ရေချိုပုစွန် စနစ်တကျ သားဖောက်နည်း

25/06/2025 12:49 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ရေချိုပုစွန် သားဖောက်ရာတွင် ကိုယ်တိုင် သားဖောက်မွေးမြူခြင်းနှင့် သားပေါက်ဝယ်ယူမွေးမြူခြင်းအနက် ကိုယ်တိုင် သားဖောက်မွေးမြူခြင်းက  သားပေါက်လိုအပ်သလောက်ကို ထုတ်လုပ်မွေးမြူနိုင်သည့် အားသာချက်ရှိသည်။ ပုစွန်သားဖောက်ရာတွင် ပထမဆုံး ဥကပ်ပုစွန်ကို ရွေးချယ်ရမည်။ ဥကပ်ပုစွန်သည်အလေးချိန် ၅၀ ဂရမ်အထက် ရှိရမည်။ အဆိုပါ ဥကပ်ပုစွန်တုပ်မများကို သဘာဝ မြစ်၊ချောင်း၊ အင်း၊ အိုင်များမှ လည်းကောင်း၊ မွေးမြူရေးကန်များမှ လည်းကောင်း ရနိုင်သည်။ ဥကပ်ပုစွန်တုပ်ကို ရွေးချယ်ရာတွင်လည်း ဥပြည့်နေသော ပုစွန်မကြီးများ၊ ဥအညိုရင့်ရောင်ရှိနေသည့် ဥကပ်ပုစွန်မကြီးမျိုးကို ရွေးချယ်ရမည်။ ဥကပ်ပုစွန်မကြီးများအတွက် ရေသည် သန့်စင်ဖို့လိုသည်။ ရေသန့်စင်ဖို့ ရေလဲပေးခြင်း၊ အောက်ဆီဂျင်ဖြည့်ပေးခြင်းတို့ ပြုလုပ်ပေးရသည်။ ဥကပ်ပုစွန်ကို သယ်ယူရာတွင် အထူးဂရုစိုက်ဖို့လိုသည်။      သယ်ယူစဥ်အထိအခိုက်မရှိအောင် ဂရုစိုက်ဖို့ လိုသလို ဥများပျက်စီးမှု မရှိအောင်၊ သေကျေခြင်း မရှိအောင် အထူးဂရုစိုက်ရသည်။

သယ်ယူရာတွင် သယ်ယူသည့်ပုံး၊ သို့မဟုတ် အခြားသယ်ယူသည့်ပစ္စည်းသည် မျက်နှာပြင်ကျယ်ရမည်။ သယ်ယူမည့်ပစ္စည်းအတွင်းရှိရေသည် ၂လီတာ အထက်ရှိဖို့လိုသည်။ ထိုကဲ့သို့ စနစ်တကျ သယ်ယူမှသာ ဥကပ်ပုစွန်တုပ်မကြီးများ အသေအကျေနှင့် အထိအခိုက်နည်းမည်ဖြစ်သည်။ ဥကပ်ပုစွန်တုပ်မကြီးများ၏ ခန္ဓာကိုယ်ကို သန့်ရှင်းစေရန် ဖော်မလင်ဆေးရည် ၁၀ မှ  ၂၀ ပီပီတီ ပါသော အသင့်ပြုပြင်ထားသော ကန်အတွင်း မိနစ် ၃၀ သို့မဟုတ် မိနစ် ၆၀ အထိ ထားပေးရမည်။

ဥကပ်ပုစွန်တုပ်မကြီးမှ ဥချပြီး တစ်ပတ်အတွင်း ဥမှ သားလောင်းလေးများ ပေါက်လာသည်။ ဥကပ်ပုစွန်တုပ်မအား အစာအဖြစ် အာလူး၊အုန်းသီး၊ ကန်စွန်းဥအစိမ်း၊ ဖော်စပ်စာတို့ကို ကျွေးပေးရသည်။ အစာကျန်များကို ဖယ်ထုတ်ပေးခြင်း၊ ရေကို  ၂၅ ရာခိုင်နှုန်း လဲပေးခြင်းတို့ ပြုလုပ်ပေးရသည်။

သားလောင်းထိန်းသိမ်းခြင်း

ပုစွန်သားလောင်းများကို သုံးရက်မြောက်နေ့တွင် မှန်လှောင်အိမ်တစ်ဖက်ကို ချန်၍ ပတ်ပတ်လည်ကို အမှာင်ချထားပေးရသည်။ ထိုအခါ သားလောင်းများသည် တစ်ဖက်ချန်ထား၍ အလင်းရောင်ရှိသောနေရာတွင် လာစုကြသည်။ ထိုသားလောင်းများကို ပလတ်စတစ်ပိုက်အပျော့ကိုအသုံးပြု၍ ပလတ်စတစ်ပုံးထဲသို့ ရွှေ့ပြောင်းကာ ကောင်ရေကို ခန့်မှန်းရသည်။ ထိုသားလောင်းများကို သားလောင်းပြုစုကန်အတွင်း ထည့်သွင်းပြုစုပေးရသည်။

