စားသုံးသူတွေအနေနဲ့ ရာသီဥတုပြောင်းလဲမှုတွေကို ဘယ်လို ပါဝင်ထိန်းသိမ်းနိုင်မလဲ?

03/09/2024 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

ထုတ်လုပ်သူတွေအနေနဲ့ ထုတ်လုပ်တဲ့နေရာမှာ ဘယ်လိုအဆင့်တွေက ရာသီဥတုကိုပြောင်းလဲစေနိုင်တဲ့ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ကိုထွက်လာစေတယ်။ အဲ့တော့ ထုတ်လုပ်သူတွေအနေနဲ့က ဘယ်လို အရာတွေကို ထိန်းသိမ်းသင့်တယ် ပြောင်းလဲလုပ်ဆောင်သင့်တယ်ဆိုတာကို အပိုင်း (၁) မှာ ပြောပြီးတဲ့နောက်မှာ အဲ့ ထုတ်လုပ်သူတွေက ထုတ်လုပ်ပေးလိုက်တဲ့ အစားအစာတွေ ထုတ်ကုန်ပစ္စည်းတွေကို စားသုံးသူတွေအနေနဲ့ကလည်း ဘယ်လိုမျိုး ထိန်းသိမ်းပြင်ဆင်စားသောက်သင့်သလဲ ဘာတွေ တစ်ထောင့်တစ်နေရာကနေ ကူညီလို့ရမလဲဆိုတာကို ဆက်ပြီးတော့ လေ့လာကြည့်ရအောင်လားခင်ဗျာ။

ဆုံးရှုံးမှုတွေ နည်းသထက်နည်းအောင်နဲ့ အလေအလွင့်မဖြစ်အောင် ထိန်းသိမ်းလို့ရတယ်

အလေအလွင့်နဲ့ ဆုံးရှုံးမှုတွေကို နည်းသထက်နည်းအောင် ထိန်းသိမ်းပေးတာက ထုတ်လုပ်သူဖက်မှာ အများကြီး ပိုထုတ်လုပ်ရတာရော၊ထုတ်လုပ်တဲ့အဆင့်တွေမှာ ဖန်လုံအိမ်အာနိသင်ရှိတဲ့ ဓာတ်ငွေ့တွေ ထုတ်လုပ်မှုကို တစ်ဖက်တစ်လမ်းကနေ လျော့ချပေးနိုင်ပါတယ်။ ၂၀၁၈ တုန်းက  ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ရဲ့ လေ့လာချက်များအရဆိုရင် ထုတ်လုပ်တဲ့ ထုတ်ကုန်တွေမှာ ၄၀ ရာခိုင်နှုန်းက အလေ့အလွင့်ဖြစ်တာနဲ့ စွန့်ပစ်ပစ္စည်းတွေ ဖြစ်သွားကြပါတယ်။ အဲ့လို စွန့်ပစ်တာအလေအလွင့်ဖြစ်တာက ဖန်လုံအိမ်ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုစုစုပေါင်းရဲ့ (၁၀) ရာခိုင်နှုန်းပါ။

အဲ့လိုပြောလိုက်ရင် မများသလိုဖြစ်ပေမဲ့လို့ တစ်ကမ္ဘာလုံးနဲ့ချိန်လိုက်ရင်တော့ နည်းတဲ့ ပမာဏမဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်က လေ့လာချက်တွေအရ - တန်ချိန်နဲ့ဆိုရင် လယ်ထဲမှာ ဆုံးရှုံးတဲ့ ပမာဏက ၁.၂ ဘီလီယံတန် ရှိပြီးတော့ စားစရာအလေအလွင့်ဖြစ်သွားတဲ့ ပမာဏကတော့ ၉၃၁ မီလီယံ တန် ရှိပါတယ်။ ဒါတွေကို လျှော့ချနိုင်တယ်ဆိုရင် ဘယ်လောက်တောင် အကျိုးဖြစ်ထွန်းမလဲဆိုတာကို တွေးကြည့်နိုင်ပါတယ်။

အသားထုတ်ကုန်တွေနဲ့ ကာဗွန်အများကြီးပါတဲ့  အစားအစာတွေကို လျှော့ချပါ

ဝယ်သူရှိလို့ရောင်းသူရှိတာပါ။ စိုက်ပျိုးမွေးမြူရေးမှာ မွေးမြူရေးက စိုက်ပျိုးရေးတစ်ဆင့်ခံပြီးတော့မှ ထပ်မံထုတ်လုပ်ကြရတာရယ်။ သက်ရှိ စွန့်ပစ်ပစ္စည်းတွေလည်း ထုတ်လုပ်ကိုင်တွယ်ရတာရယ် စတဲ့အဆင့်ဆင့်လုပ်ငန်းစဉ်တွေရှိတာကြောင့် တိထုတ်ကုန်တွေကိုသာ လျှော့ချနိုင်တယ်ဆိုရင်ရော လုပ်ကြမှာလားခင်ဗျာ။

