ဆိတ်မွေးမြူနည်းစနစ်အမျိုးမျိုးနှင့် အကောင်းအဆိုးများ

09/11/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မွေးမြူရေးလုပ်ငန်းတိုင်းတွင် မွေးမြူမည့်နေရာဒေသ၏ ရာသီ ဥတု အခြေအနေနှင့် မွေးမြူမည့် တိရစ္ဆာန် အမျိုးအစား၊ အစာရ ရှိနိုင်မှု အခြေအနေတို့ပေါ်မူတည်၍ သင့်လျော်သော မွေးမြူ နည်းစနစ်ဖြင့် မွေးမြူ ရန်လိုအပ်သည်။ ဆိတ်မွေးမြူရေးတွင် လည်း မွေးမြူမည့် ဒေသ၏ ရာသီဥတုအပေါ်မူတည်၍ အောက်ပါ စနစ် (၅) မျိုးဖြင့် မွေးမြူနိုင်သည်။

(က) ခြံလှောင်စနစ်

မိုးများလွန်းသော အရပ်ဒေသနှင့် ရာသီဥတုအလွန်အေးသော အရပ်ဒေသတို့တွင် အသုံးပြုလေ့ရှိသည်။ ဤစနစ်တွင် အဓိကအရေးကြီးသည့် အချက်များမှာ တိရစ္ဆာန်များကို အရွယ်အစားခွဲခြားမွေးမြူရေး၊ အစာရေစာလုံလောက်စွာ ကျွေးမွေးရေးနှင့် သင့်လျော်သော နေရာအကျယ်အဝန်းရှိရေးပင်ဖြစ်သည်။

(ခ) တစ်ဝက်လွှတ်ကျောင်းစနစ်

ဆိတ်မွှေးမြူရေးအတွက် အသင့်လျော်ဆုံးဖြစ်သည်။ လွှတ်ကျောင်းခြင်းဖြင့် ဆိတ်တင်းကုပ် သန့်ရှင်းမှု စနစ်တကျပြုလုပ်နိုင်ပြီး သင့်တင့်သည့် အစာသည်လည်း စားကျက်မှရရှိနိုင်သဖြင့် အစာနုအကုန်အကျ သက်သာသည်။ ဆိတ်များလွှတ်ကျောင်းခြင်းဖြင့် ကျန်းမာရေးနှင့်ပြည့်စုံစေသည်။ ဆိတ်တင်းကုပ်ကို ညဘက်အိပ်ရန်သာ အသုံးပြုလျှင် အကောင်းဆုံးဖြစ်သည်။

(ဂ) လွှတ်ကျောင်းစနစ်

လွှတ်ကျောင်းခြင်းဖြင့် လေကောင်းလေသန့်ရသည်။ ကျန်းမာရေးနှင့် ပြည့်စုံစေသည်။ သင့်တင့်သည့် အစာစားကျက်မှရနိုင်သည်။ သို့သော် လွှတ်ကျောင်းနိုင်သည့် ရာသီဥတုမျိုးဖြစ်ရန်လိုသည်။ မိုးမများရန် အလွန်အရေးကြီးသည်။ အေးသည့်အရပ်တွင် ဆိတ်ကိုလွှတ်ကျောင်းထားနိုင်သော်လည်း မိုးရေထဲတွင် လွှတ်ကျောင်းထား၍ မဖြစ်ပေ။ ထို့အတူပင် ညဘက်တွင် နွေးနွေးထွေးထွေး အိပ်စက်အနားယူရန် အတွက် မည်သည့်မွေးမြူရေးစနစ်တွင်ပင်ဖြစ်စေ ဆိတ်တင်းကုပ်လိုအပ်သည်။

