ငါးရှဉ့် သားဖောက်နည်းနှင့် မွေးမြူနည်း

11/05/2022 13:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

     ငါးရှဥ့်ငါးမှာ ဆေးဖက်ဝင်ပြီး အရသာလေးလေးပင်ပင်ရှိသောကြောင့် လူကြိုက်များသော ငါးအမျိုးအစားတွင် ပါဝင်ပါသည်။ ဒါ့အပြင် ဈေးကောင်းလည်းရသည့်အတွက် ယခုအခါ ငါးရှဉ့်ငါးကို မွေးမြူမှုများလာကြသဖြင့် ငါးရှဥ့်သားဖောက်နည်းကို ဖော်ပြပေးလိုက်ပါသည်။

သားဖောက်နည်း

- ငါးရှဥ့်သားဖောက်ရန်အတွက် ၅၀ စတုရန်းမီတာအရွယ်ရှိ ကွန်ကရစ်ကန် ၈ကန်တွင် ရေအနက် ၃၀ စင်တီမီတာ ထည့်၍ အထီး ၁ ကောင်၊ အမ ၃ ကောင်နှုန်းဖြင့် ငါးရှဥ့်အကောင် ၂၀ လွှတ်ပေးထားရပါမည်။

ငါးရှဥ့်၏အစာအဖြစ် ငါးနုတ်၊ ငါးဖွဲများကို နုတ်နုတ်စင်း၍ ငါးရှဥ့်၏ကိုယ်အလေးချိန် ၁၀% ခန့်ကို နေ့စဥ်ကျွေးရပါမည်။ တစ်ပတ်လျှင်တစ်ကြိမ် ရေလဲလှယ်ပေးသင့်ပါသည်။

မျိုးပွားရာသီမှာ မတ်လမှ စက်တင်ဘာလဖြစ်၍ တစ်နှစ်ပတ်လုံး ဥချနိုင်ပါသည်။မိတ်လိုက်ရာသီ၏ အမြင့်ဆုံးလမှာ မေလမှ ဇွန်လဖြစ်၍ အနည်းဆုံးအချိန်မှာ ဒီဇင်ဘာလမှ ဇန်နဝါရီလ ဖြစ်ပါသည်။ 

 - အထီးများသည် ဥချနိုင်ရန် ရေမြုပ်အသိုက်ဆောက်ပြီး (၂-၃)ရက်ကျော်လျှင် အမများသည် ၄င်းအသိုက်ထဲ၌ဥချကာ ဥများကိုတွယ်ကပ်စေပါသည်။ ငါးရှဥ့်အမ၏ ဥအိမ်သည် အစာအိမ်မှ ၄င်း၏ဝမ်းဗိုက်အောက်ခြေထိရှည်လျား၍ အသိုက်တစ်သိုက်တွင် ဥပေါင်း(၅၀၀-၁၀၀၀)အထိ ဥချနိုင်ပါသည်။

ဥချပြီးပါက ဥများတွယ်ကပ်လျှက်ရှိသော အသိုက်များကို ဥဖောက်ကန်သို့ပြောင်းရွှေ့၍ သားဖောက်ပေးနိုင်ပါသည်။ဥဖောက်ကန်သည် ၉၀ စင်တီမီတာအချင်းရှိ၍ ရေအနက် ၃၀ စင်တီမီတာ ထည့်ပေးထားရပါမည်။ ဥမှပေါက်ခါစ ငါးသားပေါက်များ တွယ်ကပ်နိုင်စေရန် ရေနေအပင်များအား ဆေးကြောသန့်စင်ပြီး ထည့်ပေးရပါမည်။ ရေအပူချိန်(၂၅-၃၀)ဒီဂရီစင်တီဂရိတ်တွင် (၅-၇) ရက်အတွင်း အကောင်ပေါက် လာကြပါမည်။

