အထွက်နှုန်း ၉၀% ထိဆုံးရှုံးနိုင်တဲ့ မြစ်ဖုနီမတုတ်ရောဂါ
စပါးမြစ်ဖုရောဂါသည် Meloidogyne graminicola ဟုခေါ်သော နီမတုတ်ကြောင့် ဖြစ်ပွားသည်။ ကမ္ဘာပေါ်ရှိ စပါးစိုက်ပျိုးသည့်နိုင်ငံများတွင် ဆိုးရွားစွာကျရောက်သော ရောဂါတစ်ခုဖြစ်ပြီး အထွက်နှုန်းဆုံးရှုံးမှု ၉၀% အထိရှိပါသည်။ ဤနီမတုတ်မျိုးစိတ်ကို အမေရိက၊ ဘရာဇီးလ်၊ ကိုလမ်ဘီယာ၊ ပြင်သစ်၊ အိန္ဒိယ၊ နီပေါလ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ဂျော်ဂျီယာ၊ လစ်ဗျား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ စင်ကာပူ၊ ဗီယက်နမ်၊ တောင်အာဖရိကနိုင်ငံများတွင်တွေ့ကြောင်း မှတ်တမ်းများအရသိရသည်။
ဖြစ်ပွားသည့်အကြောင်းရင်းနှင့် ဖြစ်ပွားသည့်နေရာ
စပါးမြစ်ဖုနီမတုတ်သည် အမြစ်များအတွင်းသို့ ထိုးဖေါက်ဝင်ရောက်စားသောက်ကာ အဖုများဖြစ်ပေါ်စေသည်။ အမြစ်တစ်ခုမှတစ်ခုသို့လည်း ကူးသန်းပြန့်နှံ့နိုင်သည်။ ဤရောဂါသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ရေနက်စပါးခင်းများ၌ ကျရောက်ဖြစ်ပွားကြောင်း မှတ်တမ်းများအရသိရပါသည်။ အခြားသော စပါးစိုက်ပျိုးသည့်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ထိုင်း၊ ဗီယက်နမ်၊ နီပေါလ်၊ ဖိလစ်ပိုင်၊ လာအိုစသောနိုင်ငံများတွင်လည်း ဖြစ်ပွားကြောင်းသိရသည်။ ရေနက်စပါးတွင်သာမက ဆည်ရေသွင်းစပါး၊ မိုးစိုက်စပါး၊ ယာစပါးတို့တွင်လည်း ကျရောက်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ အပင်ရောဂါဗေဒဋ္ဌာနမှ ပါမောက္ခ ဒေါက်တာဒေါ်ရီရီမြင့်နှင့်အဖွဲ့က ၁၉၈၀ ခုနှစ်တွင် လယ်ဝေးမြို့နယ်အတွင်းရှိ မနော်ဟရီစပါးခင်းတွင် စတင်တွေ့ရှိခဲ့သည်။
ရောဂါအမျိုးအမည်ခွဲခြားဖေါ်ထုတ်ခြင်း / လက်ခံပင်ပြလက္ခဏာ
ဤရောဂါကျရောက်လျှင် စပါးပင်မြေပေါ်ပိုင်းတွင် အပင်ပုခြင်း၊ အစိမ်းရောင်ဖျော့ခြင်း၊ အနှံထွက်နည်းခြင်းတို့ကို မြင်တွေ့ရသည်။ ရောဂါကျရောက်သည့် စပါးပင်သည် ရှည်ထွက်မလာတော့ဘဲ ရေတက်လာသည်နှင့်အမျှ ရေအောက်သို့ မြုပ်သွားသည်။ မြေအောက်ပိုင်းတွင် အမြစ်များ၏ထိပ်ဖျား၌ စတင်ကွေးလာပြီး လွန်းပုံ၊ ရှည်မျောပုံ၊ ပုတီးစေ့ပုံအဖုများ၊ အလုံးလေးများဖြစ်လာပြီး နောက်ဆုံး၌ အပင်ကြီးထွားမှုရပ်တန့်ကာ အထွက်နှုန်းများစွာလျော့နည်းစေသည်။
စပါးခင်း၌ ရေမသွင်းထားသည့် အခြေအနေတွင် မြစ်ဖုရောဂါ ပိုမိုဖြစ်ပွားကြောင်းတွေ့ရသည်။ စပါးပင်၏ ပင်ပိုင်းကြီးထွားမှုအဆင့်တွင် ရောဂါဖြစ်ပွားလျှင် အနှံထွက်ခါနီးအချိန်နှင့် ပန်းပွင့်ချိန်နောက်ပိုင်းတွင် ရောဂါဖြစ်ပွားခြင်းထက် အထွက်နှုန်းဆုံးရှုံးမှု ပိုများကြောင်း သိရသည်။ ယာစပါးများတွင် မြစ်ဖုနီမတုတ်ရောဂါကျလျှင် အပင်ကြီးထွားမှုလျော့နည်းခြင်း၊ ပင်ပွားနည်းခြင်း၊ စပါးစေ့များတွင်အဆန်မတည်ခြင်း၊ အပင်ညှိုးခြင်း၊ အထွက်နှုန်းလျော့နည်းခြင်းတို့ဖြစ်စေသည်။
ရောဂါ၏ အရေးကြီးမှု
