တောဆီး(ဇီး)ပျားရည်များထုတ်ယူသည့် ရာသီသို့ ရောက်ရှိသဖြင့် ပျားအုံများရွေ့ပြောင်းမွေးမြူနေကြ

22/09/2021 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ဆေးဖက်ဝင် တောဆီး(ဇီး)ပျားရည်များကို မွေးမြူထုတ်ယူသည့် ရာသီသို့ ရောက်ရှိနေသဖြင့် ဆီး(ဇီး)ပျားရည်ထုတ်ယူသည့် ဒေသများသို့ ပျားမွေးမြူရေးလုပ်ကိုင်သူများမှ ပျားအုံများ ရွှေ့ပြောင်းမွေးမြူနေကြကြောင်း သိရသည်။

စက်တင်ဘာလကနေစပြီး တောဆီး(ဇီး)ပျားစာရရှိမယ့် နေရာတွေတိုင်းမှာ ပျားအုံတွေရောက်နေပါပြီ။ တစ်ချို့ပျားအုံတွေလည်း ပျားရည်စထုတ်နေပါပြီ။ ပျားမွေးမြူသူတွေအနေနဲ့ အခုလိုကာလမှာ ပျားအုံရွှေ့ပြောင်းတာ၊ ပျားရည်ထုတ်လုပ်တာ စတဲ့နည်းစနစ်တွေကို နီးစပ်ရာပျားလုပ်ငန်းဌာနတွေဆီကနေ သင်ယူထားပြီးဖြစ်ပါတယ်။ ပျားရည်ထုတ်စက်တွေနဲ့ သူတို့ဘာသာ ပျားရည်ထုတ်ယူမှာပါ။ ထုတ်ယူပြီးတဲ့ ပျားရည်တွေကိုတော့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ပျားရည်သန့်စင်စက်ရုံမှာ ပြန်သန့်စင်ပြီးမှ ပြည်တွင်းပြည်ပပို့ကုန်အဖြစ်နဲ့ ရောင်းချကြမှာဖြစ်ပါတယ်။ ပျားရည်ထွက်တာကတော့ ရာသီဥတုအပေါ်မှာလည်း အများကြီးမူတည်ပါတယ်။

ဟု ပျားသုံးဖော်ပျားရည်ထုတ်လုပ်ရေးမှ စီမံအုပ်ချုပ်သူ ဦးမြင့်နိုင်က  ပြောသည်။

    ဆီး(ဇီး)ပျားရည် အများဆုံးထုတ်ယူနိုင်သည့် ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တို့အပြင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်နှင့် ရမည်းသင်းမြို့နယ်နှင့် နေပြည်တော်ကောင်စီ တပ်ကုန်းမြို့နယ်တို့တွင် ဆီး(ဇီး)ပျားရည်ထုတ်ယူနိုင်ရန် ရွှေ့ပြောင်းပျားအုံများ ရောက်ရှိနေကြပြီဖြစ်သည်။

ဆီးပျားရည်က တခြားပျားရည်တွေနဲ့မတူဘဲ အရသာမှာ အနည်းငယ်အချဉ်ဓာတ်ပါတယ်။ အရသာထူးခြားတယ်ပေါ့။ ခဲသွားတာမျိုးလည်း မရှိဘူး။ သကြားပါဝင်မှုလည်း တခြားပျားရည်တွေထက် နည်းတယ်။ ဆေးဖက်ဝင်တာကြောင့် လူအများကြိုက်နှစ်သက်မှု ရှိ၊ ဈေးကွက်ဝင်တဲ့ ပျားရည်တစ်မျိုးဖြစ်ပါတယ်။

ဟု ဦးမြင့်နိုင်က ဆက်လက်ပြောသည်။

    မြန်မာနိုင်ငံတွင် ဆီး(ဇီး)ပျားရည်ကို ဆီး(ဇီး)ပင်မှ ဆီး(ဇီး)ပန်းပွင့်ချိန်များဖြစ်သည့် စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် ထုတ်လုပ်လေ့ရှိကြသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်