ဥမှပေါက်ပြီးသား သားပေါက်များသည် ရေအောက်ခြေတွင် (၂-၃)ရက်ကြာနေထိုင်ကာ နောက်ပိုင်းတွင် သဘာဝအစာများကို စတင်စားသောက်နိုင်ပြီ ဖြစ်သဖြင့် သက်ရှိအစာများကို စတင်ကျွေးနိုင်ပြီ ဖြစ်ပါသည်။

သားပေါက်ပြုစုခြင်း

အချင်း ၉၀ စင်တီမီတာရှိသော ကွန်ကရစ်ကန်တွင် ၁စတုရန်းမီတာလျှင် ငါးရှဥ့်သားပေါက်ကောင်ရေ ၃၀၀ ခန့် ထည့်သွင်း၍ မွေးမြူသင့်ပါသည်။ ကန်ရေ၏ ၅၀ %ကို ရေနေ့တိုင်းလဲလှယ်ရန် လိုပါသည်။ငါးကြေမှုန့်၊ငါးနုတ်၊ငါးဖွဲ များကို ဖွဲနုနှင့် (၉၅း၅)အချိုးဖြင့် ရောစပ်၍ ကိုယ်အလေးချိန်၏ ၃% တွက်ချက်၍ ကျွေးရပါမည်။

ထိုအချိန်တွင် ပြုစုကန်ထဲရှိငါးသန်များသည် ၁ပါတ် လျှင်အနည်းဆုံး ၁စင်တီမီတာခန့် အရွယ်အစားကြီးလာပါမည်။အလျှား ၅စင်တီမီတာ ရှိလာသောအရွယ်တွင် အချင်း ၉၀ စင်တီမီတာရှိသောကန်၌ ကောင်ရေ ၁၀၀ ခန့်သာ မွေးမြူသင့်ပါသည်။

ထိုအချိန်တွင် ၂ ပတ်လျှင်တစ်ကြိမ် ငါးရှဥ့် များကို အရွယ်အစားခွဲခြားပေးရပါမည်။ ၆ ပတ်ကြာလျှင် ငါးရှဥ့်များ၏ ပျှမ်းမျှအရွယ်အစားမှာ ၁၀ စင်တီမီတာခန့် ရှိလာ၍ ရှင်သန်နှုန်းမှာ ၉၅% အထိ ရှိနိုင်ပါသည်။ပြုစုကန်ထဲ တွင် ငါးသန်များကို ၁၀ စင်တီမီတာ ရှိလာသည်အထိ စုစုပေါင်း ၂လခန့် ပြုစုရပါမည်။

စျေးကွက်ဝင်အရွယ်ရောက်အောင် မွေးမြူခြင်း

ငါးရှဥ့်သားပေါက်များကို အချင်း ၁၂၀ စင်တီမီတာရှိသော ကွန်ကရစ်ကန်ကို ရေအနက် ၅၀ စင်တီမီတာထည့်၍မွေးမြူသင့်ပါသည်။ ပြုစုကန် ၁ကန်တွင် (၁၂.၅)စင်တီမီတာမှ (၁၅.ဝ)စင်တီမီတာ အရွယ်အစားရှိသော ငါးရှဥ့်များအား ၁ကန်လျှင်ကောင်ရေ ၁၀၀ နှုန်းဖြင့် မွေးမြူနိုင်ပါသည်။

အစာအဖြစ် ငါးနုတ်၊ငါးဖွဲများကို ကြိတ်၍ကျွေးနိုင်သလို ဖွဲနု၊ဆန်ကွဲများဖြင့်လည်း ရောစပ်၍ ခန္ဓာကိုယ်အလေးချိန်၏ ၄% မှ ၆%ထိ တွက်ချက်၍ ဖြည့်စွက်စာအဖြစ် ကျွေးမွေးနိုင်ပါသည်။

