ကြက်၊ ဝက်နှင့်အတူ ငါးတွဲဖက်မွေးမြူမှုခြင်းကို ကန့်ကွက်တင်ပြထားသော်လည်း အစိုးရ၏တုန့်ပြန်မှု မရရှိသေး။

17/10/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   နိုင်ငံအတွင်း စားသုံးရန်မသင့် ကြက်ခြံ၊ ဝက်ခြံတို့နှင့် အတူ ငါးတွဲဖက်မွေးမြူနေခြင်းအား မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ လုပ်ငန်းရှင်များအနေဖြင့် အစိုးရထံသို့ ကန့်ကွက်တင်ပြထားသော်လည်း ယနေ့အချိန်ထိ တုန့်ပြန်မှုမရရှိသေးကြောင်း သိရသည်။ 

   ယင်းကဲ့သို့ မွေးမြူခြင်းသည် အများပြည်သူအတွက် စားသုံးမှုမပြုသင့်သည့်အပြင် ဈေးကွက်တွင်းမှာလည်း ဈေးပေါပေါနှင့် ဝင်ရောက်နေခြင်းကြောင့် စစ်မှန်စွာ ငါးမွေးမြူရေးတစ်မျိုးတည်းသာ လုပ်ကိုင်နေသော လုပ်ငန်းရှင်များ ထိခိုက်လာနိုင်သည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မြင့်စိန်ကပြောသည်။ 

   “ဒီဟာကလေ ဥပဒေနဲ့သွားရတော့မယ့် အပိုင်းဖြစ်နေတယ်။ တို့နိုင်ငံမှာက ဥပဒေမရှိဘူး ဖြစ်နေတယ်။ ဒါကို ဦးတို့ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ ဝန်ကြီးဌာနထံ တင်ပြထားတယ်။ ပြောလည်း ပြောပြထားပါတယ်။ ဒီနှစ် နှစ်စထဲမှာပဲ တင်ပြထားတယ်။ ဝန်ကြီးဌာနက တုန့်ပြန် အကြောင်းကြားလာတော့ မရှိသေးဘူး။ ဒါက ဝန်ကြီးဌာနကနေ ဆုံးဖြတ်ပေးရမယ့် ကိစ္စပါ။” ဟု ဒေါက်တာ မြင့်စိန်က ပြောသည်။

   ကြက်၊ ဝက်နှင့်အတူ ငါးတွဲဖက်မွေးမြူနေခြင်းကြောင့် ငါးများတွင် ဆေးယဉ်ပါး ရောဂါဖြစ်ပွားနိုင်၍ ယင်းမွေးမြူရေးစနစ်ကို ပြန်လည်သုံးသပ်ရန်အတွက် အစိုးရထံ တင်ပြထားကြောင်း သိရသည်။ 

    ရန်ကုန်၊ ပဲခူး၊ ဧရာဝတီအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ငါးမွေးမြူရေးကန်များတွင် ကျင့်သုံးဆောင်ရွက်မှုများ ရှိ‌နေခြင်းကြောင်း ပြည်တွင်းငါးလုပ်ငန်းကဏ္ဍအပြင် ရေထွက်ပို့ကုန်လုပ်ငန်းများကိုပါ ဆိုးကျိုးသက်ရောက်လာနိုင်ကြောင်း သိရသည်။ 

   “ဒါက ကျွန်တော်အနေနဲ့ ပြောလို့မရသေးပါဘူး။ နိုင်ငံတော်က မူဝါဒချ လုပ်ကိုင်ရမယ့် ကိစ္စလေးဖြစ်နေတဲ့အတွက်ပါ” ဟု ရန်ကုန်တိုင်းဒေသကြီး၊ ငါလုပ်ငန်းဦးစီးဌာန၊ ဒုတိုင်းမှူး ဦးလှဌေးက ပြောသည်။ 

   မြန်မာနိုင်ငံနှင့် အိမ်နီချင်းကပ်လျက်ဖြစ်သော တရုတ်နိုင်ငံက ၂၀၁၀ ခုနှစ်မှာ ကြက်နှင့် ငါးတွဲဖက်မွေးမြူခြင်းကို လုံးဝမမွေးသင့်ဟုဆိုကာ ဥပဒေထုတ် ကန့်သတ်လိုက်ပြီး မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ် နောက်ပိုင်း၌ ငါးကန်များပေါ်မှာ ခြံများ အခိုင်အမာတည်ဆောက်၍ လုပ်ကိုင်လာကြကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်