ကျားဖောင်လုပ်ငန်းအား ဆက်လက် ခွင့်ပြုသင့် မပြုသင့်ကို ဘက်စုံစဉ်းစား၍ အဖြေထုတ်သင့်ဟုဆို

29/11/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်း လက်တလော ဖြစ်ပေါ်ခဲ့သော အင်္ဂလန်ကျားဖောင်လုပ်ငန်း၏ လုပ်သားပြဿနာကြောင့် ယင်းလုပ်ငန်းကို ဆက်လက်ခွင့်ပြုသင့်၊ မပြုသင့်ကို ဘက်စုံဝိုင်းဝန်းစဉ်းစား အဖြေထုတ်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦး၀င်းကြိုင်က ပြောသည်။

နိုဝင်ဘာလ ၂၆ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ကျင်းပပြုလုပ်သည့် ၂၀ ကြိမ်‌မြောက် ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံ ဆွေး‌နွေးပွဲတွင် ဦးဝင်းကြိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဒီငါးဖမ်းနည်းက လူ့အခွင့်ရေးရပဲဖြစ်စေ၊ လုပ်ငန်းခွင်သတ်မှတ်ချက်အရပဲဖြစ်စေ ဆက်ရှိသင့်လား၊ မရှိသင့်လားဆိုတာတော့ အားလုံးဝိုင်းစဉ်းစားကြ။ လိုင်စင်ထုတ်ပေးပြီးတော့ ဒီလုပ်ငန်းကို ဆက်ပြီး ခွင့်ပြုမလား၊ မပြုဘူးလားဆိုတာ ဘက်စုံဝိုင်းဝန်းစဉ်းစား လူ့အခွင့်ရေးဘက်ကရော၊ လုပ်ငန်းခွင် အခြေနေရော၊ safety အပိုင်းတွေရော အကုန်လုံး ဝိုင်းစဉ်းစား။ ကျွန်တော်တို့က မရှိသင့်ဘူးလို့ပြောရင် ကျွန်တော်တို့ တရားခံဖြစ်မယ်။ နိုင်ငံရေးသမားက မရှိသင့်ဘူး ပြောရင် အဲ့နိုင်ငံရေးသမားက မဲမရဘူး ဖြစ်မယ်။ ဒါက လူအများကြီးလုပ်နေတာဖြစ်တယ်။ ဒါကိုအားလုံး ဝိုင်းစဉ်းစားပြီး အဖြေထုတ်ရမယ်။" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းမှူး ဦးဝင်းကြိုင်က ပြောသည်။

ယင်းလုပ်ငန်းသည် နှစ်ပေါင်း ၅၀ ခန့်ကြာပြီဖြစ်ပြီး ပွင့်လင်းရာသီတွင် မုတ္တမပင်လယ်ကွေ့အတွင်း ၇ လခန့် အထိုင်ချ၍ ဝါးဖောင်များနှင့် ပိုက်ထောင်ကာ ငါး၊ ပုစွန်များကို ဖမ်းယူသည့် လုပ်ငန်းဖြစ်သည်။

ယင်းလုပ်ငန်းမှ ပုဇွန်ခြောက် အများဆုံး ထွက်ရှိခြင်းဖြစ်ပြီး ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများကိုလည်း တင်ပို့ရောင်းချနေခြင်းဖြစ်ကာ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ မွေးမြူရေး တိရစ္ဆာန်အစာတို့ကိုလည်း ထုတ်လုပ်လျက်ရှိ‌ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ရခိုင်အရေးပေါ်မှာ ဥရောပသမဂ္ဂ (EU)၊ အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများလုပ်ရန် မျက်စောင်းထိုးနေပြီး အထက်ပါ ဖြစ်ရပ်တို့ကြောင့် ဖြေလျော့ပေးနေမှုများကို ရုပ်သိမ်းသွားမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

အေးအေးမြင့်(ABM)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်