နီမတုတ်

29/01/2020 11:30 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   နီမတုတ်ကတော့ နာမည်နည်းနည်းရစပြုနေပါပြီနော်။ တစ်ချို့နေရာတွေမှာ အရမ်းနာမည်ကြီးနေပါပြီ။ သူကမြေကြီးထဲမှာနေပြီးတော့ အပင်တွေကိုတိုက်ခိုက်တယ်။ ရောဂါတွေကိုဖြစ်စေနိုင်တယ်။ သူတိုက်ခိုက်လိုက်လို့ အပင်တွေက ညိုးကျပြီး သေသွားတာမျိုးလည်းမဟုတ်ဘူး။ ပုံမှန်လိုပဲ။ ပြတဲ့လက္ခဏာတွေကလည်း အာဟာရချို့တဲ့တာကြောင့်ပဲဖြစ်သလိုလိုတွေ၊ အပူချိန်များလို့ပဲ ညိုးနေသလိုလိုတွေဖြစ်တာဆိုတော့ နည်းနည်းခွဲရခက်တယ်။ 

နီမတုတ် ဘယ်နှမျိုးလောက်ရှိသလဲ

    ရှိတာပေါ့။ နီမတုတ်တွေလို့ဆိုလိုက်ရင် လူတွေကိုအကျိုးပြုတဲ့ နီမတုတ်တွေလည်းရှိတယ်။ ရောဂါဖြစ်စေနိုင်တဲ့ နီမတုတ်တွေလည်းရှိတယ်။ ခုကတော့ ရောဂါဖြစ်စေနိုင်တဲ့ နီမတုတ်တွေအကြောင်း ပြောကြစို့။

မြစ်ဖုနီမတုတ်

   မြစ်ဖုနီမတုတ်တွေဟာဆိုရင် အတိုက်ခိုက်ဆုံး နီမတုတ်တွေထဲက တစ်မျိုးပါပဲ။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် မြစ်ဖုကိုဖြစ်စေတဲ့ နီမတုတ်မျိုးစိတ်ပေါင်းက နှစ်ထောင်ကျော်တောင်ရှိပါတယ်။ အပင်အမြစ်တွေထဲကို အကောင်ငယ်လေးတွေက ဝင်သွားတယ်။ ဝင်ရောက်နေထိုင်ကြတယ်။ အဲ့တော့ အမြစ်တွေက အဖုတွေဖြစ်လာတယ်။ မလိုအပ်ပဲ အမြစ်တွေက ပိုပြီးတော့ ပွားများလာပါတယ်။ အာလူးလိုမျိုး၊ ခါကြက်ဥလိုအပင်မျိုးတွေဆိုရင် မြစ်ဖုနီမတုတ်တွေကြောင့်မို့ ဈေးကွက်ထဲကိုမဝင်တဲ့ အသီးအနှံတွေဖြစ်သွားကြပါတယ်။ အကောင်ငယ်လေးတွေကနေ အကောင်လေးတွေကြီးလာပြီး နောက်ပိုင်းမှာ ဥတွေဥတယ်။ မြေကြီးထဲမှာလည်း ဥတွေဥပြီးတော့ တစ်ခြားအပင်တွေကအမြစ်တွေကို ထပ်ပြီးတော့ ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။ 

   မြစ်ဖုနီမတုတ်ကျရောက်ခံရတဲ့ အပင်တွေက မြစ်ဖုတွေကြောင့် ရေနဲ့ အာဟာရတွေကို ပြတ်လပ်သွားပါတယ်။ အမြစ်တွေက ထိုးဖောက်ခံရတဲ့အတွက်ကြောင့်မို့ ရောဂါပိုးမွှားတွေ ဘက်တီးရီးယားတွေ၊ မှိုတွေ စတာတွေ ထပ်ဝင်နိုင်ပါသေးတယ်။ အဲ့လိုနီမတုတ်တွေက သက်တမ်းနည်းနည်းကြာတဲ့ အပင်တွေစိုက်ထားရင် သူတို့ကြိုက်ပါတယ်။ သဲနည်းနည်းဆန်တဲ့မြေတွေကို သူတို့ကြိုက်ပါတယ်။ ပြီးတော့ အပင်တွေက ရေနဲ့အာဟာရတွေကို ရဖို့ခက်ခဲတဲ့ အပင်တွေဆိုရင် သူတို့ဝင်ဖို့ ပိုလွယ်ပါတယ်။ 

