ငါးမွေးမြူရေးတွင် "ဆား"အသုံးပြုပေးခြင်းဖြင့် ရရှိမည့် အကျိုး (၃) ခု

21/12/2023 13:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

သိပ္ပံနည်းကျ ခေတ်မီငါးမွေးမြူရေးစနစ်များ၌ ကုန်ထုတ်လုပ်မှု မြင့်မားစေရန်နှင့် ကြီးထွားနှုန်းကောင်းစေရန် ငါးကောင်ရေများစွာ ထည့်သွင်းခြင်း၊ ပရိုတိန်းမြင့်အစာများကို ကျွေးခြင်းတို့အပြင် ငါးများ၏ အညစ်အကြေးနှင့် အစာကျန်များ၏ ပုပ်ဆွေးမှုများမှ ကန်ရေ၏အရည်အသွေးကို ကျဆင်းစေနိုင်မှုတို့ကြောင့် ငါးများ၏ ကျန်းမာရေးကို ထိခိုက်လာစေပါသည်။ ယင်းအခြေအနေများကို ကာကွယ်နိုင်စေရန် ငါးမွေးမြူရေး၌ ဆား(NaCl)ကို လိုအပ်သလို အချိုးအစားအမျိုးမျိုးဖြင့် ထည့်သွင်းသုံးစွဲလာကြပါသည်။

ဆားကို သတ်မှတ်ချက်အတိုင်း သုံးစွဲခြင်းဖြင့် ငါးများ၏ ကိုယ်ပေါ်၌ တွယ်ကပ်လေ့ရှိသော ကပ်ပါးပိုးများဖြစ်သော Costia,Epistylis,Trichodina, Chilodina,Dactylogyrus နှင့် Gyrodactylus များကို ဖယ်ရှားကုသနိုင်ပြီး ငါးများကို သယ်ယူပို့ဆောင်ခြင်း၊ ကိုင်တွယ်ဖမ်းဆီးခြင်းနှင့် ကန်ရေအရည်အသွေး ပြောင်းလဲမှုတို့ကြောင့် ဖြစ်ပေါ်တတ်သော ဖိစီးမှုဒဏ်(Stress)ကိုလည်း လျော့နည်းသက်သာစေပါသည်။

ဆားအမျိုးမျိုးရှိသည့်အနက် ဆိမ်သုံးဟင်းချက်ဆားနှင့် Deionized ရေများမှအပ ကျန်ရေများအားလုံး၌ သတ္တုဓာတ်ဆားများ အနည်းငယ်စီ ပါရှိကြသည်။ ရေထဲရှိ သတ္တုဆားများသည် ငါးများခန္ဓာကိုယ်၏ ဇီဝကမ္မလုပ်ငန်းစဥ်များအတွက် အလွန်အရေးပါသဖြင့် ငါးများကို 100 % ပေါင်းခံရည် ရေသန့် သို့မဟုတ် Deionized ရေများ၌ လုံးဝ မထားရှိသင့်ပေ။

ပင်လယ်ရေငန်၌ သတ္တုဓာတ်ဆားများစွာ ပါဝင်သည့်အနက် NaCl ဆား၏ ပါဝင်နှုန်းအမြင့်ဆုံးဖြစ်သည်။ ပင်လယ်ရေငန်၌ NaCI ဆားသည် 3% (30 ppt)ပါရှိသဖြင့် ဆားချက်ရာမှရရှိသော ဆားကြမ်း၊ ဆားချောများကို ပြင်းအားအမျိုးမျိုးဖြင့် ငါးမွေးမြူရေး၌ အသုံးပြုကြသည်။

ဆားပါဝင်နှုန်း ပြင်းအားအမျိုးမျိုးဖြင့် သုံးစွဲခြင်း

ဆား၏ ငါးများပေါ်၌ အကျိုးသက်ရောက်မှုသည် ရေ၏ဆားပါဝင်နှုန်းပြင်းအား(Concentration)နှင့် ထိတွေ့အချိန်ကာလပေါ်မူတည်သည်။

