ဆိတ်ကလေးမွေးရခက်နေရင် ကူညီပေးဖို့လိုတဲ့နည်းလမ်းများ

25/02/2022 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဆိတ်ကလေး စမွေးတာနဲ့ တစ်နာရီအတွင်း မွေးပြီးသင့်ပါတယ်။ မမွေးနိုင်ဘူးဆိုရင် ဆပ်ပြာ၊ ရေတို့နဲ့ ဆိတ်မကြီးကို ဆေးပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် လက်ဆေးပြီးတော့ ဆိတ်ကလေးကို ရွှေ့ပေးရပါမယ်။

 

အကူအညီပေးရမယ့် အထွေထွေလုပ်ဆောင်ချက်များ

 

၁. ဆိတ်ငယ်ကိုယ်ထဲကို သွေးတွေအားလုံးစီးဝင်စေဖို့ ချက်ကြိုးကို သဘာဝအတိုင်းပြတ်အောင် ထားရပါမယ်။ ရေမွှာမပေါက်ပါက ဖောက်ပေးနိုင်ပါတယ်။ ဆိတ်ငယ်ကိုယ်ထဲကို ချက်ကြိုးကတစ်ဆင့် ရောဂါမဝင်စေရန် ၇% အိုင်အိုဒင်းဖျော်ရည်နဲ့ ချက်ကြိုးကို နှစ်ပေးရပါမယ်။

 

၂. အိုင်အိုဒင်းပါတဲ့ ခွက်အသေးနဲ့လည်း ချက်ကို အုပ်ပေးထားရပါမယ်။ ပြီးရင် နှာခေါင်း၊ လည်ချောင်းနဲ့ ပါးစပ်တို့က အချွဲတွေကို သန့်ရှင်းပေးရပါမယ်။

 

၃. အကယ်၍ ဆိတ်ကလေး အသက်မပါတဲ့ ပုံပေါ်နေပါက ခြေထောက်နှစ်ချောင်းကို ကိုင်ပြီးရမ်းပေး ရပါမယ်။ နှလုံးရှိတဲ့နေရာကို လက်ချောင်းနဲ့ အသာရိုက်ပေးပြီး အပြင်ဘက်က လေသွင်း လေထုတ်နည်း နဲ့ ကြိုးစားကြည့်နိုင်ပါတယ်။

 

၄. နို့ဦးရေထဲမှာ ရောဂါကာကွယ်ဖို့ ပဋိပစ္စည်းတွေပါဝင်တဲ့အတွက် မွေးပြီး ၁၅ မိနစ်အတွင်း နို့ဦးရေကို တိုက်ကျွေးရပါမယ်။ ၄ နာရီခြားပြီး အနည်းဆုံး ၂၄ နာရီ နို့ဦးရည် တိုက်ကျွေးရန် လိုအပ်ပါတယ်။ နို့ဦးရည် မြန်မြန်တိုက်နိုင်လေ ပဋိပစ္စည်းများကို များများစုပ်နိုင်လေဖြစ်ပါတယ်။

 

၅. အဆစ်နဲ့ ဦးနှောက်ရောင်ရောဂါကို ကာကွယ်ရန် အပူပေးထားတဲ့ နို့ဦးရည်ကိုတိုက်ပေးရန် လိုအပ်ပြီးတော့ ခဲနေပါက ပဋိပစ္စည်းများဆုံးရှုံးမှုမရှိစေရန် ရေနွေးနဲ့ ဂရုတစိုက်အရည်ဖျော်ချ ရပါမယ်။ ရေအပူချိန် ၁၃၁ ဒီဂရီဖာရင်ဟိုက်ထက်မပိုသင့်ပါ။ အဆစ်နဲ့ ဦးနှောက်ရောင်ရောဂါကို ကာကွယ်ရန် အစီအစဉ်မရှိဘူးဆိုရင်တော့ ဆိတ်ငယ်အား နို့စို့ခွင့်ပြုပေးနိုင်ပါတယ်။

 

Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှထုတ်ဝေတဲ့ ခေတ်မီ မွေးမြူရေးနည်းပညာများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်