ငရုတ်အပွင့်မတင်ရခြင်း အကြောင်းအရင်းများ
အသီးတွေမတင်လို့ဗျာ..အပွင့်တွေကြွေနေလို့ ဘာဆေးကျွေးရမလဲ...????
ဒီလိုပြဿနာတွေက ငရုတ်စိုက်တောင်သူတွေအတွက် အသိချင်ဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့ အပွင့်တွေကြွေပြီး အသီးတွေမတင်ရသလဲသိရင် ဒီလိုပြဿနာတွေကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ပန်းပွင့်ကြွေရတဲ့အကြောင်းအရင်းတွေကတော့
၁။ ဝတ်မှုန်ကူးမှု မအောင်မြင်ခြင်း
ပန်းပွင့်လေးတွေက ဝတ်မှုန်ကူးနိုင်မှသာ ပန်းပွင့်ကနေ ငရုတ်သီးတောင့်ဖြစ်နိုင်တာပါ။ ပလတ်စတစ် အမိုးအကာတွေအောက်မှာစိုက်ရင်သာ ဒီလိုကိစ္စရပ်တွေက ဖြစ်နိုင်ခြေများတာပါ။ လယ်ကွက်ထဲမှာစိုက်ရင်တော့ ဝတ်မှုန်ကူးပေးမယ့် ပျား၊ ပိတုန်း တွေရှိလို့ အဆင်ပြေပါတယ်။ ကိုယ့်လယ်ကွက်ရဲ့ဘေးမှာ ပျား၊ ပိတုန်းတွေလာမယ့် အလှပန်းပင်လေးတွေ စိုက်ထားပေးလို့ရပါတယ်ရှင့်။ ကိုယ့်သီးနှံအတွက်လည်း အထောက်အကူဖြစ်၊ စိုက်ခင်းထဲမှာ အလုပ်လုပ်ရင်း မျက်စိပသာဒလည်းဖြစ်စေတာပေါ့။ စိုက်မယ်ဆို နေကြာပန်း၊ ချစ်တီးပန်းတို့လို့ ပန်းလေးတွေစိုက်ထားလို့ရပါတယ်။
၂။ လေအဝင်အထွက်မကောင်းခြင်း
သဘာဝအရလေတိုက်ရင်လည်း ပန်းပွင့်တွေက ဝတ်မှုန်ကူးနိုင်ပါတယ်။ စိုက်ခင်းက အပင်အရမ်းကြပ်နေပြီး လေအဝင်အထွက်မရှိရင်လည်း ဝတ်မှုန်မကူးနိုင်ဖြစ်ပြီး အပွင့်တွေကြွေတတ်ပါတယ်။ ဒီတော့ နောက်တစ်ခေါက်စိုက်ရင် အရမ်းကြပ်ကြပ်မစိုက်မိအောင် ရှောင်လိုက်ရုံပါပဲ။ ဝတ်မှုန်ကူးပေးမယ့် အကောင်လေးတွေလည်း စိုက်ခင်းထဲ ဝင်လို့ရသွားတာပေါ့။
၃။ ရေအလွန်အကျွံလောင်းခြင်း
တစ်ပတ်မှာ ၂ ကြိမ်လောက်ရေလောင်းနိုင်ရင်ကို ငရုတ်က အဆင်ပြေပါတယ်။ ရေပေးသွင်းမှုအရမ်းများတဲ့အခါလည်း ကြွေတတ်ပါတယ်။ ပွင့်သမျှအပွင့်တိုင်းကတော့ အသီးအဖြစ်မရောက်ပါဘူး။ တစ်ခါတစ်လေမှာ အရမ်းမတွေးဘဲ သဘာဝအတိုင်း ကြွေတတ်တာကိုလည်း သိထားဖို့လိုပါသေးတယ်။
၄။ မခူးဘဲထားတဲ့ အသီးလက်ကျန်တွေရှိခြင်း
မခူးဘဲထားတဲ့အသီးတွေရှိရင်လည်း အပွင့်ကြွေတတ်ပါတယ်။ ကျန်ရှိနေတဲ့အသီးတောင့်တွေအတွက်အပင်က အားစိုက်ထုတ်နေရတဲ့အခါ ပန်းပွင့်တွေစီ အာဟာရ လုံလောက်စွာမရောက်နိုင်ဘဲ ကြွေရခြင်းပါ။ ဒါကြောင့် ရင့်မှည့်သမျှအသီးတောင့်တိုင်းကို ဆွတ်ဖို့အမေ့ပါနဲ့။
၅။ ပူလိုက် အေးလိုက်ဖြစ်ခြင်း
ငရုတ်သီးနှံက ငြိမ်နေတဲ့အပူချိန်ရှိတဲ့ ရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်။ ရာသီအပြောင်းအလဲတွေမှာ အပူချိန်အတက်အကျ များလွန်းခြင်းတွေကလည်း ငရုတ်ပွင့်တွေကြွေစေပါတယ်။
၆။ မြေသြဇာအကျွေးများခြင်း
တစ်ခါတစ်လေမှာ သီးနှံဖြစ်ထွန်းစေချင်လွန်းပြီး မြေသြဇာတွေ အလွန်အကျွံကျွေးမိတဲ့အခါမှာ ပန်းပွင့်တွေကြွေတတ်ပါတယ်။
ဒီအချက်တွေကို သိထားမယ်ဆိုရင်တော့ မိမိစိုက်ခင်းထဲမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကိုကြည့်ပြီး လိုအပ်သလို ပြုပြင်နိုင်မှာပါ။
သိမ့်ဇာ
Ref; http://www.thechilliking.com/
Dattaw Sayadaw
လွန်ခဲ့သော ၄ နှစ် ကအပင်သန်အောင် အသီးများများသီးအောင် ဘာတေးလုပ်သင့်?
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
စပါခွံနှင့်ကောက်ရိုးမှိုစိုက်နည်း
Aye Thandar • ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျ တာကျိုးလို့ မြစ်ရေမြှုပ်လယ်တွေကို မတ်ပဲ၊ ပဲတီစိမ်းတွေ စိုက်ပါက ဘာတွေ ဆောင်ရန်၊ရှောင်ရန် ကြံဆောင်ရမလဲ ရှင်းပြပေးပါ ဆရာတို့ရယ်
ဦးထက် • ဖြေကြားချက် 2 ခု
မတ်ပဲဈေးအခြေနေလေးသုံသပ်ပေးကြပါအုန်း ဆက်တက်နိုင်လား ကျသွားနိုင်လားဆိုတာကို
Thaw Zin Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
More from သိမ့်ဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....