ပြည်ပသို့ မြန်မာ့ရေထွက်ကုန်တင်ပို့မှု ယခင်နှစ်ကာလတူထက် ကန်ဒေါ်လာ ၁၅ သန်းကျော် ပိုရရှိ

20/09/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပြည်ပနိုင်ငံများသို့ မြန်မာ့ရေထွက်ကုန်တင်ပို့မှုသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၆၆၇ ဒဿမ ၀၀၇ သန်းရရှိထားပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁၅ ဒဿမ ၇၈၈ သန်း ပိုရရှိထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ 

၂၀၁၇ -၂၀၁၈ ခုနှစ်တွင် သြဂုတ်လအထိ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှု မက်ထရစ်တန်ချိန် ၅၃၆၃၉၆ ဒဿမ ၀၅၅ တန်၊ အမေရိကန်ဒေါ်လာ ၆၅၁ ဒဿမ ၂၁၉ သန်းတင်ပို့ထားပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် မက်ထရစ်တန် ချိန် ၅၄၄၅၃၃ ဒဿမ ၁၈၇ တန်၊ အမေရိကန်ဒေါ်လာ ၆၆၇ ဒဿမ ၀၀၇ သန်း တင်ပို့နိုင်ခဲ့ကာ ယခင်နှစ်နှင့် ကာလတူနှိုင်းယှဉ်ပါက မက်ထရစ်တန်ချိန် ၈၁၃၇ ဒဿမ ၁၃၂ တန်၊ အမေရိကန်ဒေါ်လာ ၁၅ ဒဿမ ၇၈၈ သန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။  

"အခု ၁၁ လမှာ ကန်ဒေါ်လာ ၆၆၇ သန်းဆိုတော့ တစ်လကို သန်း ၆၀ ပဲရတဲ့သဘောဖြစ်နေတယ်။ ဒီလ စက်တင်ဘာအတွက် သန်း ၆၀ ထပ်ပေါင်းလိုက်ရင် သန်း ၇၂၀ ပဲရမယ်။ မနှစ်ကထက် ပိုချင်ရင်လဲ နည်းနည်းပဲ ပိုလိမ့်မယ်။ ဒီနှစ်က တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းမှာ တော်တော်လေးကို ရက်ကြာကြာ အခုထိ ပြဿနာဖြစ်နေတော့ အဲ့ဒီအပေါ်မှာ တင်ပို့မှုကျသွားမယ့် သဘောရှိတယ်။ ဒီဘက်မှာက ငါးဖမ်းရာသီ ပိတ်ထားတော့ ပင်လယ်ငါး ပြည်ပတင်ပို့မှုက ဒီလတွေမှာ မတက်ဘူး။" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။ 

သို့သော် ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၉ ခုနှစ် မတ် လ ၃၁ ရက်အထိ ယခင်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၇၂၀ ရရှိထားပြီး ဆယ်စုနှစ်ကာလအတွင်း အများဆုံးတင်ပို့နိုင်ခြင်းဖြစ်သည်။ 

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈၂ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀၂ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၆၅၂ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ 

"ဒါကြောင့် မနှစ်ကပမာဏကို မီချင်မီမယ်။ အဲ့ဒီပတ်ဝန်းကျင်လောက်လဲ ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းမှာ ပြဿနာတက်သွားတာ ဒီနေ့အထိကို ဘယ်လောက်ထိ နစ်နာသွားတယ်ဆိုတာ ရေထွက်ပစ္စည်းတင်ပို့တဲ့ဘက်က အချက် အလက် မသိသေးဘူး။ နောင်ပြီး ဘယ်လောက်ကြာမီလဲဆိုတာ မသိသေးဘူး။ ဒီစက်တင်ဘာလကုန်မှပဲ သိရမယ့်သဘောရှိတယ်။" ဟု ဦးဝင်းကြိုင်က ပြောသည်။ 

လက်ရှိတွင် တရုတ်နိုင်ငံသို့ သဘာဝမှ ဖမ်းဆီးရမိသော ငါး၊ ပုစွန်များသာ တင်ပို့ခွင့်ရှိပြီး မွေးမြူရေး ငါး၊ ပုစွန်များကို ယခုနှစ်အတွင်းက တရုတ်မှ အစားအသောက်ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ တင်းကြပ်လိုက်ခြင်းကြောင့် တရုတ် GACC အဖွဲ့နှင့် ချိက်ဆက်ဆောင်ရွက်ခြင်း မရှိသေးသည့် ငါး၊ ပုစွန်အချို့ တင်ပို့ရန် အခက်အခဲရှိနေသေးကြောင်း သိရသည်။ 

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုပမာဏသည် အိမ်နီးချင်းနိုင်ငံများ၏ တင်ပို့မှုပမာဏနှင့် နှိုင်းယှဉ်ပါက အလွန်နည်းနေခြင်းကြောင့် ပြ ည်ပတင်ပို့မှုပမာဏ မြှင့်တင်ရန်အတွက် သဘာဝမှ ဖမ်းဆီးရောင်းချခြင်းထက် မွေးမြူရေးစနစ်ကောင်းမွန်အောင် ဆောင်ရွက်သင့်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ 

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ငါး၊ ပုစွန်၊ ဂဏန်းစသည့် ရေထွက်ပစ္စည်းများကို တရုတ်၊ ဆော်ဒီ၊ ထိုင်း၊ ဂျပန်နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း (၄၀) ကျော်ကို တင်ပို့ထားလျက်ရှိကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်