အရသာကောင်းမွန်ထူးခြား. . . . .အဆိပ်ရှိဆူးချွန်ပါငါးများ
တချို့ငါးမျိုးစိတ်များမှာ အဆိပ်ရှိပြီး ဆူးချွန်များပါရှိသော်လည်း အရသာမှာ ထူးခြားကောင်းမွန်လှသည်ကို တွေ့ရှိရပါသည်။ ထိုထဲတွင်မှ ဆူးချွန်ပါငါးမျိုးစိတ် တချို့ကို လေ့လာတင်ပြပါမည်။
(၁) ငါးတန်(catfish)
ငါးတန်သည် catfish နွယ်ဝင် ငါးတစ်မျိုးဖြစ်ပါသည်။ ငါးတန်ငါးမှာ ပိုက်တိုးငါးဖြစ်သော်လည်း အသည်းကြီး၍ အသက်ပြင်း၏။ တော်တန်ရုံနှင့် အလွယ်တကူ ဖမ်း၍မရချေ။ အကိုင်မခံတတ်ချေ။ ၎င်းငါး၏ ချွန်ထွက်သော ဆူးတောင်နှင့် ကျောဆူးတောင်တို့မှာ ကြောက်စရာကောင်းလှပါသည်။ ထိုငါး၏ ဆူးတောင်နှင့် စူးမိလျှင် ဆူးဆိပ်တက်တတ်ပါသည်။ ငါးတန်(၂)မျိုးရှိပြီး ရိုးရိုးငါးတန်နှင့် စိန်ငါးတန်ဟူ၍ ဖြစ်ကြပါသည်။ စိန်ငါးတန်မှာ အကောင် ၁၀၀ မှာတစ်ကောင် ရှိခဲလှပါသည်။ အဆီပေါပြီး ဆူဖြိုးလွန်းလှပါသည်။ ငါးတန်ငါးကို ဆီပြန်ချက်ခြင်း၊ မရမ်းပြား၊ ငရုတ်သီးစိမ်းဖြင့်ချက်သော ငါးတန်ခေါင်းမရမ်းပြားဟင်းမှာ နာမည်ကြီးဟင်းလျာများ ဖြစ်ကြပါသည်။
(၂) ငါးထွေ( catfish)
ငါးထွေငါးများမှာ နယုန်၊ ဝါဆို၊ ဝါခေါင်လများတွင် ပေါများကြပါသည်။ မိုးဦးအကြိုကာလတွင် ငါးထွေငါးတို့ မြူးကြပေသည်။ ငါးထွေ၊ ငါးရောင်၊ ငါးအိုက်၊ ငါးရဲ၊ ငါးတန်၊ ငါးခူ၊ ငါးစင်းရိုင်းစသည့် ဆူးရှိသော ငါးမှန်သမျှ ရေဆန်လှန်တက်ကြသည့် သဘာဝရှိ၏။ ပင်လယ်၌ ရှင်သန်ကျက်စားပြီး ငါးရစ်တက်ချိန် မိုးနံ့သင်းသည်နှင့် မြစ်ချောင်းများ အတွင်းသို့ အလုအယက်တက်ကြပါသည်။
ငါးထွေသည် ပါးစပ်ဘေးနားတွင် ကြောင်နှုတ်ခမ်းမွေးနှင့်တူသော အမွေးအမျှင်များ ပါရှိခြင်းကြောင့် "ကြောင်ငါး"ဟု လည်း ခေါ်ကြသည်။ ဆူးငါးဖြစ်၍ ရှေ့ပိုင်းမှ ကိုင်ဖမ်းမှသာ ဆူးတောင် အန္တရာယ်မှ လွတ်ကင်းပေမည်။ ကျောဆူးတောင်ထက် ဘေးဆူးတောင် (၂)ချောင်းအား သတ်ိကြီးစွာထားရပါသည်။ ကျောဆူးတောင်မှာ ဖြောင့်စင်း၍ စူးလွယ်၏။ ဘေးဆူးတောင်များ လွှသွားကဲ့သို့ အထစ်များရှိသဖြင့် စူးမိသော် အသားထဲတွင် ဆူးကျိုးကျန်တတ်၏။ နှုတ်ရလည်း ခက်လှ၏။
ငါးထွေအသားမှာ စား၍ အလွန်ကောင်းသော်လည်း ခေါင်းကြီးကိုယ်သေးငါးမျိုးဖြစ်၏။ ငါးထွေမေးရိုး၌ ရှည်လျားကောက်ကွေးသော သွားများရှိရာ ငါးမန်းသွားနှင့် ဆင်တူသည့် အသားစားငါးမျိုး ဖြစ်သည်။ ဦးခေါင်းပိုင်းတွင် ဗြုပ်ထကြမ်းတမ်းသော အရေပြားအဖုအထစ်လေးများရှိသဖြင့် ငါး၏ခေါင်းကိုကိုင်ပြီး ဖမ်းပါက မလွတ်နိုင်ချေ။ ငါးထွေငါးကို ငါးမြှားတံနှင့် မျောပိုက်များတွင် ရံဖန်ရံခါမိတတ်သော်လည်း တွေ့ရခဲလှ၏။ ထိုငါးကို ဆီပြန်ချက်စားခြင်း၊ ကြော်စားခြင်းဖြင့် အများဆုံးအသုံးပြုကြပါသည်။ ငါးထွေငါးမှာ အရသာ ထူးခြားကောင်းမွန်လှပြီး အဆိပ်ရှိဆူးချွန်ပါသော ငါးတစ်မျိုး ဖြစ်ပါသည်။
