အကူအညီပေးနေသော စိုက်ပျိုးရေးဌာနကို အားဖြည့်ရန် လိုအပ်

16/01/2018 11:55 AM တွင် Myanmar Now Myanmar Now မှ ရေးသား

မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတစ်ခုရှိ လုပ်ငန်းစဉ်များစွာကိုဖော်ဆောင်နိုင်ရန် လိုအပ်ချက်များစွာ ရှိနေသည်

သံတွဲ(Myanmar Now)- စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများကို ထိတွေ့ ကူညီထောက်ပံ့ပြီး နည်းပညာ ဝန်ဆောင်မှုပေးနေသော သံတွဲမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနတွင်ရှိသင့်သည့်ဝန်ထမ်း အရေအတွက်၏သုံးပုံတစ်ပုံသာရှိနေကြောင်း စိုက်ပျိုးရေး မြို့နယ် ဦးစီးမှူး ဦးတင်ဝင်းမောင်ကကြာသပတေးနေ့တွင်ပြောသည်။

သံတွဲမြို့နယ်တွင်စိုက်ပျိုးရေးဝန်ထမ်း(၁၄)ဦးရှိနေပြီး ဖွဲ့စည်းပုံအရဆိုလျှင်(၄၂)ဦး ရှိရမည် ဖြစ်သည်။  သို့သော်လည်း ဦးတင်ဝင်းမောင်က များစွာမျှော်လင့် မထားပေ။

"နောက်ထပ်ယောက်လောက်ထပ်ရမယ်ဆို လုပ်ရ ကိုင်ရ အဆင်ပြေမှာပါ"ဟု သူကပြောသည်။

လိုအပ်သည့် ဝန်ထမ်း အင်အားအတွက်အထက်ကို တင်ပြထားရာ အလုပ်လျှောက်သူရှိလာပါက ဖြည့်ဆည်းပေးမည် ဟူသော အကြောင်းပြန်ကြားချက်ရထားသည်ဟု ဆိုသည်။

စိုက်ပျိုးရေးဦးစီးဌာနတွင်ဝန်ထမ်း အင်အား မလုံလောက်ခြင်းကြောင့်ကျေးရွာအားလုံးသိုသွားရောက်နိုင်ခြင်း မရှိကြောင်း၊ကျေးရွာ စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်သာ သွားရောက်၍အသိပညာပေးဟောပြောပွဲပြုလုပ်နိုင်သည်ဟု ဦးတင်ဝင်းမောင်ကပြောသည်။

ကိုယ်တိုင်ဦးစီးပြီး ပညာပေးခြင်း၊ ဟောပြောခြင်းများကိုကျေးလက်ဒေသအထိပြုလုပ်ပေးနေကြောင်း သူကပြောသည်။

မျိုးစေ့အေထာက္အပံ့

ရခိုင်ကမ်းရိုးတန်းဒေသတွင်ဆန်စပါး စိုက်ပျိုးခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များ ရှိနေသည်ဟု  နိုင်ငံတကာ စီမံကိန်း တစ်ခုဖြစ်သည့် အသက်မွေးဝမ်းကျောင်းမှုနှင့်စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ (LIFT) ၏၂ဝ၁၅ နှစ်ပတ်လည် အစီရင်ခံစာတွင်  ထောက်ပြထားသည်။

"ဆန်စပါးသည်ရခိုင်ဒေသ၏ပင်မသီးနှံဖြစ်သော်လည်း အထွက်နှုန်း နည်းပြီး အရည်အသွေး ညံ့သည်။ဆားငန်ရေ တိုးဝင်ခြင်း၊စိုက်ပျိုးနည်း မထိရောက်ခြင်း၊ရိတ်သိမ်းချိန်လွန်နည်းနာများနှင့်ကိရိယာများ ညံ့ဖျင်းခြင်းတို့ကြောင့်ဖြစ်သည်" ဟုကုလသမဂ္ဂအဖွဲ့ကကြီးကြပ်သည့်LIFT အဖွဲ့အစီရင်ခံစာတွင်ဖော်ပြထားသည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့်ဦးဝင်းနိုင်ကလည်း အစိုးရအနေဖြင့်အရည်အသွေး ပြည့်ဝသည့်သီးနှံများ ထွက်ရှိရန် အတွက်ဆောင်ရွက်စရာများစွာ ရှိနေသည်ဟု တိုက်တွန်းလိုက်သည်။

မျိုးကောင်း မျိုးသန်႔ တွေတောင်သူကို လုံလုံလောက်လောက် ပံ့ပိုးပေးသင့်တယ်။ဒါမှလည်းစျေးကွက်မှီတဲ့၊ အရည်သွေးမှီတ သီးနှံတွေကို ရရှိမှာပါ"ဟုသံတွဲမြို့နယ်မဲဆန္ဒနယ်၁မှဦးဝင်းနိုင်ကပြောသည်။

စိုက်ပျိုးရေး ကဏ္ဍသည်အရေးပါသောကြောင့်အစိုးရက အရင်းအနှီးထောက်ပံ့ခြင်း၊ စျေးကွက် ရှာဖွေခြင်းများအတွက်လည်း ပိုမိုဆောင်ရွက်သင့်သည်ဟု သူက ဆက်ပြောသည်။