သားလောင်းထိန်းသိမ်းပြုစုရာတွင် ရေသည် အဓိကဖြစ်သည်။ ရေသန့်စင်ဖို့ လိုသည်။ ရေသန့်စင်စနစ်ကို အသုံးပြုပြီး သားလောင်းထည့်သွင်းမွေးမြူသည့်စနစ် နှစ်မျိုးရှိသည်။

(၁) တိုက်ရိုက်ထည့်သွင်း မွေးမြူခြင်း

ဤစနစ်သည် ဥကပ်ပုစွန်တုပ်မကြီးမှ ပေါက်လာသောသားလောင်းများကို သားပေါက်ကန်အတွင်းသို့ သတ်မှတ်သားပေါက်နှုန်းအတိုင်း တိုက်ရိုက်ထည့်သွင်း မွေးမြူပြုစုခြင်း ဖြစ်သည်။ ဥပမာ- ငါးတန်သားလောင်းပြုစုကန်အတွင်း တစ်ကန် ၃၀၀၀၀ ထည့်မည်ဆိုလျှင် ငါးတန်ကန်ဆိုလျှင် သားလောင်း ၁၅၀၀၀၀ ကို တိုက်ရိုက်ထည့်၍ သားပေါက်ပြန်ရသည်အထိ မွေးမြူခြင်း သို့မဟုတ် ရောင်းတန်းဝင်သည်အထိ မွေးမြူခြင်းမျိုးဖြစ်သည်။

(၂) အဆင့်ခွဲမွေးမြူခြင်း

ဤစနစ်သည် ဥကပ်ပုစွန်တုပ်မကြီးမှ ပေါက်လာသည့် သားလောင်းများကို ပထမအဆင့် သားလောင်းပြုစုကန်အတွင်း ၁၀ ရက်ခန့် ပြုစုမွေးမြူပြီးမှ သားပေါက်ပြုစုကန်သို့ ပြန်ခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် သာမန်ထည့်နှုန်းအတိုင်း ကန်အတွင်းသို့ထည့်၍ မွေးမြူခြင်းဖြစ်သည်။ ပထမအဆင့် ငါးတန်ကန်အတွင်း သားလောင်းကောင်ရေ ၃၀၀၀၀၀ ထည့်ပြီး ၁၀ ရက်ကြာ ပြုစုပေးပြီး နောက်တစ်ခါ အဆိုပါသားလောင်းများကို ကန်နှစ်ကန်သို့ ပြောင်းထည့်ရသည်။ ထိုအခါ ပထမအဆင့်မှာ သားလောင်း ၃၀၀၀၀၀ မှ ဒုတိယအဆင့် ကန်နှစ်ကန်သို့ ထည့်သဖြင့် တစ်ကန်လျှင်သားလောင်းကောင်ရေ ၁၅၀၀၀၀ ခန့် ဖြစ်သွားသည်။

သားပေါက်ပြုစုနည်း

သားလောင်းများအား သားလောင်းကန်မှ ဖမ်းဆီးပြီး အဆင်သင့်ပြင်ထားသော သားပေါက် ကန်အတွင်း ပြောင်းရွှေ့ထည့်ပေးရသည်။ သားပေါက်ကန်သို့ သယ်ယူရာတွင် သယ်ယူမှု စနစ်မကျပါက သေကျေပျက်စီးနိုင်သည်။ သယ်ယူပြီး ချက်ချင်း မဖြစ်သော်လည်း နောက်ရက်များတွင် သေကျေပျက်စီးမှု ဖြစ်နိုင်သည်။ သားပေါက်ကန်အတွင်းသို့ ရွှေ့ပြောင်းလာသောကြောင့် ပထမဆုံး အသုံးပြုမည့် ရေအငန်နှုန်းမှာ ၈ ပီပီစီသာ ရှိရပါမည်။ ထို့နောက် နှစ်ရက်အကြာ ရေဟောင်းများထုတ်၍ ရေသစ်လဲပေးရသည်။ အစာအဖြစ် ငါးမှုန့်ကို တစ်နေ့လျှင်  နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ကျွေးရမည်။ အစာကြွင်းအစာကျန်များကို ရှင်းလင်းပေးရမည်။ သားပေါက်များကို သားပေါက်ပြုစုကန်အတွင်း နှစ်ရက်ခန့်ထားပြီးနောက် အသားတိုးမွေးမြူမည့် စခန်းသို့ ပို့ဆောင်ပေးရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်