ဆောင်းရာသီတွင်အဖြစ်များသော ငါးရောဂါအကြောင်းသိကောင်းစရာ

01/11/2021 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    ငါးမွေးမြူသူများအနေဖြင့် ဆောင်းရာသီတွင်ဖြစ်ပွားတတ်သော ငါးရောဂါအကြောင်းကို သိရှိစေရန်အလို့ငှာ ဖော်ပြပေးလိုက်ပါသည်။

ရောဂါဖြစ်ပွားရသည့် အ​ကြောင်းရင်း

Ichthyophthiriasis  multifiliis ရောဂါပိုးကြောင့် ဖြစ်ပွားပါသည်။

ရောဂါလက္ခဏာများ

- ကပ်ပါးများ တွယ်ကပ်မှုများလျှင် အရေပြား(သို့) ပါးဟက်များတွင် လည်းကောင်း၊ ဆူးတောင်များတွင်လည်းကောင်း အဖြူစက်မြောက်များစွာ တွေ့ရှိရမည်ဖြစ်သည်။

- ရောဂါကျရောက်သောငါးများသည် အစာစားနှုန်းလျော့ကျသွားပြီး မျက်စိမှာ အလင်းပိတ်သွား၍ သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။ 

- ရောဂါပြင်းထန်သော ငါးများသည် အချွဲများထုတ်ပြီး ကန်နံရံအား ခန္ဓာကိုယ်ဖြင့် ပွတ်တိုက်ကြမည်ဖြစ်သည်။

- ယင်းသို့ပွတ်တိုက်ခြင်းကြောင့် အနာများဖြစ်ပေါ်လာပြီး နောက်ဆက်တွဲရောဂါများအနေဖြင့်ဘက်တီးရီးယားရောဂါ၊ မှိုရောဂါများ ဖြစ်ပေါ်လာနိုင်ပါသည်။

ဖြစ်ပွားနိုင်သော ငါးအမျိုးအစား

    ငါးခူ၊ ငါးကြင်းငါးသိုင်းအုပ်စု၊ မြက်စားငါးကြင်း၊ တီလားပီးယား၊ ကကတစ်၊ ကျောက်ငါးနှင့် ငါးပါးနီငါးများတွင် ဖြစ်ပွားနိုင်ပါသည်။ 

ဖြစ်ပွားတတ်သည့် အချိန်ကာလ

ဆောင်းရာသီအဝင်နှင့် နွေအကူးကာလများတွင် ဖြစ်ပွားတတ်ကြပြီး ကန်အရည်အသွေးညံ့ဖျင်းပါကလည်း ရာသီမရွေးဖြစ်ပွားနိုင်ပါသည်။

ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

- ငါးကောင်ရေ ထူထပ်များပြားခြင်းအား သတိပြုရန်။

- ဆောင်းရာသီအဝင်နှင့် နွေအကူးကာလများတွင် ဖြစ်ပွားတတ်သဖြင့် ငါးမွေးကန်အတွင်း ရေအခြေအနေများကို (pH, D.O,Temperature) စနစ်တကျ တိုင်းတာဂရုပြုရန်၊ စစ်ဆေးရန်။

- မဖောက်ထုံး (CaO) ကို တစ်ဧကလျှင် ပိဿာ ၁၀၀ နှုန်းခန့် ထည့်သွင်းရန်။

- ရေ (၁၀၀၀) လီတာ နှင့် ၅ ကီလိုဂရမ် ဆားရေကို  ၃ ရက် သုံးခြင်းဖြင့် နောက်ဆက်တွဲရောဂါများကို တားဆီးရန်ဖြစ်ပါသည်။ 

ပင်လယ်ပြာ (ငါးဦးစီး)

မှီငြမ်း- ငါးလုပ်ငန်းဦးစီးဌာန။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်