ထို့နောက် ငါးရှဥ့်များ၏ အရွယ်အစားခွဲခြားခြင်းကို ၂ ပတ်လျှင် ၁ကြိမ်၊ ၃ လခန့်ထိ လုပ်ပေးရပါမည်။ ကန်ထဲရှိ ရေများကို လစဥ် ၁ လလျှင် ၁ ကြိမ် လဲလှယ်ပေးရပါမည်။ ထုတ်လုပ်မှုအနေဖြင့် ပထမဆုံး ကန်ထဲသို့ ထည့်သွင်းထားသော ငါးရှဥ့်စုစုပေါင်း ၃ ကီလိုဂရမ်အား ၆ လကျော် မွေးမြူပြီးလျှင် ငါးရှဥ့်များ၏အလေးချိန်မှာ (၂၀-၃၀)ကီလိုဂရမ် ရရှိချိန်၌ စျေးကွက်သို့တင်ပို့ရောင်းချ နိုင်ပါသည်။ 

သိုလှောင်ခြင်းနှင့် သယ်ဆောင်ခြင်း

- ဖမ်းဆီးစုဆောင်းရရှိသည့် ငါးရှဥ့်များကို ဦးစွာ ရေဖြင့် သန့်ရှင်းစင်ကြယ်စွာ ဆေးကြောရပါမည်။ ထို့နောက် ၁၀ ဂါလံဝင် ပလတ်စတစ်ပုံး ၁ ပုံးတွင် ငါးရှဥ့်(၁၅-၃၀)ကီလိုဂရမ်ထိ ထည့်သွင်းပြီး ရေစပ်စပ်ဖြင့် ပို့ဆောင်နိုင်ပါသည်။

- ၄င်းပလတ်စတစ်ပုံး၏အထက် ဘေးပတ်ပတ်လည်တွင် အချင်း ၁ စင်တီမီတာအရွယ်ရှိ အပေါက်ငယ်များကို လေဝင်လေထွက် ရရှိစေရန် ဖောက်ထားပေးရပါမည်။

- ငါးရှဥ့်များအား သီးခြားလှောင်ကန်အနေဖြင့်(၀.၇၅) မီတာအမြင့်ရှိ ပလတ်စတစ်ကန်၊သစ်သားကန်၊သစ်သားစည်ပိုင်းများတွင် ဧရိယာ ၁ စတုရန်းမီတာတွင် (၁၀၀-၁၅၀) ကီလိုဂရမ်ထိ ထည့်သွင်းသိုလှောင်နိုင်ပါသည်။

- သိုလှောင်ရာတွင် ငါးရှဥ့်များသွားလာလှုပ်ရှားမှုလွယ်ကူစေရန် ရေကိုပိုမိုထည့်သွင်းပေးထားရပါမည်။ တစ်နေ့  ၂ ကြိမ် ရေလဲလှယ်ပေးရပါမည်။ သိုလှောင်ထားစဥ်ကာလအတွင်း အစာကျွေးခြင်း မပြုလုပ်ရပါ။

- ခရီးဝေးများသို့ သယ်ယူပို့်ဆောင်ရာတွင် အမြင့်၂ပေ ခွဲရှိ ရေလုံသော ပလတ်စတစ်ပုံး(သို့)သစ်သားကန်များ(အမြင့် ၆၀ စင်တီမီတာ၊အနံ ၆၀ စင်တီမီတာ၊အလျှား ၇၅ စင်တီမီတာ)တွင် ရေအပြည့်ထည့်သွင်း၍ ၈ နာရီမှ ၁၀ နာရီ ကြာသည်အထိသယ်ယူပို့်ဆောင်နိုင်ပါသည်။ ရေအသစ်လဲလှယ်ပေးရပါမည်။

- သယ်ယူမည့်ပုံးများ၏ အဖုံးများကို လေဝင်လေထွက်မှုရှိစေရန်နှင့် ငါးရှဥ့်များလွတ်မြောက်မသွားစေရန် ပြုလုပ်ထားရပါမည်။ ငါးရှဥ့်သယ်ဆောင်နှုန်း၊ သယ်ယူချိန်ကာလပေါ်မူတည်၍ အကျိုးအမြတ် ရရှိနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်