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလာမှတိုင်းပြည် အကျိုးဖြစ်ထွန်းမယ်ဆိုတာ မဟုတ်ပါဘူး။ကိုယ်နိုင်ငံထဲမှာလည်းတိုင်းနယ်၊ပြည်နယ်အသီးသီးက မွေးမြူရေး ထုတ်ကုန်တွေ၊စိုက်ပျိုးရေး ထုတ်ကုန်တွေကို တိုးတက်အောင် ထုတ်ပေးနိုင်မယ်။အဲဒီလို ထုတ်ကုန်တွေကိုလည်း ဝယ်ယူမယ့်စျေးကွက်တွေ များများ ဖန်တီးပေးဖို့ လိုပါတယ်” ဟု ဦးဝင်းနိုင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သံတွဲခရိုင်ရုံးတွင်တွေ့ဆုံစဉ်ပြောပြသည်။

သံတွဲရှိစိုက်ပျိုးရေးသမား တချို့က စိုက်ပျိုးရေး ဦးစီးဌာန၏လုပ်ငန်းစဉ်များကို အားမရကြောင်းဝေဖန်ကြသည်။

ထိုဝေဖန်ချက်နှင့်ပတ်သက်ပြီးမြို့နယ်ဦးစီးမှူး ဦးတင်ဝင်းမောင်က တုန့်ပြန်ခြင်း မပြုဘဲ စိုက်ပျိုးရေးဌာနတွင်စံပြ စိုက်ကွင်းများရှိကြောင်း၊ မျိုးစေ့နှင့်  ဓာတ်မြေသြဇာများ ပံ့ပိုးပေးခြင်းများကိုပြုလုပ်လျက်ရှိကြောင်းပြောသည်။

"မျိုးကောင်း မျိုးသန့်လိုအပ်မှုအတွက်ႏွစ္စဥ် မျိုးစပါးတင်း တစ်ထောင်စီ ဖြန့်ပါတယ်။၁၅ရွာ၁၆ရွာလောက်ကိုဖြန့်ပါတယ်" ဟု မြို့နယ် ဦးစီးက ရှင်းပြသည်။

ကျွန်တော်တို႔ အေနနဲ႔ စံပြစိုက်ကွင်းတွေ စိုက်ပျိုးနေတယ်။ဘာကြောင့် အဲ့ဒါတွေ လုပ်တာလဲဆိုတော့အဲဒီ စံပြ စိုက်ကွင်းတွေအောင်မြင်တာကိုကြည့်ပြီး ပြည်သူတွေလိုက်လုပ်ချင်လာအောင်ပါ။ကျွန်တော်တို့ပြောတာကို လိုက်လုပ်လိုပြောရင်လယ်သမားတွေက သိပ်မလုပ်ချင်တာကိုတွေ့ရတယ်။အဲ့ဒါကြောင့်ဒီနည်းအတိုင်း လုပ်တာပါ

သင်တန်း

စိုက်ပျိုးရေး လုပ်ငန်းအောင်မြင်ရေးအတွက်နည်းပညာ၊အသိပညာပြန့်ပွားရေးကလည်း အရေးပါသော အချက ဖြစ်သည်။

သံတွဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက၂ဝ၁၂ခုနှစ်မှစတင်ပြီး သံတွဲမြို့နယ် အတွင်း ပညာပေး သင်တန်းများပြုလုပ်ဖြစ်ကြောင်း၊  စိုက်ပျိုးရေး သမားများ သိလိုသည် တို့ကိုဆွေးနွေးပေးလျက်ရှိကြောင်း သိရသည်။

"အယောက်၅ဝကို သင်တန်းပေးတာ အယောက်၂ဝနားလည်သွားရင်ဒါအျမတ္ပဲ။လူတိုင်းက အကုန်စိတ်ဝင်စားမှုမရိွႏိုင္ဘူး"ဟ စိုက်ပျိုးရေးဌာနမှ မြို့နယ်ဦးစီးမှူး ကရှင်းပြသည်။

ကွေ့ချောင်းကျေးရွာတွင်နေထိုင်သည့်ဦးသန်းစိုးသည်သူ၏လယ်၄ဧကကို ထွန်ယက်ရန်ကျွဲ၊နွားများ အသုံးပြုခဲ့ပြီး၊  ယခုနောက်ပိုင်းတွင် လယ်ယာသုံး စက်ကိရိယာများကိုပါပူးတွဲအသုံးပြုနေသူဖြစ်သည်။

သူရင်ဆိုင်နေရသည့်အခက်အခဲများထဲတွင်သူ့ လယ်အတွင်းမြေပြင် မညီညာခြင်းကြောင့် လယ်ယာသုံးစက်များနေရာအနှံ့သွားရောက်နိုင်မှု မရှိသည့် အချက်လည်း ပါဝင်ရာ အလုပ် တွင်ကျယ်ရေးအတွက်အစိုးရဌာနဆိုင်ရာတို့လာရောက်အကူအညီပေးရန်သူကမျှော်လင့်နေသည်။လယ်ယာသုံးစက်နှင့်ပတ်သက်သည့်သင်တန်းလည်း တက်လိုသည်ဟု သူက ဆိုသည်။

