အရသာကောင်းမွန်ထူးခြား. . . . .အဆိပ်ရှိဆူးချွန်ပါငါးများ

02/01/2020 17:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တချို့ငါးမျိုးစိတ်များမှာ အဆိပ်ရှိပြီး ဆူးချွန်များပါရှိသော်လည်း အရသာမှာ ထူးခြားကောင်းမွန်လှသည်ကို တွေ့ရှိရပါသည်။ ထိုထဲတွင်မှ ဆူးချွန်ပါငါးမျိုးစိတ် တချို့ကို လေ့လာတင်ပြပါမည်။ 

(၁) ငါးတန်(catfish) 

ငါးတန်သည်  catfish နွယ်ဝင် ငါးတစ်မျိုးဖြစ်ပါသည်။ ငါးတန်ငါးမှာ ပိုက်တိုးငါးဖြစ်သော်လည်း အသည်းကြီး၍ အသက်ပြင်း၏။ တော်တန်ရုံနှင့် အလွယ်တကူ ဖမ်း၍မရချေ။ အကိုင်မခံတတ်ချေ။ ၎င်းငါး၏ ချွန်ထွက်သော ဆူးတောင်နှင့် ကျောဆူးတောင်တို့မှာ ကြောက်စရာကောင်းလှပါသည်။ ထိုငါး၏ ဆူးတောင်နှင့် စူးမိလျှင် ဆူးဆိပ်တက်တတ်ပါသည်။ ငါးတန်(၂)မျိုးရှိပြီး ရိုးရိုးငါးတန်နှင့် စိန်ငါးတန်ဟူ၍ ဖြစ်ကြပါသည်။ စိန်ငါးတန်မှာ အကောင် ၁၀၀ မှာတစ်ကောင် ရှိခဲလှပါသည်။ အဆီပေါပြီး ဆူဖြိုးလွန်းလှပါသည်။ ငါးတန်ငါးကို ဆီပြန်ချက်ခြင်း၊ မရမ်းပြား၊ ငရုတ်သီးစိမ်းဖြင့်ချက်သော ငါးတန်ခေါင်းမရမ်းပြားဟင်းမှာ နာမည်ကြီးဟင်းလျာများ ဖြစ်ကြပါသည်။ 

(၂) ငါးထွေ( catfish)

ငါးထွေငါးများမှာ နယုန်၊ ဝါဆို၊ ဝါခေါင်လများတွင် ပေါများကြပါသည်။ မိုးဦးအကြိုကာလတွင် ငါးထွေငါးတို့ မြူးကြပေသည်။ ငါးထွေ၊ ငါးရောင်၊ ငါးအိုက်၊ ငါးရဲ၊ ငါးတန်၊ ငါးခူ၊ ငါးစင်းရိုင်းစသည့် ဆူးရှိသော ငါးမှန်သမျှ ရေဆန်လှန်တက်ကြသည့် သဘာဝရှိ၏။ ပင်လယ်၌ ရှင်သန်ကျက်စားပြီး ငါးရစ်တက်ချိန် မိုးနံ့သင်းသည်နှင့် မြစ်ချောင်းများ အတွင်းသို့ အလုအယက်တက်ကြပါသည်။ 

ငါးထွေသည် ပါးစပ်ဘေးနားတွင် ကြောင်နှုတ်ခမ်းမွေးနှင့်တူသော အမွေးအမျှင်များ ပါရှိခြင်းကြောင့် "ကြောင်ငါး"ဟု လည်း ခေါ်ကြသည်။ ဆူးငါးဖြစ်၍ ရှေ့ပိုင်းမှ ကိုင်ဖမ်းမှသာ ဆူးတောင် အန္တရာယ်မှ လွတ်ကင်းပေမည်။ ကျောဆူးတောင်ထက် ဘေးဆူးတောင် (၂)ချောင်းအား  သတ်ိကြီးစွာထားရပါသည်။ ကျောဆူးတောင်မှာ ဖြောင့်စင်း၍ စူးလွယ်၏။ ဘေးဆူးတောင်များ လွှသွားကဲ့သို့ အထစ်များရှိသဖြင့် စူးမိသော် အသားထဲတွင် ဆူးကျိုးကျန်တတ်၏။ နှုတ်ရလည်း ခက်လှ၏။ 