(၃) ငါးပူတင်း (Globefish)
ငါးပူတင်းငါးမှာ မေးရိုးနှင့် ပါးစပ်တွင် ကြွက်သွားကဲ့သို့ ကိုက်အားကောင်းသော ထက်ရှသောသွားများ ရှိကြပါသည်။ ဝမ်းဗိုက်မှာ သိသာစွာကြီးမာလျက်ရှိပြီး အဆိပ်ဆူးများနှင့် ပြည့်နှက်နေပါ၏။ ငါးပူတင်းသည်းခြေမှာ သေစေတတ်သဖြင့် လုံးဝစားရန်မသင့်ပါ။ ငါးပူတင်းဝါနှင့် ငါးပူတင်းကျား နှစ်မျိုးရှိရာ ငါးပူတင်းကျားမှာ ပို၍အဆိပ်ပြင်းပါသည်။ တံငါသည်များပင် ငါးပူတင်းကျားကို ရှောင်ရှားရန် စွန့်ပစ်တတ်ကြသည်။ သို့သော် ငါးပူတင်းအသားမှာ အလွန်နူးညံပြီး အရသာလေးလေးပင်ပင်နှင့် ထူးခြားကောင်းမွန်လှသဖြင့် ပင်လယ်သားများ အထူးနှစ်ခြိုက်စွာ စားသုံးကြပါသည်။
ငါးတန်၊ ငါးထွေနှင့် ငါးပူတင်းငါးမျိုးစိတ်များမှာ အဆိပ်ရှိ ဆူးချွန်များပါရှိသော်လည်း အရသာမှာ ကောင်းမွန်ထူးခြားလှပါသည်။ သို့ပါသောကြောင့် အဆိပ်ရှိ ဆူးချွန်ပါသော်ငြား အရသာထူးခြားကောင်းမွန်လှသော ငါးမျိုးစိတ်များအကြောင်းကို လေ့လာမိသမျှ ရေးသားတင်ပြလိုက်ရပါသည်။
ပင်လယ်ပြာ (ငါးလုပ်ငန်းဦးစီးဌာန)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းသက်လတ်စပါးသက် 77ရက်ရှိပါပီ။ဒီလ 13/14 ရက်က ဆစ်ပိုးကာကွယ်ဖို့ Profenofos+Lambda cyhalothrin ဆေးတွဲကို ဖြန်းခဲ့ပါတယ် ဒါမဲ့ ခုဆစ်ပိုးက လောက်ကောင်အဆင့်ရောက်ပီး ပင်စည်တွင်းဝင်ရောက်ဖျက်စီးနေကြလို့ပါ။ Acetamiprid20%+Fipronil 20% ပါတဲ့ဆေးထပ်ဖြန်းမလို့ပါဗျ။ သင့်တော်လားဗျ။တစ်ပတ်စောင့်ပီးမှဖြန်းရမလားဗျ။ဖြန်းဆေးဖြန်းပီး နဲ့ 3Gနဲ့ပိုတက် ရောပက်သုံးရင်ရော ပိုပီးအာနိသင်ထိနိုင်လားဗျ။
ko naing phyo wai • ဖြေကြားချက် 1 ခု
ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်းပါတယ် ယင်ဖြူ မပျောက်ဘူးဖြစ်နေပါတယ် Abamectin -1.8% W/ V (20cc) လဲဖျန်းပါတယ် ယင်ဖြူ အမြစ်ပျက် နှိပ်နှင်းရန် ဆေးနဲ့ မိုစေ့ ဗိုင်းရပ် ကာကွယ်ဆေးလေးသိချင်ပါတယ်ဗျာ
စည်သူလွင် • ဖြေကြားချက် 1 ခု
မတ်ပဲ ၁၅ .၂၀ရက်သားမှာ ဆာလ်ဖာ၈၀%ပါတဲ့ရွက်ဖျန်းဆေးဖျန်းလို့ရပြီလား ဆာလ်ဖာကို အလူမီနီယမ်မှိုသတ်ဆေးနဲ.ရောဖျန်းလို့ရလား
Sawsamson • ဖြေကြားချက် 2 ခု
စပါးရွက်မာ အမဲစက်များ ရှိနေတာဘာဖစ်လို့လဲ ဘယ်လိုကုသရမလဲဗျ
kyaw khaing oo • ဖြေကြားချက် 1 ခု
မြစ်ကြီးနားမှာမိုးရာသီက မိုးအရမ်းများလို့ ခရမ်စိုက်မယ်ဆိုရင် ဘယ်မျိုးကို စိုက်သင့်လဲ
Wai Linn • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....