်းပါ။
၆။ ပန်းခိုင်ထွက်ချန်(၄-၆)နှစ်သားတွင် ပင်ခြေ(၃)ပေ ပတ်လည်တွင် ဗျက်(၆)လက်မ မြောင်းတူးပြီး နွားခေးမှုန့်(၁)ပြည်၊ ယူရီးယား အကြမ်းပန်ကန်တဝက် ထည့်ပေးပြီး ရေလောင်းပေးပါ။
ဖြစ်ပွားတတ်သောရောဂါ
ကွမ်းသီးပုပ်ရောဂါသည် မိုးရေချိန်လက်မ(၇၀)လက်မနှင့် အထက်ရွာသွန်းသောဒေသများတွင် ဖြစ်ပါသည်။ မိုးရွာသွန်းပြီး (၂-၃)ပတ်အကြာတွင် ကွမ်းသီးစိမ်းပေါ်တွင် ရေစိုနာကွက်များ ဖြစ်ပေါ်လာပြီး ညိုဖျော့အရောင်ပြောင်းကာ ကြွေကျပါသည်။
ကာကွယ်နှိမ်နင်းခြင်း
၁။ ရောဂါကျပင်ကြွင်းကျန်များကို အသီးများကို မီးရှို့ဖျက်ဆီးပါ။
၂။ နှုတ်ထားသောကျင်းတွင်း မီးရှို့ပါ။
၃။ ဘော်ဒိုဆေးရေ( 5:5:50)ကို ဖျော်စပ်ပြိး လောင်းထည့်ပါ။
၄။ မိုးဦးကျချိန်မှ ပင်ခြေပိုင်းအရွက်များ ထိပ်ညွှန့်များကို ဘော်ဒိုဆေးအရ ( 5:5:50)ပက်ဖျန်းပါ။
၅။ မြက်ခြောက် ကောက်ရိုးတို့ကို ဘော်ဒိုဆေးရည်စိမ်ပြီး ပင်ရင်းအုပ်ထားပါ။
အသီးခူးဆွတ်ခြင်း
ကွမ်းသီးပင်သည် အပြုစုကောင်းပါက (၄-၆)နှစ်တွင် စတင်သီးပြီး (၂၀-၂၅)နှစ်တွင် ဖြိုင်ဖြိုင် သီးတတ်ပါသည်။ တပို့တွဲ၊တပေါင်း (ဖေဖော်ဝါရီ၊ မတ်လများ)တွင် အသီးရင့်မှည့်ပါသည်။ စတင်သီးသောနှစ်တွင် တပင်မှ (၃၀)လုံး ဝန်းကျင်သာ ရရှိနိုင်သော်လည်း သက်တန်းရင့်လာသည်နှင့်အမျှ တစ်ပင်မှ (၄၀၀)လုံးအထိ ရရှိနိုင်ပါမည်။ တစ်နှစ်လျှင် ကွမ်းသီးခိုင်(၆-၇)ခိုင်ထွက်ပါမည်။ အပင်သက်တမ်း(၄၀၀)ကျော်လျှင် အပင်အိုသွားပြီ ဖြစ်ပါသည်။
အတန်းအစားခွဲခြားခြင်း
၁။ ပြောင် ရွေး ကြက်ချေး(တောင်ငူ)
၂။ အမာလုံးချော အပွအသားကျဲ အမာခွံအုပ် အလုံးမဲ (မန္တလေး)
ကွမ်းသီးများကို ခူးဆွတ်ပြီးပြီးခြင်း အခွံနွာခြင်းနှင့် ရေဆေးခြင်းတို့ ပြုလုပ်ရပါမည်။ နွမ်းသွားမှ နွာလျှင် အဆင်မပြေတော့ပေ။ ရင့်လွန်းအားကြီးလျှင်လည်း မကောင်းပါ။ ထို့ကြောင့် ခူးဆွတ်ရာတွင် အနေတော်ခူးရမည်။
ဈေးကွက်အတွက် ပြုပြင်နည်း
၁။ အစိုနည်း
ကောင်းစွာရင့်မှည့်သော ကွမ်းသီးများကို အခွံမခွာပဲ စဥ့်အို့းကြီးများ အတွင်းထည့်ပြီးနောက် ရေအပြည့်ဖြည့်ပါ။ စဥ့်အို့း(၁)လုံးလျှင် အလုံးရေ(၅၀၀ – ၁၀၀၀)ထိ ဆန့်ပါသည်။ (၂-၃)ရက်အကြာ ကွမ်းသီးများ ပုပ်လာသောအခါ ရေဟောင်းကိုသွန် ရေသစ်ထည့်ပေးပြီး (၄-၅)ကြိမ်လုပ်ပါ။ အပုပ်ရပ်သွားပြီး ကြုံသွားသည်။
၂။ အခြောက်နည်း
ရင့်မှည့်သော အသီးများအား ခူးပြီး သေတ္တာထဲသို့(၁)လခန့် ထည့်ထားပါ။ အပူပြန်ပြီး ပုပ်သွားပါမည်။ အပုပ်ရပ်သွားသောအခါ ကွမ်းသီးများ အေးသွားပါသည်။ ၎င်းတို့ကိုထုတ်ကာ အရိပ်အောက်တွင် (၂-၃)ရက် ဖြန့်ခင်းထားပါ။ ထို့နောက် စဥ့်အိုးထဲထည့်ပြီး လေလုံအောင် ပိတ်ထားပါ။ (၄-၅)ခန့်ကြာသောအခါ ရောင်းတန်းဝင် ကွမ်းသီးများ ရရှိပါမည်။
အစိုနည်းသည် ကရိကထများသော်လည်း တာရှည်ထားရပါသည်။ အခြောက်နည်းသည် အနံ့အသက်ကင်းပြီး အလုပ်မရှုပ်သော်လည်း အပင်ပေါက်သဖြင့် တာရှည်ထားမရပါ။ ကိုယ်တိုင်စားသုံးရန်အတွက် အခြောက်နည်းကို သုံးကြပြီး ရောင်းချရန်အတွက် အစိုနည်းကို သုံးသင့်ပါသည်။
ကွမ်းသီးဖတ်အသုံးချမှု
ဖက်ချော၊ ဖက်ကျော၊ ဘိနပ်စာ ယူပြီး(၃)မျိုး ရရှိပါသည်။ ဖက်ချောသည် တစ်နှစ်လျှင် တစ်ပင်မှ (၇-၈)ရွက်ခန့် ရရှိပါသည်။ မြန်မာတို့ ဆေးလိပ် လိပ့်သောက်ကြ၏။ အပြင်လွှာဖြစ်ပါသည်။ အလယ်လွှာ ဖြစ်သောဖက်ကျောသည် အနည်းငယ်ကြမ်းသဖြင့် ဆေးလိပ်အစီမံ လုပ်ကြပါသည်။ ဘိနပ်စာသည် အပြင်ဆုံးလွှာဖြစ်ပြီး ပိန်းတန်း၊ ဘုံဘိုင်စသော ဖိနပ်များလုပ်ရာတွင် ခုံယူရန် အသုံးပြုပါသည်။
သက်ထားဇင်
Source: - Lu Gyan Gy စိုက်ပျိုးမွေးမြူရေး(နည်းပညာ)
- http://tropical.theferns.info/viewtropical.php?id=Areca+catechu