ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ စားပေးသင့်သည့် ကြယ်လေးပွင့်အစားအစာများ (၁)
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များသည် အစာအုပ်စုစုံလင်စွာစားသုံးရန် အရေးကြီးသည်သာမက စားသုံးသည့် အစားအစာအရည်အသွေးနှင့် အမျိုးအမည်သည်လည်း အရေးကြီးပေသည်။ အရေးကြီး သည်မှာ အစာမျိုးစုံစားရန် ဖြစ်သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့တိုက်မိခင်များနှင့် အသက် (၆) လနှင့်အထက်ကလေးများ အနေဖြင့် စားသည့်အစာနပ်တိုင်းတွင် အာဟာရပြည့်ဝပြီး ညီညွတ်မျှတသော အစားအစာတစ်ခုဖြစ်စေရန် အောက်တွင်ဖော်ပြထားသည့် ကြယ်လေးပွင့်အစာများ စားသုံးပေးရန် အရေးကြီးပါသည်။
ကြယ်တစ်ပွင့် *
တိရစ္ဆာန်ကိုအခြေခံသော ပရိုတန်း(အသားဓာတ်) အစားအစာများ (ကိုယ်ခန္ဓာကြီးထွားစေသည့် အစားအစာများ) ၊ အသားငါးများဖြစ်သည့် အမဲသား၊ ဝက်သား၊ ဆိတ်သား၊ ဘဲသား၊ ကြက်သား၊ ငါး၊ ကလီစာများ၊ ဥများ၊ နို့နှင့်ဒိန်ချဉ်ကဲ့သို့သော နို့ထွက်ပစ္စည်းများ စသည်တို့သည် ပရိုတင်းဓာတ်ကြွယ်ဝ သည့် ရင်းမြစ်များဖြစ်ပြီး ကိုယ်ဝန်ဆောင်ကာလအတွင်း မြင့်မားစွာလိုအပ်သည့် သံဓာတ်နှင့် ဗီတာမင် ဓာတ်များ ကြွယ်ဝသည်။
ကြက်ဥများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အတွက် လိုအပ်သော အာဟာရဓာတ်အားလုံး နီးပါးဖြစ်သည့် အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နှင့် ခိုလင်းဟုခေါ်သော သတ္တုဓာတ်အပါအဝင် အခြားသတ္တုဓာတ်များ ပါဝင်သည်။
ကိုယ်ဝန်ဆောင်ကာလတွင် ခိုလင်းဓာတ် နည်းပါးစွာရရှိမှုသည် သန္ဓေသား၏ဦးခေါင်းခွံနှင့် ဦးနှောက်ပုံ သဏ္ဍာန်မမှန်သော ဖွံ့ဖြိုးမှုကို ဖြစ်စေပြီး ဦးနှောက်လုပ်ဆောင်မှုကို ကျဆင်းစေသည်။ ကြက်ဥတစ်လုံး တည်းမှာပင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ထောက်ခံချက်ရရှိထားသော နေ့စဉ်လိုအပ်သည့် ခိုလင်းပမာဏ၏ ၂၅ ရာခိုင်နှုန်းခန့် ပါဝင်နေသည်။
နို့ထွက်ပစ္စည်းများတွင် အရည်အသွေးမြင့်ပရိုတင်းဓာတ်များအပြင် ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်၊ ဗီတာမင်ဘီ၊ မဂ္ဂနီစီယမ်နှင့် ဇင့် စသည်တို့ ပါဝင်သည်။ လက်တို့စ်ဓာတ်နှင့်မတည့်သောအမျိုးသမီးများ သို့မဟုတ် နို့ထွက်ပစ္စည်းများကို အစာကြေညက်ရန် အခက်အခဲရှိသည့် အမျိုးသမီးများအနေဖြင့်မူ ကယ်လ်စီယမ်ဓာတ် ပိုမိုကြွယ်ဝစွာပါဝင်သည့် ဒိန်ချဉ်ကို သောက်သုံးနိုင်သည်။
(ဗီတာမင်စီကြွယ်ဝသော အစားအစာများဖြစ်သည့် ချဉ်သောအစားအစာများ၊ ခရမ်းချဉ်သီးနှင့် သင်္ဘောသီးများကို အသားများနှင့် သံဓာတ်ကြွယ်ဝသော အစားအစာများနှင့် တွဲဖက်စားသုံးခြင်းသည် သံဓာတ်စုပ်ယူမှုကို အထောက်အကူဖြစ်စေသည်။ ထို့အတူ အစာမစားမီ စားနေချိန်နှင့် စားပြီးချိန်တွင် သံဓာတ်စုပ်ယူမှုကိုတားဆီးသည့် လက်ဖက်ရည်သောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်သည်)

ကြယ်နှစ်ပွင့်** (ဒုတိယကြယ်ပွင့်)