  • ရေချိုငါးများ၌ တွယ်ကပ်တတ်သော ကပ်ပါးပိုးများကို ပင်လယ်ရေ 3% ဆား(သို့မဟုတ်) (30 ppt)၌ စက္ကန့် ၃၀ မှ ၁၀ မိနစ်ခန့် စိမ်ပေးခြင်းဖြင့် ဖယ်ရှားကုသနိုင်သည်။ ဆားပြင်းအား 0.5%-1.0% သို့မဟုတ် 5ppt-10ppt ဆားဖျော်ရည်၌ နာရီများစွာ ထားရှိခြင်းဖြင့် ကုသနိုင်သည်။
  • ဆားပြင်းအား 1.0%-0.3% (1 ppt- 3 ppt) ဖျော်ရည်သည် ငါးများ၏ ကိုယ်ပေါ်၌ အချွဲ(Mucus)ဖြစ်ပေါ်မှုကို အထောက်အကူပြုစေခြင်းဖြင့် ခုခံမှုစနစ် ကောင်းမွန်စေကာ Osmoregulation ကို ထိန်းပေးကာ ငါးများကို ကိုင်တွယ်ဖမ်းဆီးမှုနှင့် သယ်ယူပို့ဆောင်ရာ၌ဖြစ်ပေါ်သော(Stress)ဖိစီးမှု ဒဏ်ကို လျော့နည်းစေပါသည်။
  • အလွန်အားပျော့သော ဆားဖျော်ရည်သည် ရေချိုငါးများ၏ Methemoglobinemia(သွေးထဲ၌ အဆိပ်အတောက်ဖြစ်မှု)ကို ထိန်းသိမ်းလျော့နည်းစေပါသည်။

(၁) ကပ်ပါးရောဂါများကာကွယ်ရန်အတွက် သုံးစွဲရာတွင်

သင့်တော်သော ပမာဏကို သုံးစွဲခြင်းသည် ငါးများ၏ ပါးဟက်မျှင်များနှင့် အရေပြားပေါ်မှ ပရိုတိုဇွန်များကို ဖယ်ရှားထိန်းသိမ်းနိုင်ပြီး Mucus အချွဲများ ထုတ်လုပ်မှုကို တိုးမြင့်စေသည်။ 3% ဆားဖျော်ရည်သုံးပါက ငါးများအား စက္ကန့် ၃၀ မှ ၁၀ မိနစ်ခန့် စိမ်ပေးနိုင်သည်။ငါးအမျိုးအစားအလိုက် ခံနိုင်ရည်ရှိသလောက်သာ ထားရသည်။ ငါးများ ဆားရည်ထဲ၌ လူးလိမ့်လာပြီး မခံနိုင်တော့သော လက္ခဏာပြပါက ချက်ချင်းဆယ်ယူကာ ရိုးရိုးရေထဲ၌ ပြောင်းရွှေ့ ပေးရသည်။ ရေငန်ငါးများကို ရေချိုထဲ၌ စိမ်ပေးခြင်းဖြင့် ပရိုတိုဇွများကို ဖယ်ရှားနိုင်သည်။

စိမ်ပေးသောစနစ် မသုံးနိုင်ပါက 1%ဆားရည်(10 ppt)၌ ငါးများကို မိနစ် ၃၀ မှ နာရီများစွာ ထားရှိနိုင်သည်။ ဤစနစ်မှာလည်း အထက်ပါကဲ့သို့ ပရိုတိုဇွန်များကို ဖယ်ရှားနိုင်ပြီး Mucus အချွဲထုတ်လုပ်မှုမြင့်မားလာစေသည်။