သူလည်း ကမ္ဘာနဲ့ချီပြောရင် ၁၀ ရာခိုင်နှုန်းလောက်အထိကို ပါဝင်ပြီးတော့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ထုတ်လုပ်နေပါတယ်။ အဲ့မှာ သူတို့ကို ကျွေးဖို့ အစာထုတ်လုပ်တာတွေ၊ မြေအသုံးချရတာတွေ၊ သယ်ယူ ပို့ဆောင်ရတာတွေ မပါသေးပါဘူး၊ အကုန်အပါအပြီးဆိုရင် (၁၈) ရာခိုင်နှုန်းလောက်ထိတောင် တက်သွားနိုင်ပါတယ်။

အဲ့လို ကာဗွန်များတဲ့ ထုတ်ကုန်တွေဆိုတာက ဘယ်လိုလဲဆိုတော့ ဥပမာ အမဲသား တစ်ကီလိုထုတ်တာနဲ့ ကြက်သားတစ်ကီလိုထုတ်တဲ့အချိန်မှာ ကာဗွန်ထုတ်လွှတ်မှုက ၄၅ ဆ လောက်ကွာပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေတွေက အမဲသားထုတ်လုပ်မှုမှာ ၄၅ ဆ လောက် ပိုထုတ်ပါတယ်။ ဒါကြောင့် ဒီလို အစားအစာတွေ ထုတ်လုပ်ရမှုကလည်း လျော့ချနိုင်ဖို့ဆိုရင် ဝယ်သူ စားသူတွေမှာလည်း တာဝန်အများကြီး ရှိပါတယ်။

ထုတ်လုပ်မှုကို လုံးဝ ရပ်တန့်လိုက်ဖို့ ဆိုတာတော့ မဖြစ်နိုင်ပေမဲ့ စားသုံးသူတွေဖက်က တန်ဖိုးထားပြီး အလေအလွင့်မရှိအောင်ထားပြီးတော့ သေသေချာချာလေး လိုအပ်မှ ဝယ်ယူ စားသုံးမယ်ဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်။

မဟုတ်ရင်လည်း ပြောင်းလဲပြီး စားသုံးနေထိုင်တာကလည်း ရွေးချယ်စရာတစ်ခုပါပဲ။ 

နောက်တစ်ခုကတော့ အစားအစာ စနစ်တစ်ခုလုံးမှာ ထုတ်လွှတ်မှုကို လျှော့ချနိုင်အောင်လုပ်တာပါပဲ။ 

အစားအစာစနစ် ဆိုတာက ထုတ်လုပ်တာကနေ စပြီးတော့ လုပ်ငန်းစဉ်အဆင့်ဆင့် ပါပါတယ်။ ကြားထဲမှာ အစားအစာတွေကို ပြောင်းလဲတာ၊ (ဆန်ရအောင် ကြိတ်တာမျိုး)၊ ဖြန့်ချိတာမျိုး၊ ချက်ပြုတ်ပြင်ဆင်စားသောက်တာ နဲ့ အပိုကျန်လို့ စွန့်ပစ်တဲ့အဆင့်တွေ လည်ပတ်နေတဲ့ စနစ်တစ်ခုလုံးကို အစားအစာစနစ် (food system) လို့ ခေါ်ပါတယ်။ အဲ့အဆင့်တစ်ခုချင်းစီမှာကို လျှော့ချနိုင်တယ်ဆိုရင် တစ်ကမ္ဘာလုံးရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုက (၃)ချိုး မှာ (၁)ချိုးလောက်ကို သက်သာသွားမှာပါ။ 

ဆိုတော့ ရာသီဥတုပြောင်းလဲမှု့ကို အံတုနိုင်ဖို့ဆိုရင် ကိုယ်ကနေ စပြီးတော့ ပြောင်းလဲရမှာဖြစ်ပါကြောင်း။

အသိနဲ့ သတိလေးချပ်ပြီးတော့ ကိုယ်နေထိုင်တဲ့ ကမ္ဘာဝန်းကျင်လှပေအောင် ဖန်တီးထိန်းသိမ်းနိုင်သော သူများဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်