ဒီတစ်ခေါက်မှာတော့ အိမ်တွင်း မီးဖိုချောင်သုံး စားစရာလေးတွေနဲ့ ပူတင်းလုပ်စားကြည့်ကြရအောင်ပါ။ တစ်ချို့ကတော့ ဒီနည်းလမ်းကို ရင်းနှီးပြီးသားဖြစ်ပေမယ့် မသိသေးတဲ့သူတွေအတွက် နည်းလမ်းကောင်းလေး ဖေါ်ပြပေးလိုက်တယ်နော်။ ကြက်ဥပူတင်းကို ချိုချိုလေးစားကြမယ်။ လိုအပ်တဲ့ပစ္စည်းလေးတွေကတော့
၁။ ကြက်ဥ ၁လုံး
၂။ ပေါင်မုန့်ကြမ်း ၂ ချပ်
၃။ ငှက်ပျောသီး ၂ လုံး
၄။ One tea နို့ဆီ ၂ ချောင်း (ဒါကတော့ နို့ဆီဖစ်ရင်ပြီးတာပါပဲ အဆင်ပြေရာသုံးနိူင်ပါတယ်)
အထက်က ဖေါ်ပြခဲ့တဲ့ပစ္စည်းတွေကို စတီးဇလုံထဲမှာရောပြီး သမသွားအောင်နယ်ပါ။
ပြီးတဲ့အခါ ဟင်းချက်တဲ့ ဒယ်အိုးအကြီးထဲမှာ ရေအလွတ်ထည့်ပါ။ အဲ့ရေကို အပူပေးရင်း နယ်ပြီးသားစတီးဇလုံကိုထည့်၍ ပေါင်းခံပါ။ အဲ့နည်းက ပေါင်းချောင်ထဲထည့်တာနဲ့ သိပ်မကွာပါဘူး။ ပေါင်းချောင်မရှိတဲ့အိမ်က ပိုများတယ်လေ။ မိနစ် ၂၀ ခန့် အပူပေးပြီးနောက် အအေးခံပြီးရင်တော့ ဟုမ်းမိတ်ပူတင်းကို စားသုံးနိူင်ပါကြောင်း ။
အချိုမကြိုက်တဲ့သူတွေအတွက် နို့ဆီပမာဏကို လျှော့ထည့်ဖို့တော့ လိုပါမယ်။ ဒါ့အပြင် ငှက်ပျောသီးကို အရမ်းကြီး အမှည့်လွန်တွေသုံးရင်တော့ အရသာသိပ်မကောင်းတဲ့အပြင် ပျော့ပြဲပြဲကြီး ဖြစ်သွားတတ်ပါတယ်။ အပူမပေးခင်ထိ ပျော့ပြဲပြဲကြီးဖြစ်နေရင် ငှက်ပျောသီးနဲ့ ပေါင်မုန့်ထပ်ထည့်ဖို့တော့ သတိထားရပါမယ်။
Reference ဝော့ာမပေးတော့ဘူးနော်...ဟဲဟဲ။ ကိုယ်တိုင်လုပ်တဲ့နည်းမို့လို့ ၊ အဆင်ပြေကြပါစေ။
ပြည့်ဖြိုးသော်
B.Agr.Sc(soil and water science)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more