ကြက်ဥအမိုင်နိုအက်ဆစ်ပြုလုပ်နည်း
အားလုံးဘဲမင်္ဂလာပါရှင့် ကြက်ဥအမိုင်နိုအက်ဆစ် ပြုလုပ်ပုံအဆင့်ဆင့်ကို တင်ပြပေးသွားပါမယ်။
လိုအပ်သောပစ္စည်းများမှာ
- ကြက်ဥ (၅လုံး)
- သံပုရာသီး (၁၀-၁၅ လုံး) (သံပုရာရည်ကိုညစ်ထုတ်ရန်)
- သကာရည် (သို့) ထန်းလျက်ရည် (၂၅၀ စီစီ) (ရေသန့်ဗူးတစ်လီတာရဲ့လေးပုံတစ်ပုံ)
ပြုလုပ်ပုံအဆင့်ဆင့်
- ကြက်ဥများကိုဖန်ခွက်ထဲထည့်ပါ။ သံပုရာသီးမှ သံပုရာရည်ကိုညစ်ယူ၍ ကြက်ဥများမြှပ်သည်အထိ လောင်းထည့်ပါ။
- ဖန်ခွက်ကို အဖုံးလုံအောင် ပိတ်၍ ၁၀ရက်ခန့် ထားပါ။
- ၁၀ရက်အကြာတွင် ကြက်ဥများ ကြေမွသွားမည်။
- ထိုဖန်ခွက်ထဲသို့ သကာရည် သို့ ထန်းလျက်ရည်များ လောင်းထည့်ပြီး တစ်သားတည်းဖြစ်အောင် ရောနှောပါ။
- လေလုံအောင်အဖုံးပိတ်၍ ထားပါ။ ထို့နောက် ၁၀ရက်အကြာတွင် အဖုံးဖွင့်ကြည့်ပါက သံပုရာအနံ့သင်းသော ကြက်ဥအမိုင်နိုအက်ဆစ် ရရှိပါသည်။
အိမ်တွင်အလွယ်အကူပြုလုပ်နိုင်သော နည်းလမ်းတစ်မျိုးဖြစ်ပါသည်။
ကြက်ဥအမိုင်နိုအက်ဆစ်သည် အပင်များကို အကျိုးပြုသောဒြုပ်ပေါင်းဖြစ်သည်။ အပင်အားဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ အပင်ကြီးထွားမှုကို အားပေးရုံသာမက ပိုးမွှားဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါသည်။ ကြက်ဥအမိုင်နိုအက်ဆစ်ကို ဖြန်းပေးခြင်းဖြင့် ၀တ်မှုံကူးအားကောင်းခြင်း၊အပွင့်ဖြိုင်ဖြိုင်ပွင့်ခြင်း စတဲ့အကျိုးကျေးဇူးများရရှိနိုင်ပါသည်။
ဆေးဖြန်းပုံး ၄လီတာပုံး တစ်ပုံးတွင် ကြက်ဥအမိုင်နို ၃၀-၅၀ စီစီ ထည့်၍ အသုံးပြုနိုင်ပါသည်။
ကိုးကား- https://krishijagran.com/agripedia/egg-amino-acid-excellent-for-pest-control-and-crop-growth/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကကျွန်တော့်အထင် ဖောက်ထည့်ရမယ် ထင်တယ်ဗျာ့ အလုံးလိုက်ကြီး ကြေမွသွားမယ်တော့ မထင်ဘူး နောက် မွှေတာက ပိုထိရောက်မယ် ထင်တယ်
ဇော်ဇော်
လွန်ခဲ့သော ၄ နှစ် ကရေသန့်တစ်ဗူးက1000စီစီပါတယ်
bogyi baba
လွန်ခဲ့သော ၄ နှစ် ကရက်နှစ်ဆယ် ကြာမှာပေါ့နော် မြန်လို့ရနိုင်သလား?ဆေးများရင် ဘာဖြစ်နိုင်လဲ?အခုပြောတဲ့အတိုင်းဆို 16လီတာ လေးပုံးစာပဲ ရနိုင်သလား
Ye Thu Aung
လွန်ခဲ့သော ၄ နှစ် ကသရက်၊ငှက်ပျော၊စပါး၊မြေပဲအတွက်သုံးလို့ရလားဗျ
Donovan
လွန်ခဲ့သော ၄ နှစ် က၂၅၀ စီစီက ၁ လီတာဝင် ရေသန့်ဘူးရဲ့ လေးပုံ တစ်ပုံပါ
ဆက်စပ်မေးခွန်းများ
စပါးမျိုးကဗျော့ထွန်းဖုံးနေပါပြီ အရွက်မှာအစင်းတွေ့နေလို့ ပီပိုလန်နဲ့ပိုးသတ်ဆေးဖျန်းချင်လို့ရမလားခင်ဗျဖြေပေးပါ
သက်ခိုင်လွင် • ဖြေကြားချက် 3 ခု
အပင်အားဆေးနဲ့ပိုးသက်ဆေးရောဖျန်းလို့ရလာဗျ
naymyoaung • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ အောက်ကပုံက အရင်နေ့ကမှိုကျလို့မေးထားတဲ့ပုံပါခင်ဗျာ ဆရာတို့ပြောသလို မှိုဆေးသုံးထားပြီးပါပြီ မြေဩဇာအနေနဲ့ ပိုတက်သုံးရမလား ဘာမြေဩဇာသုံးရပါမလဲခင်ဗျာ ဘယ်နှစ်ရက်လောက်ကြာရင်သုံးရမလဲနဲ့ တစ်ဧကကိုဘယ်လောက်နှုန်းနဲ့ သုံးရပါမလဲ ဖြေပေးပါအုံးခင်ဗျာ
U San • ဖြေကြားချက် 3 ခု
ဧရာပဒေသာ၆၃ရက်သားအပေါ်အရွက်၃ရွက်အောက်ကအရွက်ရင့်တွေပုံပါအတိုင်းဖြစ်နေလို့ရောဂါလားအဟာရတောင်းတာလားခဗျပိုးတော့ရှင်းပါတယ်ခဗျာ
kyaw zin • ဖြေကြားချက် 6 ခု
အပင်ကြီးထွားမူကောင်းအောင်ဘာဆေးတြွေဖန်းရမလဲဘာေြမဆီတွေကျွေးရမလဲဗျ
,ရဲေကျာ် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
More from Sandakue Aung
အားလုံး