ကြက်/ငါး တွဲဖက်မွေးမြူရေး စနစ်ကို ချက်ချင်းတားဆီးပါက အလုပ်သမားများ၏ စားဝတ်နေရေးနှင့် လုပ်ငန်းရင်းနှီးမြှုပ်နှံမှုများ ထိခိုက်နိုင်ဟုဆို

09/12/2019 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကြက်နှင့် ငါးမွေးမြူသည့်စနစ်ကို ချက်ချင်းရပ်စဲ ပိတ်ပင်တားမြစ်မည်ဆိုပါက ယင်းလုပ်ငန်းအပေါ်  မှီခိုလုပ်ကိုင်နေသည့် အလုပ်သမားများ၏ စားဝတ်နေရေးကို ထိခိုက်သွားမည့်အပြင် လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုအရင်းအနှီးများ ပျက်စီးဆုံးရှုံးနိုင်ပါကြောင်း မြ န်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောသည်။ 

လက်ရှိ ကြက်/ ငါး တွဲဖက်မွေးမြူရေးစနစ်ဖြင့် မွေးမြူလျက်ရှိသည့် မွေးမြူသူလုပ်ငန်းရှင်ဦးရေ (၂၁၁) ဦး၊ လုပ်ငန်းရှင်၏လုပ်ငန်းတွင် လုပ်ကိုင်နေသောဝန်ထမ်းနှင့်အလုပ်သမား (၆၃၃၀) ဦး၊ အဆိုပါဝန်ထမ်း/ အလုပ်သမားများအား မှီခိုနေသော မိသားစု (၃၁၆၅ ၀)ဦး ခန့်မှန်းခြေ (၃၇၉၈၀) ဦးတို့၏ စားဝတ်နေရေးကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။ 

"တကယ်လို့ ကြက်/ငါးမွေးမြူတဲ့စနစ်ကို ချက်ချင်းရပ်စဲပိတ်ပင်တားမြစ်မယ်ဆိုပါက အထက်မှာဖော်ပြတဲ့ လူ (၃၇၉၈၀) ဦးတို့ရဲ့ စားဝတ်နေရေးကို ထိခိုက်သွားမယ်။ ဒါ့အပြင် လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးတွေလည်း ပျက်စီးဆုံးရှုံးနိုင်တယ်။ နောက်ပြီးတော့ ကြက်မွေးမြူရေးအတွက် မြေနေရာအခက်အခဲဖြစ်လာမည်ဖြစ်ပြီး အခုထက် မွေးမြူတဲ့အကောင်ရေ လျော့ပါးသွားနိုင်တယ်။ စားနပ်ရိက္ခာဖူလုံရေးကိုလည်း ထိခိုက်နိုင်ပါတယ်။" ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောသည်။ 

ထို့ကြောင့် ကြက်/ငါး တွဲဖက်မွေးမြူရေးစနစ်ကြောင့် စားသုံးသူထိခိုက်နိုင်ခြင်း ရှိ/မရှိ စနစ်တကျ လေ့လာဆန်းစစ်ပေးခြင်း၊ ငါးမွေးမြူရေးကို အစာကျွေး၍ သီးခြားရပ်တည်လာနိုင်အောင် ငါးမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပေးခြင်း၊ မွေးမြူရေးစနစ်များ ပြောင်းလဲပေးခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် တဖြည်းဖြည်း စနစ်ပြောင်းလဲပေးရန်လိုအပ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၈ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၃၁ ကြိမ်မြောက်)၌ ယင်းကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။ 

ကြက်နှင့် ငါးတွဲဖက်မွေးမြူရေးစနစ်တွင် မွေးမြူထားသော ကြက်ကောင်ရေ စုစုပေါင်း အသားစားကြက် (၁၃၅၀၀၀၀)၊ ဥစားကြက် (၂၉၀၁၉၀၀)၊ Semi Broiler (၁၄၆၅၅၀၀) ခန့် မွေးမြူထားပြီး စားသုံးသူများ၏ အသား/ဥ လိုအပ်ချက်ကို သင့်တင့်သောဈေးနှုန်းဖြင့် စားသုံးနိုင်ရန် ထုတ်လုပ်လျက်ရှိပြီး နိုင်ငံတော်၏ အသားကဏ္ဍကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

အေးအေးမြင့်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်