ငါးထွေအသားမှာ စား၍ အလွန်ကောင်းသော်လည်း ခေါင်းကြီးကိုယ်သေးငါးမျိုးဖြစ်၏။ ငါးထွေမေးရိုး၌ ရှည်လျားကောက်ကွေးသော သွားများရှိရာ ငါးမန်းသွားနှင့် ဆင်တူသည့် အသားစားငါးမျိုး ဖြစ်သည်။ ဦးခေါင်းပိုင်းတွင် ဗြုပ်ထကြမ်းတမ်းသော အရေပြားအဖုအထစ်လေးများရှိသဖြင့် ငါး၏ခေါင်းကိုကိုင်ပြီး ဖမ်းပါက မလွတ်နိုင်ချေ။ ငါးထွေငါးကို ငါးမြှားတံနှင့် မျောပိုက်များတွင် ရံဖန်ရံခါမိတတ်သော်လည်း တွေ့ရခဲလှ၏။ ထိုငါးကို ဆီပြန်ချက်စားခြင်း၊ ကြော်စားခြင်းဖြင့် အများဆုံးအသုံးပြုကြပါသည်။ ငါးထွေငါးမှာ အရသာ ထူးခြားကောင်းမွန်လှပြီး အဆိပ်ရှိဆူးချွန်ပါသော ငါးတစ်မျိုး ဖြစ်ပါသည်။ 

(၃) ငါးပူတင်း (Globefish)

ငါးပူတင်းငါးမှာ မေးရိုးနှင့် ပါးစပ်တွင် ကြွက်သွားကဲ့သို့ ကိုက်အားကောင်းသော ထက်ရှသောသွားများ ရှိကြပါသည်။ ဝမ်းဗိုက်မှာ သိသာစွာကြီးမာလျက်ရှိပြီး အဆိပ်ဆူးများနှင့် ပြည့်နှက်နေပါ၏။ ငါးပူတင်းသည်းခြေမှာ သေစေတတ်သဖြင့် လုံးဝစားရန်မသင့်ပါ။ ငါးပူတင်းဝါနှင့် ငါးပူတင်းကျား နှစ်မျိုးရှိရာ ငါးပူတင်းကျားမှာ ပို၍အဆိပ်ပြင်းပါသည်။ တံငါသည်များပင် ငါးပူတင်းကျားကို ရှောင်ရှားရန် စွန့်ပစ်တတ်ကြသည်။ သို့သော် ငါးပူတင်းအသားမှာ အလွန်နူးညံပြီး အရသာလေးလေးပင်ပင်နှင့် ထူးခြားကောင်းမွန်လှသဖြင့် ပင်လယ်သားများ အထူးနှစ်ခြိုက်စွာ စားသုံးကြပါသည်။ 

ငါးတန်၊ ငါးထွေနှင့် ငါးပူတင်းငါးမျိုးစိတ်များမှာ အဆိပ်ရှိ ဆူးချွန်များပါရှိသော်လည်း အရသာမှာ ကောင်းမွန်ထူးခြားလှပါသည်။ သို့ပါသောကြောင့် အဆိပ်ရှိ ဆူးချွန်ပါသော်ငြား အရသာထူးခြားကောင်းမွန်လှသော ငါးမျိုးစိတ်များအကြောင်းကို လေ့လာမိသမျှ ရေးသားတင်ပြလိုက်ရပါသည်။ 

ပင်လယ်ပြာ (ငါးလုပ်ငန်းဦးစီးဌာန)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်