(ဃ) ကြိုးချည်ခြင်း (သို့) အပြင်ထုတ်ချည် မွေးမြူခြင်းစနစ်

ဆိတ်တစ်ကောင် နှစ်ကောင်သာ မွေးမြူရာ၌ ဤစနစ်ကို ကျင့်သုံးနိုင်သည်။ တစ်နေ့တာ၌ ဆိတ်ကို အကြိမ်ပေါင်းများစွာ ပြောင်းရွှေ့ချည်နှောင်ရန် လိုသည့်အပြင် ရေသန့်များစွာ တိုက်ကျွေးရန် လိုအပ် ပါသည်။ မိုးရွာသော နေ့ရက်များ၌ အိမ်အောက်တွင်ထားရန် လိုသည်။ ဤစနစ်ဖြင့် မွေးမြူထားသော ဆိတ်များသည် မတော်တဆ ဒဏ်ရာရခြင်း (ဝါ) သေဆုံးခြင်း ပိုမိုဖြစ်တတ်သည်။ ချည်ထားသော ကြိုးကြောင့်လည်ပင်းညစ်၍ ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းများစွာကို နှစ်စဉ်ကြုံတွေ့ရသည်။

(င) ဆိတ်မွေးမြူရေးနှင့် SALT (ခေါ်) တောင်စောင်းစိုက်ပျိုးရေးပူတွဲခြင်း

ကွန်တိုလိုင်းဖြင့် မြေဩဇာပင်တန်းစိုက်ပျိုးပြီး ကြားကွက်များတွင် နှစ်တိုနှစ်ရှည်ပင်များကို ဆိတ်မွေးမြူ ရေးနှင့် ပူးတွဲခြင်းစနစ်ကို ချင်းပြည်နယ် တောင်တန်းဒေသများတွင် မွေးမြူနိုင်သည်။ တောင်ကုန်း၊ တောင်တန်းမြေ (၂) ဧကတွင် အကောင်အထည်ဖော်နိုင်ပါသည်။ ၎င်းမြေကို သီးနှံစိုက်ပျိုးရန် (၄၀%) ၊ ဆိတ်မွေးမြူရန် (၄၀%) နှင့် သစ်တောစိုက်ပျိုးရေးအတွက် (၂၀%) အသီးအသီးအသုံးချခြင်းဖြစ်သည်။

ဆိတ်ခြံကို ဥယျာဉ်ခြံ၏ အလယ်ဗဟိုတွင် ဆောက်လုပ်ပြီး အပေါ်ဆုံးအပိုင်းဖြစ်သော ခြံမြေ၏ထက်ဝက်အနက် လေးပုံ၊ သုံးပုံကို နှစ်ရှည်ပင်များဖြစ်သော ကော်ဖီ၊ ငရုတ်ကောင်း၊ လက်ဖက် စသည်တို့ကို စိုက်ပျိုးနိုင်ပါသည်။ ဥယျာဉ်ခြံမြေ၏ လေးပုံတစ်ပုံကို နှစ်တိုသီးနှံပင်များဖြစ်သော တောင်ယာစပါး၊ မြေပဲ၊ ပဲမျိုးစုံနှင့် ပြောင်းဖူးစသည့် သီးနှံများကို စိုက်ပျိုးပါသည်။ အခြားခြံမြေ၏ ထက်ဝက်ပိုင်းတွင် မွေးမြူထားသော ဆိတ်များအတွက် ဆိတ်စားမြက်ပင်နှင့် ဆိတ်စားအပင်မျိုးစုံကို စိုက်ပျိုးပါသည်။ ဆိတ်အတွက် အသင့်တော်ဆုံးအပင်မျိုးများမှာ ဘောစကိုင်းပင်၊ ဂလိုက်စီးရီးယားပင်၊ ရမ်ဆမ်ပင်၊ ပါရာမြက်နှင့် နေပီယာ မြက်မျိုးတို့ဖြစ်သည်။

FSWG မှထုတ်ဝေသော ကျေးလက်ဒေသ ဆိတ်မွေးမြူရေးစာအုပ်တွင် ပါဝင်သော ဆောင်းပါးကောင်းများထဲမှ တစ်ပုဒ်ကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်