“လယ်ယာသုံးစက်တွေဝယ်လိုက်ပေမယ့်အဲ့ဒီစက်တွေပျက်တဲ့အခါပြင်ပေးမယ်၊ စက်ပြင် ဆရာကလည်း သိပ်မရှိတဲ့အခါကျတော့စက်ပြင် ဆရာရှာရတာလည်း အခက်အခဲ ဖြစ်တယ်။ဒါကြောင့်အစိုးရအနေနဲ့လယ်ယာထွန်စက်ပြင်တဲ့သင်တန်းတွေ ဘာတွေလည်း ဖွင့်သင့်တယ်”ဟု ဦးသန်းစိုးကပြောသည်။

“စက်တစ်ခါ တစ်ခါ ပျက်ရင်စက်ပြင်ဆရာ ရှာမရတာနဲ့သီးနှံ စိုက်ပျိုးချိန်တွေနောက်ကျကုန်ရော”

ဦးသန်းစိုး ကဲ့သို့သော စက်ပစ္စည်း အသုံးပြုသူများ၏အခက်အခဲကို စိုက်ပျိုးရေးဌာနကလည်း သိနေသည်။

“ရခိုင်ပြည်နယ်စက်မှုလယ်ယာ ပြည်နယ် ဦးစီးမှူးက စက်မှုလယ်ယာ စက်ပြင်သင်တန်း ဖွင့်ပေးဖို့ ကိုတောင်းဆိုထားပါတယ်။ဒီဇင်ဘာလ အတွင်းမှာတောင်းဆိုထားတာပါ။သူတို့ တာဝန်ခံတွေနဲ့ ညှိနှိုင်းဦးမယ်ပြောပါတယ်”ဟု စိုက်ပျိုးရေးဌာန မြို့နယ်ဦးစီးမှူး ရှင်းပြသည်။

လယ်လုပ်သား လိုအပ်ချက်

စက်မှုလယ်ယာသို့ကူးပြောင်းရန်ခက်ခဲနေသေးသည့်အခြေအနေတွင်သံတွဲအပါအဝင်ရခိုင်ပြည်မှဒေသခံ အများအပြားသည်အခြားသောပြည်နယ်တိုင်းဒေသကြီးများ သို့မဟုတ်နယ်စပ်ဒေသနှင့်ပြည်ပနိုင်ငံများသို့ရွှေ့ပြောင်းသွားကြသဖြင့်လယ်ယာ လုပ်သား လိုအပ်ချက်ကကြီးမားလာသည်။

ပြည်နယ်မြောက်ပိုင်းမှသံတွဲသို့အလုံးအရင်း လာကြသော လယ်သမားတို့ကလည်းရေလုပ်ငန်းခွင်သို့ရောက်သွားတတ်ကြသည်ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ဆိုသည်။

"(မြောက်ပိုင်းမှာ) လယ်စိုက်ပြီးတဲ့ အချိန်က ငါးဖမ်းရာသီ ပြန်စတဲ့အချိန် ဖြစ်တယ်။ အဲ့ဒီတော့ သူတို့က လယ်ယာစိုက်ပျိုးပြီးတာနဲ့ အလုပ်မရှိတဲ့အခါကျတော့ ငါးဖမ်းတဲ့အလုပ်ကို လာပြီးတော့ လုပ်ကြတယ်။ သူတို့ လယ်ထွန်ချိန်ဆိုပြန်ပြီးတော့မှ လယ်ထွန်တဲ့ အလုပ်ကို လုပ်ကြတယ်"ဟု သံတွဲမြို့နယ် မဲဆန္ဒနယ် ၂မှဦးနိုင်ကြွေအေးကပြောသည်။

အလယ်ရွာမှ လယ်သမား ဦးမြင့်သိန်းက၎င်းတို့၏ အခက်အခဲများထဲတွင်ရာသီဥတုကြောင့်အထွက်နှုန်းကျခြင်း၊  လယ်ယာလုပ်သား ငှားရမ်းရ ခက်ခဲခြင်းတို့လည်းပါဝင်သည် ဟုပြောသည်။

“အလုပ်သမားက တဖြည်းဖြည်း ရှားပါးလာတယ်။ စပါးစျေးက ကျတော့ကျတယ်၊ အလုပ်သမားစျေးက တက်တော့ လုပ်ရကိုင်ရ အဆင်မပြေဘူးပေါ့" ဟု ဦးမြင့်သိန်းက ရှင်းပြသည်။

တောင်သူတို့၏အဆိုပါ လိုအပ်ချက်ကို စိုက်ပျိုးရေးဌာနကလည်း သိနေသည်။သင်တန်းများတွင်တွေ့ရသည့်တောင်သူတို့က လယ်ယာ လုပ်သားရှားပါးသည့်အခက်အခဲကို တင်ပြကြသည်ဟုမြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးကပြောသည်။

အိချယ်ရီအောင်/Myanmar Now


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်