နောက်ဆုံးအနေဖြင့် ပြင်းအားနည်းသော 0.01%-0.2%(0.1 ppt-2 ppt) ဆားဖျော်ရည်ကို (Recirculation)ရေစစ်ကာ ပြန်လည်အသုံးပြုသောစနစ်၌ ပရိုတိုဇွန်ရောဂါ၌ အသုံးပြုသည်။ မြေကန်များ၌ တစ်ဧကလျှင် ပိဿာ ၁၀၀ မှ ၂၅၀ ပိဿာခန့်အထိ ထည့်သွင်းနိုင်သည်။

(၂) ငါးများသယ်ယူပို့ဆောင်ရေးနှင့် ကိုင်တွယ်ရာ၌ အသုံးပြုရာတွင်

ငါးများအား ကိုင်တွယ်ဖမ်းဆီးသယ်ယူပို့ဆောင်သောအခါ Stress ဖြစ်ပေါ်တတ်သဖြင့် ငါးများမှာ Osmoregulation (ခေါ်) ဆားဓာတ်ဟန်ချက်ညီ စေရန် စွမ်းအင်ကိုပိုမိုထုတ်သုံးရသည်။ ငါးများ၏ခန္ဓာကိုယ်ထဲသို့ ပါးဟက်မျှင်များမှတဆင့် သွေးလမ်းကြောင်းထဲ့သို့ ရေများ ဝင်ရောက်လာသည်။ ဤအခြေအနေကို ထိန်းချုပ်ရန် ငါးပါးဟက်မျှင်များမှတဆင့် ရေများကို ပြန်လည်ထုတ်ပစ်ရသည်။ သယ်ယူပို့ဆောင်သောရေထဲ၌ ဆားထည့်ပေးခြင်းဖြင့် ဤအခြေအနေဖြစ်ပေါ်မှုကို တားဆီးနိုင်ပြီး စွမ်းအင်သုံးစွဲမှုကိုလည်း လျော့နည်းစေသည်။

ငါးများအား အရှင်သယ်ယူပို့ဆောင်သောရေထဲ၌ အငန်နှုန်း 0.1 % -0.3 % (3.8-11.4 gm/ gallon)နှုန်းဖြင့် ဆားထည့်ပေးခြင်းဖြင့် Osmoregulation Stress (ဖိစီးမှုဒဏ်)ကို လျော့နည်းစေပါသည်။ 

ငါးများကို တစ်နေရာမှ တစ်နေရာ သို့မဟုတ် ကန်ထဲမှအုတ်ကန်နှင့် လှောင်ကန်များထဲသို့ ပြောင်းရွှေ့ထားရှိသောအခါ၌ ရေသစ်ထဲ၌ ဆားထည့်ပေးရန် လိုအပ်ပါသည်။

ပထမဦးစွာ ရေအနည်းငယ်၌ 3% ဆားရည်ဖျော် ထားပြီး ငါးများကို ထည့်သွင်းပါ။

ထို့နောက် မိမိထားလိုသည့် ရေထုပမာဏထိ ရေသစ်သွင်းပေးပါ။

ဤနည်းတွင် ပထမဦးစွာ 3% ဆားရည်၌ မိနစ်အနည်းငယ် ထားခြင်းဖြင့် ကပ်ပါးပိုးများကို သေစေပြီး ဆက်လက်၍ ရေသွင်းပေးသော အခါ ဆားဓာတ်နည်းသော မိနစ်အနည်းငယ်ထားခြင်းဖြင့် ကပ်ပါးပိုးများကို သေစေပြီး ဆက်လက်၍ ရေသွင်းပေးသောအခါ ဆားဓာတ်နည်းသောရေတွင် နာရီများစွာထားခြင်းဖြင့် Osmoregulation ကို တည်ငြိမ်စေကာ အရေပြားမှ Mucus အချွဲများ ထုတ်လုပ်မှု တိုးမြှင့်စေ၍ ကိုင်တွယ်မှု၌ ထိခိုက်ဒဏ်ရာရရှိမှုကို ကာကွယ်ပေးနိုင်ပါသည်။

