ပျက်စီး ညစ်ညမ်းလာသော စိုက်ပျိုး မွေးမြူရေး လုပ်ငန်းကြီး နောက်ကွယ်
ခုက ပျက်စီးနေကြပါပြီ။ စိုက်လို့ မဖြစ်ထွန်းတာ အထွက်ကျတာ ပြင်ဆင်မရတာတွေ ဖြစ်ပြီးနောက် နောက်ထပ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေမလဲဆိုတာကို လေ့လာကြည့်ကြရအောင်။ ဒီအကျိုးဆက်တွေဆိုတာ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဖြစ်လာတာတွေပဲဆိုတာလည်း သတိချပ်ကြပါ။
(က) ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးဆကိတွေ
စိုက်ရေး ပျိုးရေးကြောင့်ဆိုရင်တော့ အဓိက ရေထဲကို စိုက်ဆေးတွေ ပျော်ဝင်တာကြောင့် ရေထု ညစ်ညမ်းမှုတွေဖြစ်တယ်။ အဲ့ကနေ တိုက်ရိုက် သောက်မိ သုံးမိတာဖြစ်ဖြစ် မြေအောက်ရေအဖြစ် စီးဆင်းပြီးမှ သောက်သုံးမိတာဖြစ်ဖြစ် ဆိုရင် ကိုယ်တွေက စိုက်ပျိုးရေးသုံး ပိုးသတ် ပေါင်းသတ်ဆေးတွေကို ရေရောပြီး သောက်မိတာနဲ့ တူတူပါပဲ။ ဘာဆက်ဖြစ်မလဲ တွေးကြည့်ပါ။ ကိုယ်ဝန်ဆောင်သည်တွေ သုံးမိတယ်ဆို မွေးရာပါ အသားပြာ တွေ ကလေးအထိ ပါလာတတ်ပါတယ်။ ဆိုးပါတယ်။ မွေးမြူရေး လုပ်ငန်းက တိရစ္ဆာန်လေးတွေကို ထိုးတဲ့ ဆေးတွေ သေချာမပစ်တာလည်း တူတူပဲပေါ့။ အဲ့တော့ ပတ်ဝန်းကျင် ညစ်ညမ်းတာတွေ မဖြစ်အောင် လိုအပ်မှ သုံးကြပါ။
(ခ) ရေနေသတ္တဝါတွေအပေါ် သက်ရောက်မှု
လူလုပ်မြေဩဇာတွေ၊ စိုက်ပျိုးရေးက စွန့်ပစ်ပစ္စည်းတွေ / အမိုးနီးယားတွေ/ နိုက်ထရိတ် နဲ့ ဖောစဖိတ်တွေက ရေထဲကို စီးဆင်းဝင်ရောက်သွားကြပြီး ရေထဲက အောက်စီဂျင် ကိုသုံးတဲ့ ရေနေသတ္တဝါတွေကို ထိခိုက်ပျက်စီးစေပါတယ်။ ရေထဲမှာ ရေညှိဖြစ်ပေါ်မှုတွေကိုလည်း ပိုများလာစေပြန်ပါတယ်။
အလားတူပဲ မွေးမြူရေးကနေ စွန့်ပစ်လိုက်တဲ့ တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတွေမှာ ပါတဲ့ ကပ်ပါးကောင်တွေနဲ့ ဘက်တီးရီးယားတွေကြောင့် ရေကိုညစ်ညမ်းစေပြီးတော့ ရေနေသတ္တဝါတွေအတွက် ထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ ခုဆို ဘဲခြံအောက်က ငါးကန် စနစ်ကို ကန့်ကွက်နေကြပါပြီ။ ငါးတွေက အောက်စီဂျင်ပြတ်ပြီးတော့ ပျက်စီးဆုံးရှုံးမှုတွေ များလို့ပါ။
(ဂ) Eutrophication
ဒါကတော့ ရေမျက်နှာပြင်က ရေညှိတွေနဲ့ ရေထဲက အပင်တွေက မတရားကြီးလာပြီးတော့ ကြပ်ညှပ်နေတာမျိုးကို ဆိုလိုပါတယ်။ ဘာကြောင့်ဖြစ်ရလဲဆိုတော့ မြေဩဇာတွေ အလွန်အကျွံ သုံးပြီးတော့ ပိုတဲ့ နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နဲ့ ဖော့စဖောရပ်စ် လိုမျိုးတွေက သွင်းရေကနေသော်လည်းကောင်း မိုးရေကနေသော်လည်းကောင်း ရေပြင်ထဲကို စီးဆင်းရောက်ရှိလာပြီး ကန်တွေ ချောင်းတွေ မြစ်တွေမှာ အပင်တွေ ကြပ်လာတာပါ။
ဒီလိုဖြစ်လာတဲ့အခါ ရေထဲမှာရှိတဲ့ အောက်စီဂျင်တွေက နည်းပါးလာပါတယ်။ အောက်စီဂျင် နည်းလာတာကြောင့် ရေထဲက ငါးနဲ့ အခြားဇီဝသက်ရှိတွေ ပျက်စီးကြရပါတယ်။
(ဃ)မြေပျက်တယ်
မြေဩဇာ ပိုးသတ်ဆေးတွေနဲ့ တစ်ချို့သော လုပ်ဆောင်မှုတွေကြောင့် မြေတွင်းက အနုဇီဝသက်ရှိတွေ ပျက်စီးပြီးတော့ တစ်ချို့ ဓာတ်တွေဆို မြေတွင်းမှာ အကြာကြီး ရှိနေနိုင်ကြသေးတာပါ။ မြေချဉ်တာ ဆားပေါက်တာ စတဲ့ မြေပြဿနာတွေလည်း ကြုံရပါတယ်။
(င) လေထု ညစ်ညမ်းတယ်။
