အစာအိမ်ရောဂါဖြစ်စေနိုင်တဲ့‌‌ နေ့စဉ်အမူအကျင့်များ

30/11/2021 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    အစာအိမ်ရောဂါဝေဒနာကို လူတော်တော်များများခံစားဖူးကြပြီး ဘယ်လောက်ထိဆိုးဆိုးရွားရွားခံစားရလဲဆိုတာကိုလည်း သိကြမှာဖြစ်ပါတယ်။  ဒါကြောင့် မပေါ့ဆသင့်တဲ့ ဒီရောဂါဖြစ်စေတဲ့ နေ့စဉ်အမူအကျင့်တွေကို ဝေမျှသွားပါ့မယ်။

၁။ အစာစားချိန်မမှန်ခြင်း

    အစားအစာကို အချိန်မှန်မှန်မစားခြင်းဟာ အစာအိမ်ရောဂါကိုဖြစ်စေပါတယ်။ ယျေဘုယျအားဖြင့် အစာအိမ်မှအစားအစာတွေကို အလုံးစုံချေဖျက်ချိန်ဟာ ၄ နာရီမှ ၆ နာရီ ကြာပါတယ်။

    အစာအိမ်ထဲမှာရှိနေတဲ့အစာခြေအက်စစ်ဓာတ်ဟာ ပုံမှန်စားနေကျအချိန်တွေမှာပိုထွက်လာပါတယ်။ အဲဒီအချိန် အစာအိမ်ထဲမှာ အစာမရှိရင် အစာအိမ်နံရံတွေကို ပိုမိုထိခိုက်ရောင်ရမ်းစေပါလိမ့်မယ်။

    အဲဒီအခါ ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်း ဝေဒနာများခံစားရပါလိမ့်မယ်။ အချိန်ကြာလာရင် အူသိမ်အစနဲ့ အစာအိမ်တွင် အနာဖြစ်ပေါ်စေပါလိမ့်မယ်။

၂။ အိပ်ရာ၀င်ခါနီး အစာစားခြင်း

    အိပ်ရာဝင်ချိန်နဲ့ အလွန်နီးစပ်စွာ ညစာစားခြင်း ဒါမှမဟုတ် အစာပြေအစားအစာ(Snack)များစားခြင်းဟာ အစာအိမ်အချဉ်ပေါက်ခြင်း /ရင်ပူခြင်း( Heartburn)ကိုဖြစ်စေပါတယ်။

    ညစာ ဒါမှမဟုတ် အစာပြေအစားအစာများကို ညအိပ်ရာမဝင်မီ အနည်းဆုံး ၂ နာရီ -၃နာရီလောက်ခြားပြီး စားသုံးရပါမယ်။ သင်ဟာ အစာအိမ်အချဉ်ပေါက်ခြင်း/ရင်ပူခြင်း အလွယ်တကူဖြစ်လေ့ရှိသောသူဆိုရင်တော့ အိပ်ရာရဲ့ခေါင်းရင်းပိုင်းကို ခြေရင်းပိုင်းထက်မြှင့်ပြီး အိပ်သင့်ပါတယ်။

၃။ အစားအစာကို ဗိုက်အရမ်းပြည့်အောင်စားခြင်း

    အစားအစာကို ဗိုက်အရမ်းပြည့်အောင် တစ်ထိုင်တည်းစားတဲ့အခါ ရင်ကယ်ခြင်းနဲ့ အစာအိမ်အက်စစ်လျှံတက်ခြင်း(Acid Reflux)ကိုဖြစ်စေပါတယ်။ ဒါကြောင့် အစားအစာစားအခါ တစ်ထိုင်တည်း ဗိုက်အပြည့်မစားဘဲ နည်းနည်းနဲ့ ခဏခဏစားသုံးသင့်ပါတယ်။

    တစ်‌နေ့လျှင် အစာကြီး ၃ကြိမ်စားမယ့်အစား အစာလေး ၄ ကြိမ်မှ ၅ ကြိမ်ခွဲစာခြင်းဟာ အစာအိမ်အတွက်ပိုသင့်တော်စေပါတယ်။

၄။ အစားအစာကို အလွန်မြန်စွာစားခြင်း

    သင်ဟာ အစားအစာကိုအလွန်မြန်စွာစားလေ့ရှိသူဆိုရင် ထိုအမူအကျင့်ဟာ သင့်အစာအိမ်ကို ဒဏ်ပိစေပါလိမ့်မယ်။ အစားအစာကို အရမ်းမြန်မြန်စားလေ့ရှိသူတွေမှာ အစာအိမ်ကျယ်ဖို့အချိန် မရှိခြင်း/ စားရင်းသောက်ရင်းမလိုအပ်တဲ့ လေများပါပူးတွဲမြိုချမိခြင်းကြောင့် ဗိုက်အောင့်ခြင်း၊ အစာမကြေခြင်းနဲ့ လေပွခြင်းတို့ဖြစ်လေ့ရှိပါတယ်။

