ပျက်စီး ညစ်ညမ်းလာ‌‌သော စိုက်ပျိုး မွေးမြူရေး လုပ်ငန်းကြီး နောက်ကွယ်

18/09/2020 11:30 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

     ခုက ပျက်စီးနေကြပါပြီ။ စိုက်လို့ မဖြစ်ထွန်းတာ အထွက်ကျတာ ပြင်ဆင်မရတာတွေ ဖြစ်ပြီးနောက် နောက်ထပ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေမလဲဆိုတာကို လေ့လာကြည့်ကြရအောင်။ ဒီအကျိုးဆက်တွေဆိုတာ စိုက်ပျိုးရေးနဲ့  ပတ်သက်ပြီး ဖြစ်လာတာတွေပဲဆိုတာလည်း သတိချပ်ကြပါ။

(က) ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးဆကိတွေ

     စိုက်ရေး ပျိုးရေးကြောင့်ဆိုရင်တော့ အဓိက ရေထဲကို စိုက်ဆေးတွေ ပျော်ဝင်တာကြောင့် ရေထု ညစ်ညမ်းမှုတွေဖြစ်တယ်။ အဲ့ကနေ တိုက်ရိုက် သောက်မိ သုံးမိတာဖြစ်ဖြစ် မြေအောက်ရေအဖြစ် စီးဆင်းပြီးမှ သောက်သုံးမိတာဖြစ်ဖြစ် ဆိုရင် ကိုယ်တွေက စိုက်ပျိုးရေးသုံး ပိုးသတ် ပေါင်းသတ်ဆေးတွေကို ရေရောပြီး သောက်မိတာနဲ့ တူတူပါပဲ။ ဘာဆက်ဖြစ်မလဲ တွေးကြည့်ပါ။ ကိုယ်ဝန်ဆောင်သည်တွေ သုံးမိတယ်ဆို မွေးရာပါ အသားပြာ တွေ ကလေးအထိ ပါလာတတ်ပါတယ်။ ‌ဆိုးပါတယ်။ မွေးမြူရေး လုပ်ငန်းက တိ‌ရစ္ဆာန်လေးတွေကို ထိုးတဲ့ ဆေးတွေ သေချာမပစ်တာလည်း တူတူပဲပေါ့။ အဲ့တော့ ပတ်ဝန်းကျင် ညစ်ညမ်းတာတွေ မဖြစ်အောင် လိုအပ်မှ သုံးကြပါ။ 

(ခ) ရေနေသတ္တဝါတွေအပေါ်  သက်ရောက်မှု 

      လူလုပ်မြေဩဇာတွေ၊ ‌စိုက်ပျိုးရေးက စွန့်ပစ်ပစ္စည်းတွေ / အမိုးနီးယားတွေ/ နိုက်ထရိတ် နဲ့ ဖောစဖိတ်တွေက ရေထဲကို စီးဆင်းဝင်ရောက်သွားကြပြီး ရေထဲက အောက်စီဂျင် ကိုသုံးတဲ့ ရေနေသတ္တဝါတွေကို ထိခိုက်ပျက်စီးစေပါတယ်။ ရေထဲမှာ ရေညှိဖြစ်ပေါ်မှုတွေကိုလည်း ပိုများလာစေပြန်ပါတယ်။ 

      အလားတူပဲ မွေးမြူရေးကနေ စွန့်ပစ်လိုက်တဲ့ တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတွေမှာ ပါတဲ့ ကပ်ပါးကောင်တွေနဲ့ ဘက်တီးရီးယားတွေကြောင့် ရေကိုညစ်ညမ်းစေပြီးတော့ ရေနေသတ္တဝါတွေအတွက် ထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ ခုဆို ဘဲခြံအောက်က ငါးကန် စနစ်ကို ကန့်ကွက်နေကြပါပြီ။ ငါးတွေက အောက်စီဂျင်ပြတ်ပြီးတော့ ပျက်စီးဆုံးရှုံးမှုတွေ များလို့ပါ။

(ဂ) Eutrophication 

      ဒါကတော့ ရေမျက်နှာပြင်က ရေညှိတွေနဲ့ ရေထဲက အပင်တွေက မတရားကြီးလာပြီးတော့ ကြပ်ညှပ်နေတာမျိုးကို ဆိုလိုပါတယ်။ ဘာကြောင့်ဖြစ်ရလဲဆိုတော့ ‌မြေဩဇာတွေ အလွန်အကျွံ သုံးပြီးတော့ ပိုတဲ့ ‌နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နဲ့ ဖော့စဖောရပ်စ် လိုမျိုးတွေက သွင်းရေကနေသော်လည်းကောင်း မိုးရေကနေသော်လည်းကောင်း ရေပြင်ထဲကို စီးဆင်းရောက်ရှိလာပြီး ကန်တွေ ချောင်းတွေ မြစ်တွေမှာ အပင်တွေ ကြပ်လာတာပါ။ 

