ကညွတ်တွင် ကျရောက်သော ရောဂါများ

25/02/2020 17:00 PM တွင် ဖြိုးသဥ္ဇာကျော် ဖြိုးသဥ္ဇာကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁)အစက်အပြောက်ရောဂါ

ရောဂါဖြစ်စေသောသက်ရှိ - Stemphylium vesicarium / Pleospora herbarum

ရောဂါအမျိုးအစား - မှိုရောဂါ

ရောဂါလက္ခဏာ

ခရမ်းရောင်ဘဲဥပုံ အနာကွက်များကို ရိုးတံပေါ်တွင် တွေ့ရလေ့ရှိသည်။ ကြေးနီရောင် သို့ အညိုရောင် အနာကွက်များကို အရွက်ပေါ်တွင် တွေ့ရလေ့ရှိပါသည်။ ဆိုးရွားစွာကျရောက်ပါက အထွက်နှုန်း ၆၀ မှ ၉၀ ရာခိုင်နှုန်းအထိ ထိခိုက်နိုင်ပါသည်။

ကာကွယ်နိုင်နင်းနည်း

မြေဆောင်ရောဂါများကို ကာကွယ်ခြင်း၊ သီးနှံအကြွင်းအကျန်များကို မီးရှို့ဖျက်စီးခြင်းများကို လုပ်ဆောင်သင့်ပါသည်။ တမာပိုးသတ်ဆေးကိုလည်း အသုံးပြုနိုင်ပါသည်။ ဓာတုဆေးများကို အသုံးပြုလိုပါက ကောပါးပါသောဆေးများ၊ ဆလဖာပါသော ဆေးများ၊ ကလိုရိုသိုင်လိုနေး(Chlorothalonail)၊ မန်ကိုဇက်(Mancozeb)၊ နှင့် သိုင်ရိုဖီးနှိက်မီသိုင်း(Thiophanate-methyl) တို့ကို အသုံးပြုနိုင်ပါသည်။

(ခ) သံချေးရောဂါ

ရောဂါဖြစ်စေသောသက်ရှိ - Puccinia asparagi

ရောဂါအမျိုးအစား - မှိုရောဂါ

ရောဂါလက္ခဏာ

အရွက်မျက်နှာပြင်နှင့် ရိုးတံပေါ်တွင် သံချေးရောင်အကွက်များကို တွေ့ရပါသည်။ ရာသီဥတုပေါ်မူတည်၍ ကျရောက်သော စပိုးအမျိုးအစားကွဲပြားနိုင်ပြီး ရောဂါလက္ခဏာလည်း အနည်းငယ်ကွဲပြား နိုင်ပါသည်။ အရွက်များတွင် ကျရောက်ပါက သံချေးရောင်အကွက်များကို တွေ့ရပါသည်။ အဝေးမှကြည့်ပါက အကွက်လိုက် သံချေးရောင် ပြောင်းနေပါသည်။

ကာကွယ်နှိမ်နင်းနည်း

လေဆောင်ရောဂါကြောင့် ဖြစ်ပွားနိုင်သဖြင့် ပင်ခြားတန်းခြားအကွာအဝေးကို သင့်တော်သော အနေအထားတွင်စိုက်ပျိုးရန် လိုအပ်ပါသည်။ သီးနှံအကြွင်းအကျန်များတွင် ဆောင်းခို၍ ကျန်ရစ်ခဲ့သော စပိုးများကြောင့်လည်း ရောဂါဖြစ်ပွားနိုင်သောကြောင့် သီးနှံအကြွင်းအကျန်များကို မီးရှို့ဖျက်ဆီးရန် လိုအပ်ပါသည်။ ဓာတုဆေးများကို အသုံးပြုလိုပါက ကောပါးပါသောဆေးများနှင့် ဆလဖာပါသောဆေးများကို အသုံးပြုနိုင်ပါသည်။