အဓိကအစားအစာများ (အင်အားဖြစ်စေသော အစားအစာများ) ဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်း စသည်တို့ ကဲ့သို့ အစေ့အဆန်များနှင့် အာလူးကဲ့သို့သော ဥမြစ်များ။
မြန်မာနိုင်ငံတွင် ဆန်ဖြူ (ဖွတ်ဆန်) သည် အဓိကအစားအစာဖြစ်သည်။ ၎င်း၏အခွံ၊ ဖွဲနုနှင့် မျိုးဗီဇအများအပြားကို ဖယ်ထုတ်ထားသော်လည်း ယနေ့ခေတ် မြန်မာနိုင်ငံတွင် ရရှိနိုင်သော စီးပွားဖြစ် အမှတ်တံဆိပ်အချို့သည် ထိုလုပ်ငန်းစဉ်ကြောင့် ဆုံးရှုံးသွားသော အာဟာရဓာတ်များကို ပြန်လည် ဖြည့် တင်းထားကြသည်။
ထို့အပြင် ဖွတ်ဆန်သည် ဆန်လုံးညိုနှင့် အားဖြည့်ဆန်များထက် အာဟာရ လျော့နည်းစွာ ပါဝင်သည်။ ဆန်လုံးညိုတွင်ပါဝင်သည့် အရေးပါသောအာဟာရများသည် အခွံ၊ ဖွဲနုနှင့် မျိုးစေ့တို့တွင် ပါဝင်သော်လည်း ၎င်းတို့ကို ဖွတ်လိုက်သောအခါ အာဟာရများ မပါတော့ပေ။
အဓိကအာဟာရဓာတ်များ အားဖြည့်ထားသော အားဖြည့်ဆန်သည် သာမန်ဆန်များထက် ပိုကျန်းမာစေ သော်လည်း အရသာကတော့ အတူတူပင်ဖြစ်သည်။ ဆန်ဖြူသည် အဆီနှင့် ဆိုဒီယမ်ဓာတ်များ နည်းပါးပြီး ကိုလက်စရောနှင့် ပြောင်းလဲဆီများ မပါဝင်ပါ။ ဆန်ဖြူတွင် ဖော့စ်ဖရပ်၊ မဂ္ဂနိစ်၊ ဆယ်လီနီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ်များလည်း ပါဝင်သည်။ အစာကြေလွယ်ပြီး ကိုယ်ဝန်လနုစဉ် မူးဝေ အော့အန်ခြင်းကို သက်သာစေသည်။
ဆန်တွင် အာဟာရတန်ဖိုးအချို့ ပါဝင်သော်လည်း ကလေးများတွင် အခြားအစာအမျိုးအမည်များ စားရ မည့်အစား ဆန်ကို ပိုမိုစားသုံးပါက အာဟာရချို့တဲ့နိုင်သည်။ တစ်ခါတစ်ရံ မိမိအစားအစာတွင် ဆန်ဖြူ အစား ဆန်လုံးညိုနှင့်အတူ ပြောင်း၊ ဂျုံ၊ အာလူးနှင့် အခြားအင်အားဖြစ်စေသောအရာတို့ကို အခြား အစာ အုပ်စုများနှင့် အတူတကွ ပြောင်းလဲစားသုံးသင့်သည်။
(ဆန်ရှိ ဗီတာမင် ဘီ-ဝမ်း ဆုံးရှုံးခြင်းကိုကာကွယ်ရန် ဆန်ကို တစ်ကြိမ်ထက် ပိုမဆေးကြောပါနှင့်။ ထမင်းရည်ကိုလည်း အပြင်သို့ငှဲ့ပြီး မသွန်ပါနှင့်။ ထိုသို့ ငှဲ့သွန်ပစ်လျှင် အရေးပါသောအာဟာရများ ဆုံးရှုံးသွားမည်ဖြစ်သောကြောင့် ၎င်းကို စွပ်ပြုတ်၊ ဆန်ပြုတ်နှင့် အခြားဟင်းများချက်ရာတွင် ထည့်သွင်း ချက်ပြုတ်ပါ)
(ကြယ်သုံးပွင့်နှင့် ကြယ်လေးပွင့် အစားအစာများအကြောင်းကို အပိုင်း(၂) တွင် ဆက်လက်ဖော်ပြပေးသွားပါမည်။)
#LEARN Program မှ ထုတ်ဝေထားသည့် ‘စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေး ကွင်းဆင်းလုပ်သားများအတွက် သင်တန်းပံ့ပိုးသူလက်စွဲလမ်းညွှန်’ စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်းသီးလုံးဖောက်ပိုးတွေကိုဘာဆေးနိင်လဲဗျပြောခဲ့ကြပါအုံး
SiThu • ဖြေကြားချက် 1 ခု
ကျွန်ုပ်၏ခရမ်းချဥ်ပင်အဲလိုဖြစ်နေ ဘာဆေးဖျန်းရမလဲ
pius • ဖြေကြားချက် 0 ခု
ဆစ်ပိုး ဘာဆေးဖြန်းရလဲ စပါး
yellwaixtun • ဖြေကြားချက် 0 ခု
ဆရာတစ်ချက်ကြည့်ပေးပါအူး ဒိုင်ဇီရလားဆရာ အတာလေးပေးလိုက်လိူ့
U Yan • ဖြေကြားချက် 0 ခု
မဂ်လာပါပန်းအညွန့်တွေက ပုံစံပျက်နေတယ်အထဲမှာပိုးလာခဗျာ ဖြေကြားပေပါဉီး။
bominthu • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026