ရောဂါကျစပါးခင်းတွင် အပင် ၄၀ မှ ၅၀% အထိ ရေမြုပ်နေပြီး အပင်များကြုံလှီအားနည်းကာ အထွက်နှုန်း များစွာလျော့နည်းသွားသည်။ အထွက်နှုန်းလျော့နည်းမှုသည် ဘင်္ဂလားဒေ့ရှ်တွင် ၉ မှ၂၀ % အထိ၊ ဗီယက်နမ်နိုင်ငံတွင် ၆၅ % အထိရှိကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ယာစပါးစိုက်ခင်းများ၌ မြစ်ဖုနီမတုတ်ရောဂါကြောင့် အထွက်နှုန်းဆုံးရှုံးမှုသည် ၂၀% မှ ၈၀% အထိရှိသည်ဟု ဖော်ပြထားသည်။
ကာကွယ်နှိမ်နင်းနည်းများ
(၁) ရောဂါဖြစ်ကြောင်းနီမတုတ်၏ ယှဉ်ပြိုင်လက်ခံပင်များ၊ လက်ခံလွှဲပင်များဖြစ်သည့် စပါးခင်ထဲရှိ ပေါင်းပင်၊ မြက်ပင်၊ စပါးရိုးပြတ်များကို မီးရှို့ပါ။
(၂) ရောဂါဒါဏ်ခံနိုင်ရည်ရှိသော စပါးမျိုးများစိုက်ပျိုးပါ။
(၃) လက်ခံပင်မဟုတ်သောသီးနှံများနှင့် သီးလှည့်စိုက်ပျိုးပါ။
(၄) ပျိုးခင်ထဲတွင် နီမတုတ်သတ်ဆေး - ကာဘိုဖြူရန်ကို တစ်မီတာပတ်လည်တွင် ဝ.၃ ဂရမ်နှုန်း ထည့်ပေးပါ။
(၅) စိုက်ခင်းတွင် တစ်မီတာပတ်လည်၌ တမာကြိတ်ဖတ် ၁၀၀ ဂရမ် ထည့်သွင်းပေးပါ။
(၆) မြေကြီးကို ပလတ်စတစ်စအကြည်အုပ်ပြီး နေလှန်းခြင်း (သို့မဟုတ်) ကာဘိုဖြူရန် ထည့်သွင်းပေးခြင်းဖြင့် အထွက်နှုန်း ၃၀% တိုးလာသည်ကို မှတ်တမ်းများ၌တွေ့ရပါသည်။
ဒေါက်တာခင်နှင်းယု
ကျမ်းကိုးစာရင်း
• R. K. Jain, M. R. Khan, V. Kumar (2011). Rice root-knot nematode (Meloidogyne graminicola) infestation in rice. Archives of Phytopathology and Plant Protection 45(6):1-11
• "အပင်နီမတုတ်ရောဂါများ" သင်တန်းပို့ချစာစဉ်။ အပင်ရောဂါဗေဒဋ္ဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးနီမတုတ်
အကြောင်းအရာ 2
နီမတုတ်
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ငရုပ်သီးမှာပိုးတွေ့လို့ပါ ဘာလုပ်သင့်ပါလဲ
နှင်းစုလှိုင် • ဖြေကြားချက် 2 ခု
ဝါပိုးရှိနေလို့
zin Phyo naung • ဖြေကြားချက် 4 ခု
သံပယိုပင်ရဲ့အရွက်က ပုံထဲကလို အမဲစက်တွေဖြစ်နေလို့ပါ။ အဲ့ဒါက ပိုးကျတာလားရှင့်။ အသီးက အခွံထူပြီး အရည်မရွှမ်းလို့ပါ။ အိမ်မှာ တနိုင်တပိုင်စိုက်တာမို့ ပညာရှင်ကြီးများ လွတ်လပ်စွာ အကြံပြုပေးပါဦးရှင့်။ တစ်ဦးတစ်ယောက်ချင်းစီတိုင်း ကျေးဇူးတင်လျက်ပါရှင့်။
ဒေါ်ဋေးကြွယ် • ဖြေကြားချက် 1 ခု
ငရုပ်ပင်အရွက်တွေကုပ်ပြီးအသီးနဲလို့ဘာလုပ်ရမယ်သိချင်လို့ပါ
kyaw swar win • ဖြေကြားချက် 1 ခု
ဆရာမဂ်လာပါ🙏🙏🙏 ကျနော်ကန်စွန်းပင်လေးတွေ အစိမ်းလိုက်ညိုးနေလို့ပါဆရာ အပင်နုတ်ကြည့်တော့လည်း အမြစ်တွေကောင်းတယ်ဆရာ ဘာကြောင့်ညိုးရပါသလဲဆရာ ဘက်တီးရီးယားကြောင့်ညိုးတာလား မြေဆောင်မိူကြောင့်လားဆရာ ပိုးသက်ဆေးနဲ့အားဆေးတော့တွဲဖျန်းထားပါတယ် ၅ရက်မြောက်ရှိပါပြီ ရေ.၂၀လီတာကို Acetamiprid..5% (20)Cc Aminoacid..40%(20)Cc 15-15-30.......... 4ဇွန်းတွဲဖျန်းထားပါတယ် ဖျန်းပီ၅ရက်မြောက်မှာ ခုလိုပင်ညိုးလေးတွေတွေ့နေရလို့ပါဆရာ ဖြေကြားပေးပါအုံးနော်🙏🙏🙏
WaneBo • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
More from Dr. Khin Hnin Yu
အားလုံး