အာဖာဖာပဲပင် ၊ ပိုးသတ်ထားတဲ့ အရိုးနဲ့ နို့ထွက်ပစ္စည်းတွေက ကယ်လ်စီယမ် အဓိကပါဝင်တဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ ကြက်ငှက်တွေမှာ ဥခွံဖြစ်ဖို့အတွက် ကယ်လ်စီယမ်က အဓိက လိုအပ်တဲ့ ဓာတ်ဖြစ်ပါတယ်။
ကယ်လ်စီယမ်က သွားနဲ့အရိုးကို ဖွဲ့စည်းပြီး ကြီးထွားစေပါတယ်။ သွေးခဲမှုကိုလည်းဖြစ်စေပြီး နှလုံးခုန်နှုန်းနဲ့ ကြွက်သားတွေပုံမှန်အတိုင်း အလုပ်လုပ်စေဖို့ကူညီပေးတဲ့အပြင် ခန္ဓာကိုယ်အတွင်း အက်ဆစ်နဲ့ ဘေ့စ်ညီမျှအောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် အာရုံကြောအင်္ဂါ အဖွဲ့အစည်းကလုပ်ဆောင်တဲ့ စိတ်တိုတာကို ထိန်းချုပ်ပေးပြီးတော့ ဆဲလ်အမြှေးပါးရဲ့ ရွေးချယ်စိမ့်ဝင်နိုင်မှုကို ညီမျှစေပါတယ်။
တကယ်လို့ တိရစ္ဆာန်တွေမှာ ကယ်လ်စီယမ်ချို့တဲ့ခဲ့မယ်ဆိုရင်
အကောင်ငယ်ရင်တော့ အရိုးပျော့တာကို ဖြစ်စေနိုင်ပြီး အကောင်ကြီးချိန်မှာဆိုရင်တော့ အရိုးပွရောဂါကိုဖြစ်စေနိုင်ပါတယ်။ အရိုးပွတဲ့အတွက် တိရစ္ဆာန်တွေရဲ့ အရိုးတွေအလွယ်တကူ ကျိုးပဲ့နိုင်ပါတယ်။ တချို့ပြင်းထန်တဲ့ တိရစ္ဆာန်တွေမှာဆိုရင် အကြောဆွဲခြင်းနဲ့ လေသင်တုန်း ဖြတ်တာပါ ဖြစ်နိုင်ပါတယ်။ နေ့စေ့လစေ့ဖြစ်နေတဲ့ နွားမတွေမှာ ကယ်လ်စီယမ်တွေ ရုတ်တရက် လျော့နည်းသွားခဲ့ရင် နို့ဖျား ဖျား (အစာမစား၊ အားနည်း၊ လန့်၊ နောက်ခြေထောက်ရှပ်တိုက် စတဲ့ လက္ခဏာတွေပြ) တာတောင်ဖြစ်နိုင်ပါတယ်။ နို့ထွက်နှုန်းကိုလည်း နည်းသွားစေပြီးတော့ ငှက်တွေမှာဆိုရင် ဥခွံတွေကပါးလာတာကိုမြင်ရမှာဖြစ်ပြီး အကေောင်ပေါက်နှုန်း နည်းလာတာကိုပါ တွေ့ရမှာပါ။
ဖော့စဖောရပ်
အစေ့အဆန်တွေပါဝင်တဲ့ သီးနှံတွေနဲ့ အစာနုတွေဖြစ်တဲ့ ဖွဲ၊ ဆီကြိတ်ဖတ်နဲ့ ပိုးသတ်ထားတဲ့ နို့ရည်တွေက ဖော့စဖောရပ်ရဲ့ အဓိက အစာရင်းမြစ်ဖြစ်ပြီးတော့ အရိုး၊ သွား နဲ့ နူးညံ့တဲ့ တစ်သျှူးတွေကြီးထွားဖို့ မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဖော့စဖောရပ်ဟာ ကိုယ်တွင်းရည်ရဲ့ အက်ဆစ်နဲ့ ဘေ့စ်ညီမျှအောင် ကူညီပေးနိုင်ပါတယ်။ ဒါဟာ အဆီနဲ့ ကာဗိုဟိုက်ဒြိတ် ဇီဝရုပ်ဖြစ်ပျက်မှုလုပ်ဆောင်ရာမှာ ကူညီပေးပြီးတော့ အင်ဇိုင်းရဲ့ လုပ်ဆောင်မှုကိုလည်း မြန်အောင်ကူညီပါတယ်။
ဖော့စဖောရပ်ဓာတ်ချို့တဲ့မှုကြောင့် အသားထုတ်လုပ်မှုကို လျော့ကျစေပြီး အရိုးပျော့ အရိုးပွတာတွေနဲ့ မွေးဖွားမှုနှုန်း ၊ကြီးထွားမှုနှုန်း နဲ့ ကျန်းမာရေးမကောင်းတာတွေပါဖြစ်နိုင်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more