မွေးမြူရေးငါးများ အီးယူသို့ တင်ပို့ခွင့်ရရှိသော်လည်း တစ်လကျော်ကြာမြင့်သည်အထိ တင်ပို့နိုင်ခြင်းမရှိသေး

21/06/2019 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့မွေးမြူရေးငါး၊ ပုစွန်များ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ မေလ တစ်ရက်နေ့မှစတင်ကာ တင်ပို့ခွင့်ရရှိထားသော်လည်း လက်ရှိအချိန်ထိ တင်ပို့နိုင်ခြင်းမရှိသေးကြောင်း ငါးလုပ်ငန်းဦးစီးဌာန ပြည်ပပို့ကုန် အရည်အသွေးစစ်ဆေးရေးဌာနစုမှ သိရသည်။ 

လက်ရှိတွင် EU သို့ မွေးမြူရေးငါးတင်ပို့ခွင့်ရရှိသည့် စက်ရုံ ၇ ရုံနှင့် မွေးမြူရေးငါးကန် ၂၇ ကန်အား စစ်ဆေးမှုများပြုလုပ်ကာ ယင်းစက်ရုံများနှင့် မွေးမြူရေးကန်များ၏ အချက်အလက်များကို သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနများသို့ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။ 

"ဒီကာလက ငါးမဖမ်းရရာသီဖြစ်တဲ့အတွက် ဒါတွေကို ဦးစားပေးပြီးတော့ မသွားသင့်ဘူးလား။ ကျွန်တော်တို့ တစ်လကျော်သွားပြီ။ မေလတစ်ရက်ကနေစပြီးတော့ အခုထိ တင်ပို့တာမရှိဘူး။ ရုံးချုပ်က ကျွန်တော့်ကိုမေးရင် ပြောစရာမရှိဘူး ဖြစ်နေတယ်။ မွေးငါးရဲ့ Data တင်ဆိုရင် ကျွန်တော်မှာ တင်စရာမရှိဘူး။" ဟု ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်ပပို့ကုန် အရည်အသွေးစစ်ဆေးရေးဌာနစု တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။

မြန်မာမွေးမြူရေးငါး၊ ပုစွန်များ EU သို့ တင်ပို့ခွင့်ရရှိရန်အတွက် ၂၀၁၄ ခုနှစ်ကစတင်၍ ကြိုးစားခဲ့ခြင်းဖြစ်ပြီး လက်ရှိငါးမဖမ်းရရာသီဖြစ်၍ မွေးမြူရေးငါးများကို အီးယူသို့ တင်ပို့သင့်ကြောင်း သိရသည်။ 

မြန်မာရေထွက်ကုန်များ အီးယူသို့ တင်ပို့နေမှုကို ၁၉၉၇ ခုနှစ်မှစတင်ကာ GSP တိုးမြှင့်လိုက်သည့်အတွက် မြန်မာ့ရေထွက်များကို အီးယူနိုင်ငံများသို့ တင်ပို့ခွင့်မရရှိဘဲ ၂၀၁၀ ခုနှစ် ကစတင်၍ သဘာဝနှင့် ပင်လယ်မှ ဖမ်းဆီးရရှိသော ငါးများကို ပြန်လည်တင်ပို့ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး မွေးမြူ ရေးငါးများအား ၂၀၁၉ ခုနှစ် မေလ ၁ ရက်မှစတင်၍ ထပ်မံတင်ပို့ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ 

"အချိန်အတိုင်းအတာဆိုရင် ကိုယ့်ကြိုက်တဲ့ ဈေးရမှ ရောင်းမှာပေါ့။ လက်ရှိကုန်ကလည်း သူတို့လိုချင်တဲ့ အရွယ်အစားနဲ့ အံဝင်ခွင်ကျဖြစ်ရဲ့လား။ ပြည်ပဈေးကွက်အတွက် 2 Kg ရဖို့ဆိုရင် အနည်းဆုံး ခြောက်လ၊ တစ်နှစ်လောက် မွေးရတယ်။ အဲ့ဒါကို Plan ချပြီးတော့လုပ်မှ တကယ့်ဈေးကွက်နဲ့ အံဝင်ခွင်ကျတဲ့ ထုတ်ကုန်တွေ ထွက်လာမှာပေါ့။ တစ်ဖက်က ထုတ်လုပ်ရေးပိုင်းမှာ စက်ရုံတွေ ကြည့်မယ်ဆိုရင် အီးယူကို တင်ပို့နိုင်တဲ့ စက်ရုံ ၂၀ လောက်ရှိတယ်။ စက်ရုံပိုင်းက ပြဿနာမရှိဘူး။ အဓိကတော့ ကုန်ကြမ်းထုတ်လုပ်မှု အပိုင်းစောင့်ရမယ်။ နိုင်ငံတကာ ကုန်သွယ်မှုအပိုင်းဝင်နိုင်ဖို့ စောင့်ရမယ်။" ဟု မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းအေးက ပြောသည်။ 

သဘာဝမှရရှိသည့် မွေးမြူရေးငါးများကို ၂၀၁၇ ခုနှစ်တည်းကပင် အီးယူနိုင်ငံပေါင်း ၂၈ နိုင်ငံအနက် ၁၀ နိုင်ငံကို ငါး၊ ပုစွန် တင်ပို့ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ငါး၊ ပုစွန် တင်ပို့မှုတွင် ငါးအများဆုံးတင်ပို့ခဲ့ရာ တန်ချိန်အားဖြင့် ၁၀၀၀၀ ကျော်နှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ 

ထို့အပြင် မေလ ၁ ရက်မှစ၍ အီးယူသို့ တင်ပို့ခွင့်ရရှိမည့် မွေးမြူရေးငါးများမှာ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးကြင်းဖြူ ၊ ရွှေဝါ၊ ငါးတန်၊ ငါးခုံးမကြီး၊ တီလားဘီးယား၊ ပုစွန်ဖြူ ၊ ပုစွန်ကြား၊ ဂဏာန်းပျော့တို့ဖြစ်ပြီး ယင်းမွေးမြူ ရေးငါးများကို  UK၊ အီတလီ၊ ပြင်သစ်၊ နယ်သာလန်၊ ဆိုက်ပရပ်စ်၊ ဆွီဒင်၊ ဂရိ၊ ဘယ်ဂျီယံ၊ ဂျာမနီ အစရှိသော နိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမြင့်(ABM)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်