(၃) သွေးထဲရှိ  နိုက်တြိုက်အဆိပ်အတောက်ဖြစ်ခြင်းအား ကာကွယ်ပေးခြင်း

ရေထဲ၌ နိုက်တြိုက်(Nitrite-NO2)ပမာဏ များလာသောအခါ ရေချိုငါးများသည် Brown Blood Diseases(သွေးအညိုရောင်ခြင်း)ခေါ် သွေးထဲ၌ အဆိပ်အတောက် ဖြစ်လာသည်။ ယင်းနိုက်တြိုက်အဆိပ်အတောက်ဖြစ်ခြင်းသည် ရေထဲရှိ CL– ကလိုရိုဒ်ပမာဏကို ဦးစွာစမ်းသပ်ပြီး လိုအပ်သည့်ဆားဓာတ်ကို ထည့်ပေးရပါသည်။

ရေထဲ၌ ဆားဓာတ် Cl– လိုအပ်ချက်မှာ (20 mg/1)ဖြစ်ပြီး ထိုပမာဏသည် Nitrite အဆိပ်အတောက်ဖြစ်မှုကို ကာကွယ်နိုင်သည်။ Cl– ကလိုရိုဒ်ပမာဏ 20 ppm အောက်ရောက်ရှိနေသော ငါးကန်များ၌ ဆားထည့်သွင်းပေးသင့်ပါသည်။ ကန်ရေ၏ Cl– ကလိုရိုဒ်ပမာဏကို စစ်ဆေးပြီး လိုအပ်သော ဆားဓာတ်ကို ထည့်သွင်းရန်ဖြစ်သည်။ ကန်ရေပြင်တစ်ဧက ရေအနက်တစ်ပေတွင် ဆား  ၄.၅ ပေါင်သည် Cl– လလိုရိုဒ် 1ppm ကို ရရှိစေသည်။

ဥပမာ-

1% ဆားဖျော်ရည်       = 10 ppt

1 ppm                         =1mg/1=1 gm/ton

1% ဆားဖျော်ရည်      =ရေ ၁၀၀ လီတာ၌ ဆား 1kg ထည့်၍ဖျော်ရန်

ဆားဖျော်ရည်   =ရေ ၁၀၀ လီတာ၌ ဆား 100 gm ထည့်၍ဖျော်ရန်

ကန်ရေထဲ၌ Cl– ကလိုရိုဒ်ပမာဏ (10 ppm) 10 mg/1 ရှိပါက နောက်ထပ်လိုအပ်သော (10 ppm) 10 mg/1 အတွက် ကန်ရေပြင်တစ်ဧကရေအနက် တစ်ပေလျှင် ဆား ၄၅ ပေါင်နှုန်း ထည့်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။

ဆားကို ငါးများ၏ သေဆုံးမှု လျော့နည်းစေရန်နှင့် နိုက်တြိုက်အဆိပ်အတောက်ဖြစ်ခြင်းမှ ကာကွယ်ရန် ငါးကန်များ၌ ထည့်သွင်း အသုံးပြုရသည်။ ရေထဲရှိ နိုက်တြိုက် 1ppm အတွက် ဆားဓာတ် Cl– ပမာဏ 6ppm ဖြင့်ထိန်းနိုင်သည်။

ဆား(NaCl)သည် ရေချိုငါးမွေးမြူရေး၌ ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပြီး ငါးများ၏ ဘက်တီးရီးယားရောဂါ၊ ကပ်ပါးရောဂါ၊ ပရိုတိုဇွရောဂါကို ကာကွယ်ရန်နှင့် ပတ်ဝန်းကျင်ကြောင့်ရသော ဖိစီးမှုဒဏ်၊ ဖမ်းဆီးကိုင်တွယ်ပြောင်းရွှေ့မှုစသော အခြေအနေများမလုပ်မီ ထည့်သွင်းပေးသင့်သော အရာပင်ဖြစ်ပေသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်