      ဒီလိုဖြစ်လာတဲ့အခါ ရေထဲမှာရှိတဲ့ အောက်စီဂျင်တွေက နည်းပါးလာပါတယ်။ အောက်စီဂျင် နည်းလာတာကြောင့် ရေထဲက ငါးနဲ့ အခြားဇီဝသက်ရှိတွေ ပျက်စီးကြရပါတယ်။

(ဃ)မြေပျက်တယ်

      မြေဩဇာ ပိုးသတ်ဆေးတွေနဲ့ တစ်ချို့သော လုပ်ဆောင်မှုတွေကြောင့် မြေတွင်းက ‌အနုဇီဝသက်ရှိတွေ ပျက်စီးပြီးတော့ တစ်ချို့ ဓာတ်တွေဆို မြေတွင်းမှာ အကြာကြီး ရှိနေနိုင်ကြသေးတာပါ။ မြေချဉ်တာ ဆားပေါက်တာ စတဲ့ ‌မြေပြဿနာတွေလည်း ကြုံရပါ‌တယ်။

(င) လေထု ညစ်ညမ်းတယ်။

      ဖျန်းဆေးတွေ ကနေ လေထုထဲကို၊ စီးပွားဖြစ် လုပ်တဲ့အခါမှာ သုံးကြရတဲ့ စက်ပစ္စည်းတွေက ထွက်တဲ့ ဓာတ်ငွေ့တွေ၊ စိုက်တာဖြစ်ဖြစ် မွေးတာဖြစ်ဖြစ် ထွက်တဲ့ နိက်ထရိုဂျင် အောက်ဆိုဒ် နဲ့ အမိုးနီးယားလို့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ထွက်ပြီးတော့ လေထုညစ်ညမ်းမှုကို ဖြစ်စေမှာပါ။

(စ) ဇီဝမျိုးကွဲတွေ ပျက်စီးတယ်။

      ဂေဟစနစ် မှာ အကောင်မျိုးစုံပါပါတယ်။ စိုက်ပျိုးရေးဖြစ်ဖြစ် မွေးမြူရေးဖြစ်ဖြစ် လုပ်ငန်းမှာ သုံးလိုက်တဲ့ ဆေးတွေကြောင့် လုပ်ငန်းလိုအပ်ချက်ကို ဖြည့်ရင်း ကိုယ့်ပတ်ဝန်းကျင်က ဇီဝ သက်ရှိကောင်လေးတွေကိုလည်း သတ်မိသလိုဖြစ်တတ်ပါတယ်။ ပိုးသတ်ဆေး ဖျန်းလိုက်လို့ ပျားတွေပါ သေကြရပါတယ်။ အဲ့လိုနဲ့ များလာတဲ့အခါ ရှိသင့်တဲ့ သက်ရှိတွေ မျိုးတုန်းတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

(ဆ) ရေထု ညစ်ညမ်းတယ်။

     ဆေးတွေက ရေထဲကို ဝင်သွားပြီး ပေါင်းစပ်သွားပြီးတဲ့နောက်မှာ ရေထုကြီးက ညစ်ညမ်းလာကြရပါတယ်။ မြေပေါ်ရေ တစ်ခုတည်း ပျက်တာမဟုတ်ပါဘူး။ မြေအောက်ရေပါ ပျက်စီးပါတယ်။

(ဇ) တိရိစ္ဆန်တွေအပေါ်မှာ

     ဓာတ်ကြွင်းတွေကျန်နေတဲ့ သီးနှံတွေကို စားမိပြီးပျက်စီးကြရပါတယ်။

(ဈ) အပင်တွေအပေါ်

     အပေါ်က ပြောသလို ‌မြေပျက် ရေပျက် လေပျက် နေမှတော့ အပင်တွေကလည်း လိုတာမရ ရတာမလို ဖြစ်ကြရပါတယ်။

(ည) အထွက်တွေကျလာတယ်။

    စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းမှာ ညစ်ညမ်းပျက်စီးမှုတွေ ဖြစ်လာပြီဆိုရင် အထွက်က ကျပြီပေါ့။ 

     ညစ်ညမ်းပျက်စီးတယ်ဆိုတာ မကောင်းပါဘူး။ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးစနစ်ကို လုပ်ဆောင်နိုင်ပြီး တောင်သူဦးကြီးများ စီးပွား‌အောင် ကြပါစေ။

ထွန်းဝင်းကျော်

Reference

https://www.conserve-energy-future.com/causes-and-effects-of-agricultural-pollution.php

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်