ငါးရိက္ခာဖူလုံစေဖို့ သဘာဝရေပြင်မှာငါးမွေးစို့

30/10/2019 13:30 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

   သဘာဝရေပြင်များမှ ငါးထုတ်လုပ်ရာတွင် ရေရှည်စဉ်ဆက်မပြတ် ငါးထုတ်လုပ်နိုင်ရေးအတွက် ဖမ်းဆီးခြင်းကိုအခြေခံသောမွေးမူထုတ်လုပ်မှု (Capture based culture system)နှင့် မွေးမြခြင်းကိုအခြေခံသော ဖမ်းဆီးထုတ်လုပ်မှု (Culture-based capture system) ဟူသော ရေရှည်တံ့သည့်နည်းလမ်းနှစ်ခုဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။

   မွေးမြူရေးကိုအခြေခံသော ဖမ်းဆီးထုတ်လုပ်မှုစံနစ်မှာ တစ်နှစ်ပတ်လုံးနီးပါး ရေနေသော ငါးမွေးမြူရန်အတွက် သင့်လျှော်သော ရေပြင်အကျယ်အဝန်းရှိသော အင်းများ၊ အိုင်များအတွင်းသို့ ငါးမြစ်ချင်း၊ ငါးကြင်း၊ မြက်စားငါးကြင်း၊ ငါးခုံးမကြီးစသည့် အသီးအရွက်စား (Herbivorous) ငါးမျိုးစိုက်ထည့်မွေးမြခြင်းဖြစ်သည်။ တစ်ရာသီမွေးမြူလျှင် တစ်ကောင်လျှင် ၅၀ ကျပ်သားခန့်ရရှိကြသည်။

   ညောင်လေးပင်ဒေသသည် တိုင်းရင်းငါးထွက်သည့်နေရာဖြစ်သော်လည်း ထွက်ရှိသည့်ငါးများကို မြန်မာနိုင်ငံအလယ်ပိုင်း အထက်ပိုင်းသို့တင်ပို့နေရ၍ ဒေသတွင်း ငါးစားသုံးမှုဖူလုံစေရန် ရန်ကုန်မြို့မှ ငါးမြစ်ချင်း၊ ငါးကြင်း ငါးတန်၊ ငါးမုတ်စသည့်မွေးမြူရေးငါးများကို ရေခဲရိုက်‌၍ ပြန်လည်တင်သွင်းစားသုံးနေရသဖြင့် လတ်ဆတ်မှု အားနည်းခြင်း၊ မွေးမြူရေးမှ ဓာတ်ကြွင်းအာနိသင်ရှိခြင်းများ ကြုံတွေ့ရပါသည်။ မွေးမြူရေးငါးများကို သဘာဝရေပြင်များအတွင်း ထည့်သွင်းမွေးမြူခြင်းဖြင့် ငါးကန်တူးဖော်မှုကုန်ကျစရိတ် မရှိခြင်း၊ အစာကုန်ကျစရိတ်မရှိခြင်း၊ သဘာဝရေပြင်အတွင်း ဓာတ်ကြွင်းအာနိသင်မရှိဘဲ ကျေးလက်ဒေသတွင် လတ်ဆတ်သောငါးကို ဖူလုံစွာစားသောက်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ငါးအကုန်ပြန်လည်ဖမ်းဆီးနိုင်ခြင်းမရှိ၍ သဘာဝရေပြင်အတွင်း မွေးမြူရေးငါးမျိုးစိတ်များ ပျံ့နှံ့သွားမည်ဖြစ်ပါသည်။

   လက်ရှိအချိန်သည် ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ရာသီဥတုပြောင်းလဲခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လာခြင်း၊ လူတို့၏မဆင်မခြင် အလွန်အကျွံဖမ်းဆီးခြင်းများကြောင့် ငါးသယံဇာတမှာ သိသိသာသာလျော့ပါးလာပြီဖြစ်သည်။ တစ်ဖက်တွင်လည်း တိုးပွားလာသော နိုင်ငံသားများအတွက် ငါးရိက္ခာပြည့်မီစေရန်မှာ သဘာဝငါးကိုပဲ စောင့်ဆိုင်းဖမ်းဆီးမနေတော့ဘဲ သဘာဝရေပြင်များတွင် ငါးမျိုးများ ထည့်သွင်းမွေးမြူခြင်းဖြင့် ရေသယံဇာတကို အပြည့်အဝအသုံးချပြီး ငါးရိက္ခာတိုးထုတ်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

Source - AQUADAPT-Myanmar


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်