(ဂ) ဖျူစေရီယမ် ပင်ညိုးရောဂါ

ရောဂါဖြစ်စေသောသက်ရှိ - Fusarium oxysporium

ရောဂါအမျိုးအစား - မှိုရောဂါ

ရောဂါလက္ခဏာ

များသောအားဖြင့် ရေငတ်သော အပင်များတွင် ကျရောက်လေ့ ရှိသည်။ သံချေးရောင် အနာကွက်များကို အပင်၏ ထိပ်ပိုင်း၊ ရိုးတံနှင့် အမြစ်များတွင် ကျရောက်လေ့ ရှိသည်။ အရွက်တွင် ကျရောက်ပါက အရွက်အရောင်မှာ အဝါရောင်သို့ပြောင်းသွားပါသည်။ မြေဆောင်နှင့် မျိုးစေ့ဆောင်ရောဂါဖြစ်သဖြင့် အပင်ငယ်စဥ်တွင် ကျရောက်ပါက အပင်ညှိုးနွမ်းပြီးသေဆုံးနိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်း

ရေငတ်သော အပင်များတွင် ကျရောက်လေ့ရှိသောကြောင့် ရေပုံမှန်သွင်းပေးရန် လိုအပ်ပါသည်။ မြေဆောင်ရောဂါကြောင့်ဖြစ်သဖြင့် မြေကို သန့်စင်ပေးရန် လိုအပ်ပါသည်။ ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကို ရှင်းလင်းပေးရန် လိုအပ်ပါသည်။ မျိုးစေ့လူးနယ်ဆေးများကို အသုံးပြုနိုင်ပါသည်။ ဇီဝနည်းဖြင့် ကာကွယ်လိုပါက ထရိုင်ဂိုဒါးမား ( Trichoderma viride) ကို အသုံးပြုနိုင်ပါသည်။ ဓာတုဆေးများကို အသုံးပြုလိုပါက တက်ဖျူကိုနာဇိုး(Tebuconazole) ၊ ကာဗင်ဒါဇင် (Carbendazim) ၊အိုင်ပရိုဒီနှုန်း (Iprodione) အစရှိသော မှိုသတ်ဆေးများကို အသုံးပြုသင့်ပါသည်။

(ဃ) ပင်ခြေပုပ်ရောဂါ

ရောဂါဖြစ်စေသောသက်ရှိ - Phytophthora asparagi

ရောဂါအမျိုးအစား - မှိုရောဂါ

ရောဂါလက္ခဏာ

မြေပြင်နှင့် ကပ်လျက်ရှိသော အပိုင်းတွင် ရေစိုနာကွက် သို့ တွန့်ရှုံ့၍ ပျော့ပုပ်နေသော လက္ခဏာများကို တွေ့ရသည်။ ရိုးတံ၏ထိပ်ပိုင်းတွင်လည်း ရေစိုနာကွက်များနှင့် တွန့်ရှုံ့၍ ပျော့ပုပ်နေသော လက္ခဏာများကို တွေ့ရလေ့ရှိပါသည်။ ရောဂါကျရောက်ပါက အရွက်များ အဝါရောင်သို့ ပြောင်းလဲသွားပါသည်။ မြေကြီးစိုစွတ်နေပါက ရောဂါကျရောက်မှု ပိုများပါသည်။

ကာကွယ်နှိမ်နင်းနည်း

မြေကြီးစိုစွတ်နေပါက ရောဂါကျရောက်မှု ပိုများသဖြင့် ရေသွင်းရေထုတ် ခက်ခဲသော ကွင်းများနှင့် ရေဝပ်သောနေရာတွင် စိုက်ပျိုးခြင်းကို ရှောင်ရှားသင့်ပါသည်။ ဓာတုဆေးများကို အသုံးပြုလိုပါက မန်ကိုဇက်(Mancozeb)၊ မက်တလက်ဇီ (Metalaxy) နှင့် ဖော့စတိုင်းအေအိုင် (FosetylAluminium) အစရှိသော မှိုသတ်ဆေးများကို အသုံးပြုသင့်ပါသည်။

ဖြိုးသဥ္ဇာကျော်

ကိုးကားချက်

https://www.canr.msu.edu/resources/disease_and_insect_pests_of_asparagus_e3219_1

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်