ကြက်/ငါး တွဲဖက်မွေးမြူရေး စနစ်ကို ချက်ချင်းတားဆီးပါက အလုပ်သမားများ၏ စားဝတ်နေရေးနှင့် လုပ်ငန်းရင်းနှီးမြှုပ်နှံမှုများ ထိခိုက်နိုင်ဟုဆို

09/12/2019 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကြက်နှင့် ငါးမွေးမြူသည့်စနစ်ကို ချက်ချင်းရပ်စဲ ပိတ်ပင်တားမြစ်မည်ဆိုပါက ယင်းလုပ်ငန်းအပေါ်  မှီခိုလုပ်ကိုင်နေသည့် အလုပ်သမားများ၏ စားဝတ်နေရေးကို ထိခိုက်သွားမည့်အပြင် လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုအရင်းအနှီးများ ပျက်စီးဆုံးရှုံးနိုင်ပါကြောင်း မြ န်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောသည်။ 

လက်ရှိ ကြက်/ ငါး တွဲဖက်မွေးမြူရေးစနစ်ဖြင့် မွေးမြူလျက်ရှိသည့် မွေးမြူသူလုပ်ငန်းရှင်ဦးရေ (၂၁၁) ဦး၊ လုပ်ငန်းရှင်၏လုပ်ငန်းတွင် လုပ်ကိုင်နေသောဝန်ထမ်းနှင့်အလုပ်သမား (၆၃၃၀) ဦး၊ အဆိုပါဝန်ထမ်း/ အလုပ်သမားများအား မှီခိုနေသော မိသားစု (၃၁၆၅ ၀)ဦး ခန့်မှန်းခြေ (၃၇၉၈၀) ဦးတို့၏ စားဝတ်နေရေးကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။ 

"တကယ်လို့ ကြက်/ငါးမွေးမြူတဲ့စနစ်ကို ချက်ချင်းရပ်စဲပိတ်ပင်တားမြစ်မယ်ဆိုပါက အထက်မှာဖော်ပြတဲ့ လူ (၃၇၉၈၀) ဦးတို့ရဲ့ စားဝတ်နေရေးကို ထိခိုက်သွားမယ်။ ဒါ့အပြင် လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးတွေလည်း ပျက်စီးဆုံးရှုံးနိုင်တယ်။ နောက်ပြီးတော့ ကြက်မွေးမြူရေးအတွက် မြေနေရာအခက်အခဲဖြစ်လာမည်ဖြစ်ပြီး အခုထက် မွေးမြူတဲ့အကောင်ရေ လျော့ပါးသွားနိုင်တယ်။ စားနပ်ရိက္ခာဖူလုံရေးကိုလည်း ထိခိုက်နိုင်ပါတယ်။" ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောသည်။ 

ထို့ကြောင့် ကြက်/ငါး တွဲဖက်မွေးမြူရေးစနစ်ကြောင့် စားသုံးသူထိခိုက်နိုင်ခြင်း ရှိ/မရှိ စနစ်တကျ လေ့လာဆန်းစစ်ပေးခြင်း၊ ငါးမွေးမြူရေးကို အစာကျွေး၍ သီးခြားရပ်တည်လာနိုင်အောင် ငါးမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပေးခြင်း၊ မွေးမြူရေးစနစ်များ ပြောင်းလဲပေးခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် တဖြည်းဖြည်း စနစ်ပြောင်းလဲပေးရန်လိုအပ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၈ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၃၁ ကြိမ်မြောက်)၌ ယင်းကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။ 

ကြက်နှင့် ငါးတွဲဖက်မွေးမြူရေးစနစ်တွင် မွေးမြူထားသော ကြက်ကောင်ရေ စုစုပေါင်း အသားစားကြက် (၁၃၅၀၀၀၀)၊ ဥစားကြက် (၂၉၀၁၉၀၀)၊ Semi Broiler (၁၄၆၅၅၀၀) ခန့် မွေးမြူထားပြီး စားသုံးသူများ၏ အသား/ဥ လိုအပ်ချက်ကို သင့်တင့်သောဈေးနှုန်းဖြင့် စားသုံးနိုင်ရန် ထုတ်လုပ်လျက်ရှိပြီး နိုင်ငံတော်၏ အသားကဏ္ဍကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

အေးအေးမြင့်(ABM)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်