၅။ အရက်အလွန်အကျွံသောက်ခြင်း

    အရက်အလွန်အကျွံသောက်ခြင်းဟာ အစာအိမ်အနာများကို ဖြစ်စေပါတယ်။ အစာအိမ်အနာရှိနေပြီးသားသူတွေမှာ အနာကျက်နှုန်းနှေးစေပါတယ်။

၆။ ဆေးလိပ်သောက်ခြင်း

     ဆေးလိပ်သောက်ခြင်းကလည်း အစာရေမြိုအောက်ပိုင်းရှိ ညှစ်ကြွက်သားတွေကို လျော့ရဲစေပြီး အစာအိမ်အက်စစ်အပေါ်သို့လျှံတက်ခြင်း ဖြစ်စေပါတယ်။ ဒါ့ပြင် အစာအိမ်အနာဖြစ်ခြင်း/ပိုဆိုးစေခြင်းအပြင် ရောင်ရမ်းခြင်းကိုဖြစ်‌စေ/ပိုဆိုးစေပါတယ်။ ဒါတင်မက ဆေးလိပ်သောက်ခြင်းဟာ အစာအိမ်ကင်ဆာဖြစ်စေတဲ့ အရေးကြီးတဲ့ Risk Factorတစ်ခုလည်းဖြစ်ပါတယ်။

၇။ ပီကေဝါးခြင်းနဲ့ ဂက်စ်ပါသောအချိုရည်များ

    ပီကေဝါးခြင်းနဲ့ ဂက်စ်ပါသောအချိုရည်တွေဟာ အစာအိမ်လေပွခြင်းကိုဖြစ်စေပါတယ်။

၈။ ဆေးဝါးများသောက်သုံးခြင်း

    Aspirin, NSAID အကိုက်အခဲပျောက်ဆေးတွေနဲ့ စတီးရွိုက်ဆေးတွေဟာ စာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်းနှင့် အစာအိမ်‌သွေးယိုခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလွန်အကျွံမသောက်သုံးမိအောင် သတိထားရပါမယ်။

၉။ ဝမ်းနှုတ်ဆေးများ မလိုအပ်ဘဲ အလွန်အကျွံသုံးခြင်း

     မလိုအပ်ဘဲ မကြာခဏ ဝမ်းနှုတ်ဆေးများသုံးပြီး ဝမ်းနှုတ်ပါက အစာခြေဖျက်မှုစနစ်နဲ့ အူလမ်းကြောင်းလှုပ်ရှားမှုစနစ်ကို ကမောက်ကမဖြစ်စေပါတယ်။ ဝမ်းလျှောတဲ့အခါ ရေဓာတ်ဆုံးရှုံးခြင်းအပြင် အူလမ်းကြောင်းအကျိုးပြု သဘာဝပိုး(Probiotics)လေးများပါ ဆုံးရှုံးသွားတဲ့အတွက် အစာမကြေခြင်းနဲ့  ဗိုက်ကယ်ခြင်းတို့ခံစားရပါလိမ့်မယ်။

၁၀။ စိတ်ဖိစီးမှုများ

    နိစ္စဓူ၀ စိတ်ဖိစီးမှုလွန်ကဲမှုတွေဟာလည်း အစာအိမ်ရောဂါကိုဖြစ်စေပါတယ်။ စိတ်ဖိစီးမှုဟာ အစာမကြေခြင်း၊ အစာအိမ်အောင့်ခြင်း၊ အစာအိမ်အနာပိုဆိုးစေခြင်းနဲ့ အူလှုပ်ရှားမှုမူမမှန်သောရာဂါစု(Irritable Bowel Syndrome-IBS)ကို ပိုဆိုးစေပါတယ်။

၁၁။ အစားအစာများ

     ဆီးများသောအစားအစာများ

- အကြော်များ

- တရားလွန်ပူစပ်သောအစားအစာများ

- ဆိုးဆေးပါသောအစားအစာများ

- မပုပ်မသိုးအောင် တာရှည်ခံဓာတုဆေးဝါးများသုံးထားတဲ့ အစားအသောက်များ

- အမျှင်ဓာတ်လုံလောက်အောင် မစား‌သောက်တာတွေဟာလည်း အစာအိမ်နှဲ့ အူလမ်းကြောင်းရောဂါဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။

Author: Dr. Yin Yin Win

Source - On Doctor


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်