မတ်ပဲတွင်ကျရောက်တတ်သော ဖျူစေရီယမ်ပင်ညှိုးရောဂါ

29/11/2020 10:45 AM တွင် ဘုန်းဟိန်းနိုင် ဘုန်းဟိန်းနိုင် မှ ရေးသား

    မတ်ပဲစိုက်ပျိုးသည့် တောင်သူဦးကြီးတို့အနေဖြင့် မိမိအခင်းတွင် ပင်ညှိုးရောဂါကျရောက်ခဲ့ပါက ကာကွယ်ရမည့်အချက်များနှင့် ကျရောက်မှုမဖြစ်စေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို သိရှိစေရန်အတွက် တင်ပြလိုက်ရပါသည်။

    မြန်မာနိုင်ငံတွင် မတ်ပဲကို မြေပြန့်ဒေသတွင်သာမက တောင်ပေါ်ဒေသတွင်လည်း စိုက်ပျိုးကြသည်။ ပဲအမျိုးမျိုးရှိသည့်အနက် မတ်ပဲသည် နိုင်ငံခြားမှ ဝယ်ယူအားမြင့်သည့် ပဲဖြစ်သည့်အလျောက် ရောဂါပိုးမွှားဒဏ်နှင့် အခြားသော ရေ၊ မြေ၊ အာဟာရဓာတ် ညီညွတ်မျှတစွာ ထိန်းသိမ်းစိုက်ပျိုးရန် လိုအပ််သည်။ ပဲအလုံးအဆံနှင့် လိုအပ်သော အရည်အသွေးထွက်မှသာလျှင် ပြည်တွင်းဈေးကွက်နှင့် နိုင်ငံခြားဝင်ငွေဈေးကွက် တိုးမြှင့်လာနိုင်မည်ဖြစ်သည်။

မတ်ပဲ ဖျူစေရီယမ်ပင်ညှိုးရောဂါနှင့် ရောဂါလက္ခဏာများ

    ရောဂါဖြစ်စေသော သက်ရှိ၏သိပ္ပံအမည်မှာ Fusarium oxysporum နှင့် Fusarium solani မှိုဗီဇနှစ်မျိုးဖြစ်သည်။ မတ်ပဲပင်၏ကြီးထွားမှုအဆင့် မည်သည့်အဆင့်မဆို ဝင်ရောက်တိုက်ခိုက်ဖျက်စီးနိုင်စွမ်းရှိပြီး အများဆုံးကျရောက်မှုဖြစ်သော အချိန်သည် မတ်ပဲပင် အပွင့်ပွင့်ပြီးနောက် အသီးကြီးထွားရင့်မှည့်ချိန်ဖြစ်သည်။ ပင်ညှိုးရောဂါကျရောက်ပါက သိသာထင်ရှားစေသောလက္ခဏာများမှာ အပင်ပုခြင်း၊ အရွက်များ အဝါရောင်ပြောင်းကာ ညှိုးခြင်းနှင့် အပင်အား အမြစ်ပါအောင်ဆွဲနှုတ်ကြည့်ပါက မတ်ပဲပင်၏ ရေသောက်မြစ်သည် ပုပ်နေခြင်း သို့ အညိုရောင်ပြောင်းနေခြင်းများ ဖြစ်နေသည်။

ရောဂါပျံ့နှံ့ပုံ

    ရောဂါဖြစ်စေသောသက်ရှိ၏ မျိုးရိုးဗီဇနှစ်မျိုးလုံးသည် ၎င်းတို့ ရှင်သန်ကြီးထွားရန်အတွက် မှိုစပိုးများ ထုတ်လုပ်နိုင်စွမ်းရှိပြီး ထိုမှိုစပိုးများသည် ရောဂါကျရောက်မှုဖြစ်ပွားနေသော အခင်းမြေထဲနှင့် အပင်၏အမြစ်များတွင်သာမက ရောဂါကျရောက်မှုမရှိသော အခင်း၏ပတ်ဝန်းကျင်၊ မြေကြီးနှင့် အပင်များ၏ အမြစ်များတွင်ပါ ရှင်သန်ခိုအောင်းနေနိုင်စွမ်းရှိသည်။ ၎င်းမှိုစပိုးများအား ပျံ့နှံ့မှုဖြစ်စေသော အရာများမှာ ပင်ကြွင်းပင်ကျန်များ၊ လယ်ယာသုံးပစ္စည်းများ၊ လူ၊ ကျွဲနွားတိရစ္ဆာန်များနှင့် ရေသွင်းရေထုတ်ပြုလုပ်မှုများမှလည်း ပျံ့နှံ့နေကြပါသည်။