မြစ်ပုတ်နီမတုတ်

    သူကတော့ နှင်းဆီတွေ၊ သီးပင်တွေနဲ့ နှံစားသီးနှံတွေမှာကျရောက်တဲ့ နီမတုတ်တွေဖြစ်ပါတယ်။ သူတို့က အမြစ်တွေထဲကို သူတို့ရဲ့ စတိုင်းလက်စ်လို့ခေါ်တဲ့ ပါးစပ်ထဲက အချွန်လေးကိုသုံးပြီးတော့ ထိုးဖောက်ဝင်ရောက်ပါတယ်။ နောက် အမြစ်ဆဲလ်တွေထဲမှာ လျှောက်သွားတယ်။ ပြီးတော့ အပင်တွေဆီကနေ အာဟာရတွေကို စုပ်ယူစားသုံးတယ်။ သူတို့ ပြန်ထုတ်တဲ့ အရာတွေကြောင့်မို့ အပင်ဆဲလ်တွေက သေသွားတဲ့အပြင်ကို သူတို့က ဥတွေဥထားခဲ့ပါသေးတယ်။ 

    သူတို့ထိုးဖောက်ဝင်ရောက်လိုက်တဲ့ အပေါက်လေးတွေကနေ ညိုမဲပြီး အကွက်လေးတွေဖြစ်သွားပါတယ်။ အဲ့လို အကွက် အပေါက်လေးတွေကနေ တစ်ဖြည်းဖြည်း ညိုမဲပြီး ပုပ်လာတာပါ။ သူတို့ထိုးဖောက်ခံရတဲ့ အပင်အမြစ်တွေအကုန်လုံး အဲ့လို ပုပ်ကုန်ပါတယ်။ အာဟာရနဲ့ ရေတွေ ပြတ်တောက်ကုန်ပါတယ်။ အဲ့လိုဆိုတော့ မြေပေါ်ပိုင်းကအပင်တွေလည်း အားနည်းလာပါတယ်။ အပင်တွေ သေကုန်ပါတယ်။ မြေကြီးမှာ ဘာမှမစိုက်ဘူး။ ခြောက်နေတယ်ဆိုရင် နီမတုတ်တွေကလည်း လှုပ်ရှားမှုမရှိတော့ပဲနဲ့ အမြစ်ဟောင်းတွေထဲမှာ အောင်းနေကြပါတယ်။ အစိုဓာတ်လေးရလာရင် အပင်အမြစ်လေးတွေလည်း ရှိလာတယ်ဆိုရင် သူတို့တွေ ပြန်ပြီးတော့ လှုပ်ရှားလာကြတယ်။ နောက်ထပ်အပင်တွေကို စားသုံးကြတယ်။ 

ဘာကြောင့်ဖြစ်သလဲ

    အပင်တွေမှာ ကပ်ပါးပြုပြီးတော့နေထိုင်ကြတဲ့ နီမတုတ်တွေက မြေကြီးကနေတစ်ဆင့်၊ ရောဂါဖြစ်နေတဲ့ ပြောင်းရွေ့စိုက်တဲ့ အပင်တွေကနေတစ်ဆင့်သော်လည်းကောင်း ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ တစ်ခါလောက် မြေကြီးထဲမှာရောက်သွားတယ်ဆိုရင် ပြန်ထုတ်ဖို့က ခက်ခဲသွားပါတယ်။ အပင်တွေကို မတိုက်ခိုက်အောင်ပဲ လုပ်နိုင်ပါတယ်။ လုံးဝပြုတ်သွားအောင်လုပ်ဖို့က ခက်မှာပါ။  အဖြေတွေတော့ရှိပါတယ်။ 

ထွန်းဝင်းကျော်

https://www.agric.wa.gov.au/nematodes/nematodes?page=0%2C3

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်