ဖျန်းဆေးတွေ ကနေ လေထုထဲကို၊ စီးပွားဖြစ် လုပ်တဲ့အခါမှာ သုံးကြရတဲ့ စက်ပစ္စည်းတွေက ထွက်တဲ့ ဓာတ်ငွေ့တွေ၊ စိုက်တာဖြစ်ဖြစ် မွေးတာဖြစ်ဖြစ် ထွက်တဲ့ နိက်ထရိုဂျင် အောက်ဆိုဒ် နဲ့ အမိုးနီးယားလို့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ထွက်ပြီးတော့ လေထုညစ်ညမ်းမှုကို ဖြစ်စေမှာပါ။
(စ) ဇီဝမျိုးကွဲတွေ ပျက်စီးတယ်။
ဂေဟစနစ် မှာ အကောင်မျိုးစုံပါပါတယ်။ စိုက်ပျိုးရေးဖြစ်ဖြစ် မွေးမြူရေးဖြစ်ဖြစ် လုပ်ငန်းမှာ သုံးလိုက်တဲ့ ဆေးတွေကြောင့် လုပ်ငန်းလိုအပ်ချက်ကို ဖြည့်ရင်း ကိုယ့်ပတ်ဝန်းကျင်က ဇီဝ သက်ရှိကောင်လေးတွေကိုလည်း သတ်မိသလိုဖြစ်တတ်ပါတယ်။ ပိုးသတ်ဆေး ဖျန်းလိုက်လို့ ပျားတွေပါ သေကြရပါတယ်။ အဲ့လိုနဲ့ များလာတဲ့အခါ ရှိသင့်တဲ့ သက်ရှိတွေ မျိုးတုန်းတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
(ဆ) ရေထု ညစ်ညမ်းတယ်။
ဆေးတွေက ရေထဲကို ဝင်သွားပြီး ပေါင်းစပ်သွားပြီးတဲ့နောက်မှာ ရေထုကြီးက ညစ်ညမ်းလာကြရပါတယ်။ မြေပေါ်ရေ တစ်ခုတည်း ပျက်တာမဟုတ်ပါဘူး။ မြေအောက်ရေပါ ပျက်စီးပါတယ်။
(ဇ) တိရိစ္ဆန်တွေအပေါ်မှာ
ဓာတ်ကြွင်းတွေကျန်နေတဲ့ သီးနှံတွေကို စားမိပြီးပျက်စီးကြရပါတယ်။
(ဈ) အပင်တွေအပေါ်
အပေါ်က ပြောသလို မြေပျက် ရေပျက် လေပျက် နေမှတော့ အပင်တွေကလည်း လိုတာမရ ရတာမလို ဖြစ်ကြရပါတယ်။
(ည) အထွက်တွေကျလာတယ်။
စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းမှာ ညစ်ညမ်းပျက်စီးမှုတွေ ဖြစ်လာပြီဆိုရင် အထွက်က ကျပြီပေါ့။
ညစ်ညမ်းပျက်စီးတယ်ဆိုတာ မကောင်းပါဘူး။ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးစနစ်ကို လုပ်ဆောင်နိုင်ပြီး တောင်သူဦးကြီးများ စီးပွားအောင် ကြပါစေ။
ထွန်းဝင်းကျော်
Reference
https://www.conserve-energy-future.com/causes-and-effects-of-agricultural-pollution.php
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မင်းထွန်း
လွန်ခဲ့သော ၅ နှစ် ကဆောင်ရန်၊ ရှောင်ရန်တွေကိုလဲ ပြောပြပေးစေချင်ပါတယ်
ဆက်စပ်မေးခွန်းများ
နွား သေး ကို အပင်ရွက်ဖျန်းဆေးဖြင့်တွဲဖျန်း၍ ရပါသလား။
Aung Aung • ဖြေကြားချက် 0 ခု
ရက်၉၀သားစပါးစိုက်ထားတာ ဘယ်ချိန်လောက်ဆိုအခင်းထဲကိုမဝင်သင့်လဲ
မောင်ရဲသူအောင် • ဖြေကြားချက် 0 ခု
ဆာဖိုးသား ဘယ်စျေးပေါက်လည်းဗျ ရိတ်ကတော့မာမို့လို့ပါ စျေးကွာနေမာစိုးလို့
ဇင်ကိုလတ် • ဖြေကြားချက် 1 ခု
ပေါင်းသတ်ဆေးဖြန်းလို့အဆင်ပြေအုံးမလားဗျ၁လသားတုန်းကကွန်းဟုပ်တစ်ကြိမ်ဖြန်းထားသေးလို့ကြွက်သတ်ဆေးကောဘာသုံးသင့်လဲဗျဘေးနားမှာကြက်ခြံရှိလို့
သူရစိုး • ဖြေကြားချက် 2 ခု
ဆရာကြီးဗျာ မိုးရာသီစပါးဖုံးတဲ့အချိန် ပိုတက်မြေဩစာကျွေးထားp ရေဖောက်ချင်လို မြေဩဇာကျွေးpဘယ်နယ်ရက်နေမှ ရေဖောက်သင့်သလဲဗျ မြေဆီရေထဲပါသွားမလားစောစီဖောက်ရင်ဗျ ဆင်းသုခစပါးမျိုး
KO Thiha lin • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
စိုက်ပျိုးရေးဆိုင်ရာ ရေထုတ်နည်းပညာ
08/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
More from Htunn Winn Kyaw
အားလုံး
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
09/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026