ကာကွယ်နှိမ်နင်းခြင်းနည်းလမ်း

  • မတ်ပဲခင်းအား စိုက်ပျိုးရာတွင် ပင်ကြားတန်းကြားမှန်ကန်စွာ စိုက်ပျိုးခြင်း၊ အပင်သိပ်သည်းမှုအား ကာကွယ်ခြင်း
  • တစ်သီးတည်းစိုက်ပျိုးခြင်းမပြုလုပ်ဘဲ သီးလှည့်စိုက်ပျိုးခြင်းများ ပြုလုပ်ခြင်း (ဥပမာ-မတ်ပဲပင်ညှိုးရောဂါသည် မတ်ပဲပင်မှထုတ်သော ဇီဝကမ္မဖြစ်စဉ် ဟော်မုန်းများအား လွန်စွာနှစ်သက်သောကြောင့် ရောဂါမနှစ်သက်သည့် ပြောင်းမျိုးနွယ်ဝင်ပင်များ စိုက်ပျိုးခြင်း)
  • စိုက်ပျိုးခင်းတွင်း ရေအလွန်အကျွံ့များပြားခြင်းနှင့် ခြောက်ကပ်ခြင်းမဖြစ်စေရန်ထိန်းသိမ်းခြင်း
  • မတ်ပဲခင်းတွင် Fusarium ပင်ညှိုးရောဂါကျရောက်ခဲ့ပါက ထိုအခင်းတွင် နောက်၅ နှစ်ကြာသည်အထိ မတ်ပဲ စိုက်ပျိုးခြင်းမှ ရှောင်ကျဉ်ခြင်း
  • မတ်ပဲခင်း၏ ယခင်ပင်ကြွင်းပင်ကျန်များအား အမြစ်ပြတ်ရှင်းလင်းခြင်း
  • ရောဂါဒဏ်ခံနိုင်သောမျိုးများ အသုံးပြုခြင်းနှင့် စိုက်ပျိုးမြေမြေဆီလွှာ ကောင်းမွန်စေရန်ပြုပြင်ခြင်း
  • အခင်း၏ဘောင်ပတ်လည်နှင့် အစွန်ကျနေသော မတ်ပဲပင်များသည် ရောဂါကျရောက်မှု ဖြစ်နိုင်ချေများသောကြောင့် ဂရုပြုစစ်ဆေးခြင်းနှင့် ပေါင်းပင်များအားရှင်းလင်းခြင်း
  • ရေသွင်းရေထုတ်မှုအား စနစ်တကျပြုလုပ်ခြင်း (ဥပမာ- ရောဂါကျရောက်နေသော အပင်အား ရေသွင်းရေထုတ်ပြုလုပ်ခြင်းမှတစ်ဆင့် အခြား ကျရောက်မှုမရှိသောအခင်းသို့ ရေစီးဆင်းမှုမရှိစေရန် ထိန်းချုပ်ခြင်း)
  • မတ်ပဲခင်းအား ပေါင်းရှင်းခြင်း၊ ဆေးဖြန်းခြင်းများပြုလုပ်ရာတွင် တစ်ခင်းအား ဆေးဖျန်းပြီးပါက အသုံးပြုပြီသော လယ်ယာသုံးစက်ပစ္စည်းများ၊ လူနှင့် အခြားသောအရာများတွင် ယခင်အခင်း၏ အပင်ကြွင်းကျန်များ ကပ်ငြိပါလာခြင်းအား သေချာစွာဖယ်ရှားပြီးမှ နောက်အခင်းသို့ဝင်ရန်။
  • မတ်ပဲခင်း၏ ပန်းပွင့်မှုပမာဏ သိပ်သည်းများပြားမှုသည် ရောဂါဖြစ်ပွားမှုအား အားပေးသောကြောင့် ပန်းပွင့်မှုအား လက်ဖြင့်အနည်းငယ်ခူးချွေကာ ထိန်းသိမ်းကာကွယ်ခြင်း (မှတ်ချက်-အခင်းတွင် ပန်းပွင့်မှုများပြားသိပ်သည်းမှသာလျှင် အပင်တစ်ပင်ချင်းစီ၏ အပွင့်အနည်းငယ်သာ ဖယ်ရှားခြင်း)

    ဓာတုဆေးအသုံးပြုလိုပါက မတ်ပဲပင်ညှိုးရောဂါကိုနှိမ်နင်းရန် အတိအကျဆေးမရှိသော်လည်း နာမည်ရှိ မှိုမျိုးရိုးများအား နှိမ်နင်းနိုင်သောဓာတုဆေးများ ဈေးကွက်တွင်ဝယ်ယူရနိုင်ပါသည်။

Reference:

https://thebestsheet.com.au/have-you-seen-this-mungbean-disease-recently/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်